နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

အီလွန်မက်စ်ရဲ့ SpaceX အကူအညီနဲ့ တောင်ကိုရီးယားလည်း ထောက်လှမ်းရေးဂြိုလ်တု လွှတ်တင်

တောင်ကိုရီးယားဟာ အီလွန်မက်စ်ရဲ့ SpaceX ဒုံးပျံကို အသုံးပြုပြီး သူတို့ရဲ့ ပထမဆုံးထောက်လှမ်းရေး ဂြိုလ်တုကို စနေနေ့ကလွှတ်တင်လိုက်ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ မြောက်ကိုရီးယားက ထောက်လှမ်းရေး ဂြိုလ်တုကို လွှတ်တင်ပြီး သီတင်းနှစ်ပတ်အကြာမှာ တောင်ကိုရီးယားကလည်း လွှတ်တင်နိုင်ခဲ့လို့ နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ အရှိန်မြင့်တက်လာဖွယ်ရှိနေပါတယ်။

KOREA လို့ အမည်ပေးထားတဲ့ တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုကို ကယ်လီဖိုးနီးယားအခြေစိုက် ဗန်ဒန်ဘတ် အာကာသစခန်းကနေ လွှတ်တင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီဂြိုလ်တုဟာ ကမ္ဘာပတ်လမ်းကြောင်းထဲ ဝင်ရောက်ပြီးနောက်မှာ မြေပြင်ထိန်းချုပ်မှုနဲ့ အဆက်အသွယ်ရခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။

ထောက်လှမ်းရေးဂြိုလ်တုကို အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့လို့ တောင်ကိုရီးယားဟာ အရင်က မဟာမိတ်အမေရိကန်အပေါ် မှီခိုခဲ့ရတဲ့ မြောက်ကိုရီးယားရဲ့ နူလက်နက်စောင့်ကြည့်ရေးလုပ်ငန်းစဉ်ကို ပိုမိုအာရုံစိုက် လုပ်ကိုင်နိုင်တော့မှာဖြစ်ပါတယ်။

ကမ္ဘာမြေပြင်နဲ့ ကီလိုမီတာ 400 ကနေ 600 ကြားမှာ လည်ပတ်နေမယ့် တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေး ဂြိုလ်တုဟာ မြေပြင်က 30 စင်တီမီတာလောက် သေးငယ်တဲ့အရာ၀တ္ထုကိုတောင် ထောက်လှမ်းနိုင်စွမ်းရှိ တယ်လို့ ယွန်ဟတ်သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုကို ပိုပြီးစောင့်ကြည့်နိုင်ဖို့အတွက် လာမယ့် 2025 ခုနှစ်မှာ နောက်ထပ် ဂြိုလ်တုတစ်ခု ထပ်မံလွှတ်တင်သွားဦးမယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းမှာ သူတို့ရဲ့ ဂြိုလ်တု မာလီယန် 1 ကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ခဲ့ပြီး အဲဒီဂြိုလ်တုဟာ ပဲ့ထိန်းဒုံးကျည်စနစ်ကို စမ်းသပ်ဖို့ ဖြစ်တယ်လို့ ဂျပန်၊တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 39 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က