နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

Burma

Burma Civil War

စစ်ကိုင်းမှာ စစ်ကောင်စီစခန်း (၁၈) ခုအထိ တိုက်ခိုက်သိမ်းပိုက်ခံထားရ

၂၀၂၃ ခုနှစ်၊ နိုဝင်င်ဘာလ (၄) ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီရဲ့ စခန်း စုစုပေါင်း (၁၈) ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို ကချင်လွတ်လပ်ရေးတပ် (KIA) ဦးဆောင်ကာ ရက္ခိုင့်တပ်(AA)နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ စစ်ကောင်စီစခန်းတွေဟာ ကလေးမြို့မှာ တပ်စခန်း (၆)ခု၊ ရဲစခန်း (၄)ခုနဲ့ တမူးမြို့မှာ တပ်စခန်းနဲ့ ရဲစခန်း (၄)ခုတို့ဖြစ်တယ်လို့ ၀န်ကြီး ဒေါက်တာတူးခေါင်က ဆိုပါတယ်။

ဒါ့ပြင် အရာတော်နဲ့ ကန့်ဘလူတို့က ရဲစခန်းတွေအပြင် ကောလင်းမြို့မရဲစခန်းနဲ့ ရန်ကြီးအောင်တပ်စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထပ်မံပြောဆိုထားပါတယ်။

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ခြေရှုပ်နေတာကြောင့် မုံရွာ-မန္တလေး လမ်းပိုင်းနဲ့ မုံရွာ-ချောင်းဦး လမ်းပိုင်းကို ဒီကနေ့ကစပြီး ဖြတ်သန်းသွားလာတာမပြုလုပ်ဖို့ မုံရွာခရိုင်-PDF ရဲ့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ ပူးပေါင်းတပ်တွေကလည်း (၈)ရက်မြောက်နေ့အထိ စစ်ကောင်စီစခန်း (၁၀၀) ကျော် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Civil War ကရင်ပြည်နယ်

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေကို ဖျက်ဆီးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 560 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်။ မုန်းမြို့နယ်၊ နတ်သံကွင်းမြို့ကို ပဲနွယ်ကုန်းမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကား(၂)စီးနဲ့ သံချပ်ကာကား(၁)စီးကို
Burma Civil War စစ်ရေးသတင်း

ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ခြေရင်းစခန်းတစ်ခုကို KNLA, BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 664 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ဒီနေ့
1027 Operations Civil War စစ်ရေးသတင်း

(၅) ရက်အတွင်း ထီးချိုင့်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၀၀)ကျော်အထိသေဆုံးခဲ့တယ်လို့ ထီးချိုင့် PDF ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 470 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅)ရက်အတွင်း အပြစ်မဲ့ပြည်သူ (၁၀၀) ကျော်အထိ သေဆုံးခဲ့တယ်လို့ ထီးချိုင့်-PDF ရဲ့ မနေ့က မြို့ပေါ်သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “
Civil War စစ်ရေးသတင်း

ယောကာကွယ်ရေးတပ် အပတ်စဉ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 581 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။ မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် -YDF က ပြုလုပ်သည့် အပတ်စဥ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။
1027 Operations Burma မြန်မာ့နိုင်ငံရေး

စစ်ရှိန်မြှင့်တင်နေတဲ့ကာလ ချင်းပြည်နယ်မှာ အကူအညီပေးနိုင်ရေး ICNCC နဲ့ အစည်းအဝေးပြုလုပ်ခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 556 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ မြန်မာနိုင်ငံအနှံ့ စစ်ရှိန်မြှင့်တင်နေတဲ့ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျှော့ချရေးနဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ဖို့ ICNCC နဲ့ NUG ဝန်ကြီးဌာနတို့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရှိန်မြှင့်တင်နေတဲ့ကာလ
1027 Operations Burma Civil War

ညီနောင် (၃) ဖွဲ့ရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 554 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ တရားဝင်သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ညီနောင် (၃) ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုသည်မှာ သတင်းအမှားသာဖြစ်တယ်လို့ ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေး သတင်းထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 652 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုတာ သတင်းအမှားသာ ဖြစ်တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ထီးချိုင့်မြို့ပေါ်အား တိုက်လေယာဉ်နဲ့
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ ပစ်ခတ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 758 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ နိုဝင်ဘာလ (၉)ရက် ညပိုင်းနဲ့ ဒီကနေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။