နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်လုံးကြီးတပ်မဟာ (၂)နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် ရှင်းလင်းနိုင်ခဲ့

စစ်ကိုင်းတိုင်း ကနီမြို့နယ်အ‌ခြေစိုက် KLG PDF ကျောက်လုံးကြီးတပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းသည့် (၂)နှစ်အတွင်း မဟာမိတ်များနှင့်အတူ ဖော်‌ဆောင်ခဲ့တဲ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် ရှင်းလင်းနိုင်ခဲ့ကြောင်း KLG PDF က အသိပေး ထုတ်ပြန်ထားပါတယ်။

KLG PDF ကျောက်လုံးကြီးတပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကို ကနီမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ရာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။

Era’sEyes | Photo – KLG PDF ((၂)နှစ်ပြည့်အခမ်းအနားတွင် ကျဆုံးခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများနှင့် CDM ၀န်ထမ်းများအား ထောက်ပံ့ငွေပေးအပ်နေစဥ်။ )

KLG PDF ကျောက်လုံးကြီးတပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ဧပြီ ၂ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယခု ဧပြီ ၂ရက်တွင် ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

(၂)နှစ်တာကာလအတွင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်များနှင့်အတူတိုက်ပွဲဝင်ခဲ့ရာ စစ်ကောင်စီအရာရှိအချို့အပါအဝင် ၃၀၀ကျော် ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ KLG PDF က ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲများအတွင်း KLG PDF ရဲဘော် ၂၀ကျဆုံးခဲ့ရကြောင်းကိုလည်း အသိပေးထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM ကျန်းမာရေးဝန်ထမ်းတွေ ခန့်တယ်ဆိုပြီး ပုဂ္ဂလိကဆေးရုံ (၉)ခုကို စစ်ကောင်စီအရေးယူ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဂရန်းဟံသာနဲ့ ဆာကူရာအပါအဝင် ပုဂ္ဂလိကဆေးရုံ (၉)ခုကို စစ်ကောင်စီက အရေးယူပိတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ စစ်ကောင်စီက
မြန်မာသတင်း

ပဲခူးတိုင်းရှိ စိုးမိုးနယ်မြေတွေက ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို NUG သွားရောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ပဲခူးတိုင်းရှိ စိုးမိုးနယ်မြေတွေက ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေက သွားရောက်လေ့လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တနှစ်ထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်မပြည့်သေးသူ (၂၅၀)ဦးအထိ သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်မပြည့်သေးသူ (၂၅၀)ဦးအထိ သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူတွေဟာ (၉)လအရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် (၁၈)နှစ်အောက်ကလေးငယ် အမျိုးသမီး (၉၉)ဦးနဲ့ အမျိုးသား
မြန်မာသတင်း

ကလေးမြို့တောင်ပိုင်း စစ်ကောင်စီရဲ့ ကမ်းပါးနီစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ ကမ်းပါးနီတံတားအနီးက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းတွေထံက သိရပါတယ်။ “ ကမ်းပါးနီတံတားနားက စကစတပ်စခန်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက (၁၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တာ မနေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စကစဘက်က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံမှ ထောင်နဲ့ချီရှိသည့်ကောလ်စင်တာ၏ သားကောင်ဖြစ်သူများကို ပြန်လွှတ် ပေးတော့မည်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 2 Views
ကြာသပတေးနေ့၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ နယ်ခြားစောင့်တပ် BGF သည် လိမ်လည်သူများကို နှိမ်နင်းရန်နှင့် တရားစွဲဆိုရန်အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု တာဝန်ရှိသူများက ပြောသည်။ ထိုင်းနှင့် မြန်မာ အစိုးရတို့သည် နယ်စပ်မြို့များတွင်
မြန်မာသတင်း

DKBA က တရုတ်လူဆိုးဂိုဏ်းတွေကို ထွက်ခွာဖို့ နောက်ဆုံးရက်သတ်မှတ်ပေးခဲ့ ။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 4 Views
DKBA သည် လိမ်လည်လှည့်စားသည့်စင်တာများနှင့် အခြား တရား မဝင် စီးပွားရေး လုပ်ငန်းများကို တရားမဝင်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများအား ယခုလကုန်တွင် နယ်မြေအားလုံးရှိ ၎င်းတို့၏ထိန်းချုပ်မှုအောက်မှ ထွက်ခွာရန် ရာဇသံ ထုတ်ပြန် ထားသည်။ တစ်ချိန်တည်းတွင် ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံမှ
မြန်မာသတင်း

NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ ပဲခူးတိုင်းရှိ PDF တပ်ရင်းတွေနဲ့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ NUG ဝန်ကြီးချုပ်ရုံးက တာဝန်ရှိသူတွေဟာ ပဲခူးတိုင်းထဲရှိ PDF တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးစဉ်ထဲ NUG ရဲ့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊
မြန်မာသတင်း

သထုံခရိုင်ထဲ စစ်ကောင်စီ လိုက်လံဗုံးကြဲတာကြောင့် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဒီကနေ့ နံနက်ပိုင်း (၁၀)နာရီ (၂၀)မိနစ်အချိန်ကစပြီး သထုံခရိုင် ကျိုက်ထိုမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လိုက်လံဗုံးကြဲတိုက်ခိုက်နေတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ သထုံခရိုင်၊ ကျိုက်ထိုမြို့၊ ပျဉ်းကတိုးကုန်းကျေးနယ်ရှိ ပိန္နဲကုန်းကျေးရွာ