နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

အားကစား

အားကစား

နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် ကစားသမားတွေရဲ့ ခြေစွမ်းအပေါ် တန်ဟတ် စစ်ဆေးမေးမြန်းခဲ့

နယူးကာဆယ်အသင်းကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲက မန်ယူအသင်းရဲ့ခြေစွမ်းဟာ လုံး၀လက်ခံနိုင်စရာမရှိတဲ့ ခြေစွမ်မျိုးဖြစ်တယ်လို့ နည်းပြတန်ဟတ်က ဝေဖန်ပြစ်တင်ခဲ့ပြီး အဝတ်လဲခန်းအတွင်း ကစားသမားတစ်ဦးချင်းစီကို ခြေစွမ်းနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ နယူးကာဆယ်အသင်းကို ဂျိုးဝီလော့၊ ကယ်လန်ဝီလ်ဆင်တို့ရဲ့သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ ၂ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲဒီအရှုံးကြောင့် မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာအဆင့် ၃ နေရာကနေ အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ရပါတယ်။ နယူးကာဆယ်အသင်းက ပွဲချိန်တစ်လျှောက်လုံး ဂိုးပေါက်ကန်ချက် ၂၂ ကြိမ်အထိရှိခဲ့ပေမယ့် မန်ယူအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာပါ။

ဒါကြောင့် မန်ယူနည်းပြတန်ဟတ်က သူ့ကစားသမားတွေအနေနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှု၊ မာမာထန် ထန်နဲ့ စိတ်ဆန္ဒပြင်းပြင်းပြပြနဲ့ ကစားနိုင်ခြင်းမရှိခဲ့လို့ အသင်းအပေါ်ဝေဖန်မှုတွေကို လက်ခံကြောင်း ထုတ်ဖော်ပြောသွားခဲ့ပြီး နယူးကာဆယ်အသင်းက အနိုင်ရသွားတာဟာ ကစားပုံကောင်းလို့မဟုတ်ဘဲ စိတ်ဓါတ်ကောင်းလို့သာဖြစ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး တန်ဟတ်က “ ပွဲအပြီးတော့ အဝတ်လဲခန်းထဲမှာ သူတို့ တစ်ဦးချင်းစီကို ကျတော်စကားပြောပြီး ခြေစွမ်းမပြနိုင်တဲ့အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။ နိုင်ငံတကာပွဲတွေအပြီး ကျတော်တို့ခြေစွမ်းကျသွားတာကို လက်ခံနိုင်စရာမရှိပါဘူး”လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားအဆင့် ၄ နေရာရပ်တည်နေဆဲဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေလည်း ဆက်လက်ယှဉ်ပြိုင်နေရဆဲဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အားကစား

ကာလို့စ် အယ်လ်ကာရက်ဇ် သည် ဂျင်းနစ်ခ် စင်းနာ (Jannik Sinner) ကို လေးပွဲကစားပြီး အနိုင်ယူကာ US Open ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူး သွားခဲ့ပါသည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 369 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇) ရက် ကာလို့စ် အယ်လ်ကာရက်ဇ်ဟာ US Open ချန်ပီယံဆုကို နှစ်ကြိမ်၊ ဂရမ်စလင်းချန်ပီယံဆုကို
အားကစား

မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 694 Views
မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့ မြန်မာနိုင်ငံမှာ ကျောင်းပညာသင်ကြားရေးမှာစစ်အစိုးရအဆက်ဆက် ကျောင်းသားတွေကို စာသင်ကြားရေးကိုသာ ဇောင်းပေးလုပ်ခဲ့ပြီး အားကစားပညာကို အလေးမပေးခဲ့တာကြောင့် မြန်မာကလေးတွေ ထူးချွန်တဲ့အားကစားသမားတွေ ကမ္ဘာကျော်
Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 984 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။ အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့လအတွင်းက ကျင်းပခဲ့တဲ့ ဘရာဇီးဥက္ကဌသစ်ရွေးကောက်ပွဲမှာ မသမာမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရာထူးက
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 1.01K Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ တိုက်ဆန်ဖြူရီ (Tyson Fury) နဲ့ ဒီနေ့ အောက်တိုဘာလ (၂၈) ရက်
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 1.04K Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 1K Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 1.10K Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 981 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်