နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော် အပါအဝင် မည်သည့်နေရာမှ လုံခြုံရာ မရှိဘူးဆိုတာ စစ်ကောင်စီ သိစေရမယ်ဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား

■ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း တိုက်ပွဲဖော်ဆောင်ရာတွင် PDF တပ်ဖွဲ့များ ဟန်ချက်ညီခဲ့ကြပြီး တိုက်စစ်ဆင်မှု အကြိမ်ပေါင်း (၇၀) အထိ ဖော်ဆောင်နိုင်ခဲ့

စစ်ကောင်စီ အနေနဲ့ နေပြည်တော်အပါအဝင် မည်သည့်နေရာမှာမှ လုံခြုံရာမရှိဘူးဆိုတာကို သိစေရမယ်ဟု အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ ဝန်ကြီးဦးရည်မွန်က မတ်လ ၁ရက် မှာ PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့် အစီအစဉ်မှာ အခုလို ပဲ ပြောကြားလိုက်တာဖြစ်ပါတယ်။

​​ဖေ​ဖော်ဝါရီလအတွင်း နေပြည်​တော်​ လေ​ကြောင်းရန် ကာကွယ်​ရေးတပ်ကို အ​ဝေး​ပစ်ဒုံးဖြင့် ပစ်ခတ်​နေမှု

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ သည် PDF ရဲဘော်များအတွက် ဂုဏ်ယူစရဦ လတလ ဖြစ်တယ်လို့ ဝန်ကြီးကပြောကြားပါတယ်။ ဖေဖေါ်ဝါရီလ ဟာ တိုက်ပွဲတွေကို ဖော်ဆောင်ရာမှာ ဟန်ချက်ညီခဲ့ကြပြီး တိုက်စစ်ဆင်မှု အကြိမ်ပေါင်း (၇၀) အထိ ဖော်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖော်ဆောင်ရာ ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့် နေပြည်တော်တို့ ဖြစ်သည်ဟုဆိုသည်။

စစ်​ကောင်စီစခန်း၊ စစ်​ကြောင်းများကို တိုက်ခိုက်ပြီး​နောက် လက်နက်ခဲယမ်း ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းပြီး​နောက်​ တွေ့ရစဥ်။

ထိုသို့ ဆောင်ရွက်နိုင်ခြင်းက PDF တပ်မတော်၏ စစ်ရေးစွမ်းရည် နောက်တစ်ဆင့် တိုးတက်လာမှုကို ဖော်ပြသည့် ပြယုဂ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယခုကဲ့သို့ ဟန်ချက်ညီ ဗျုဟာမြောက်စစ်ဆင်မှုကို ရှေ့တွင် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

စစ်​ကောင်စီစခန်း၊ စစ်​ကြောင်းများကို တိုက်ခိုက်ပြီး​နောက် လက်နက်ခဲယမ်း ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းပြီး​နောက်​ တွေ့ရစဥ်။

တိုက်ပွဲဝင်နိုင်စွမ်း အားနည်းနေသေးသည့်ဒေသများက ရဲဘော်များအနေဖြင့်လည်း အင်အားတည်ဆောက်မှုကို တိုးချဲ့လုပ်ဆောင်နေကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်တဲ့ထောက်ပံ့မှု၊တပ်ဆင်မှုများကိုဆက်တိုက်ဆောင်ရွက်နေကြောင်း အသိပေးသည်။

စစ်​ကောင်စီစခန်း၊ စစ်​ကြောင်းများကို တိုက်ခိုက်ပြီး​နောက် လက်နက်ခဲယမ်း ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းပြီး​နောက်​ တွေ့ရစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို