နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငါန်းဇွန်က ပျူစောထီး ၃ ဦးကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအမျိုးသား ၃ ဦးကို စက်တင်ဘာလ (၂) ရက်နေ့ ည ၇ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အသတ်ခံရသူ ၃ ဦးမှာ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုမိုးမိုး၊ ကိုရွှေညောင်နဲ့ အမည်မသိရသေးတဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ အရက်ဆိုင်မှာ ဝိုင်းဖွဲ့သောက်နေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဒီရှင်းလင်းမှုကို ငါန်းဇွန်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့နဲ့ TGYR-Youth Guerrilla Counter Revolution-NZအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ပစ်ဗုံးသီး ၁ လုံး၊ ဓားမ ၁ ချောင်းနဲ့ လေးဂွ ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှာလည်း ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောကျေးရွာက ပျူစောထီးခေါင်းဆောင် ကိုငမိုးနဲ့ အဖွဲ့ဝင် ကိုလှဟန်၊ ကိုနွဲ့ဆိုး၊ ကိုအံ့ကျော်၊ ကိုလှဆန်းတို့ ရွာထဲအစည်းအဝေးလုပ်နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ရှင်းလင်း ခဲ့ရာ ၅ ဦးစလုံး သေဆုံးခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းကိုရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ AA ပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 4 Views
ဇူလိုင်လ (၁၂)ရက်။ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ(၅) မြို့သူကြီးစခန်းကို သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရေဖြူမြို့အနီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေလိုက်ပါလာတဲ့ ကားတစ်စီး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 3 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က နေ့လယ် (၃)နာရီခန့်မှာ ရေဖြူမြို့အနီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေ လိုက်ပါလာတဲ့ ဟိုက်ဂျက်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

(၆)ရက်မြောက်နေ့ ရန်ကုန်မှာ ၀မ်းရောဂါလူနာသစ် (၈၀)ကျော်ထပ်မံတွေ့ရှိခဲ့၊ ၀မ်းရောဂါဖြစ်ပွားသူ (၄၀၀)ကျော်လာခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 5 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားတဲ့လူနာသစ် (၈၄)ဦးရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ၀မ်းရောဂါလူနာသစ် (၈၄)ဦးထဲမှာ ပြင်းထန်၀မ်းရောဂါလူနာ (၁၁)ဦးရှိခဲ့တာကြောင့် (၆)ရက်ထဲ ရန်ကုန်မှာ ပြင်းထန်၀မ်းရောဂါလူနာ (၅၀)ကျော်ထိရှိပြီလို့ ဆိုပါတယ်။ အခုအခါ
မြန်မာသတင်း

မတ္တရာမြို့က စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 4 Views
ဇူလိုင်လ (၁၂)ရက်။ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ မြောက်တံငါတပ်စခန်းကနေ လက်နက်ခဲအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မတ္တရာမြို့ Alpha ဘိလပ်မြေစက်ရုံက
မြန်မာသတင်း

ကချင်ပြည်နယ်ရှိ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် ငွေကျပ်သိန်း (၂၀၀)ကျော် ကူညီထောက်ပံ့ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 5 Views
ဇူလိုင်လ (၁၂)ရက်။ ကချင်ပြည်နယ်ရှိ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် ငွေကျပ်(၂၀၅၀၀၀၀၀)ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၃၀)ရက်နေ့ကစပြီး ဇူလိုင်လထဲ ရေကြီးရေလျှံတာဖြစ်ပွားတဲ့ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဆော့လော်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်နဲ့
မြန်မာသတင်း

ပုလဲနယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် မစည်းလုံးကြတာလဲ

  • 2024 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 8 Views
+++++++++++++++++++++++++++++++++++++++++ ပုလဲနယ်မှာ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် မစည်းလုံးကြတာလဲ ဆိုတဲ့မေးခွန်းကို ပုလဲနယ်က တော်လှန်ရေးခေါင်းဆောင်ယောက်ဖြစ်တဲ့ သခင်ဒေါင်းညိုက သူ့အမြင်ကို ပြောကြားထားပြီး ပုလဲနယ်မှာ NUG ရဲ့ ပသုံးလုံး အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ ဘယ်လောက်အလုပ်ဖြစ်နေတယ်ဆိုတာကို ဖြေကြားထားတာကို
1027 Operations မြန်မာသတင်း

စစ်ကောင်စီ လက်အောက်ရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဝင်ရောက်နေရာယူထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 7 Views
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၁၁) ရက်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့ကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ဒီနဲ့ ဇူလိုင်လ (၁၁) ရက်နေ့မှာ တပ်အင်အား အလုံးအရင်းနဲ့
မြန်မာသတင်း

YDF ရဲဘော် (၂) ဦးကို CNF/CNA က ဖမ်းဆီးထားမှုကြောင့် ချင်းဘက် တက်မည့် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများကို YDF ပိတ်ထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 9 Views
ဇူလိုင် (၁၁) ရက်။ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA က YDF ရဲဘော် (၂) ဦးကို အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခဲ့တာကြောင့် ချင်းဘက်တက်မယ့် ကုန်တင်ကားတွေကို ယောကာကွယ်ရေးတပ် – YDF က ခေတ္တပိတ်လိုက်တယ်လို့