နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးနယ် အလယ်ရှိုရွာ ဒေသခံပြည်သူ ရှစ်ဦးကို စစ်အုပ်စု သတ်ဖြတ်၊ ဒေသခံ နေအိမ် (၁၀၀) ခန့် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို – မြစ်ကြီးနားလမ်းဘေးရှိ အလယ်ရှိုကျေးရွာမှ ဒေသခံပြည်သူရှစ်ဦး ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ပြီး ဒေသခံများ၏နေအိမ် ၁၀၀ခန့် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Photo-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။
အလယ်ရှိုကျေးရွာ၌ စစ်ကောင်စီတ​ပ် သတ်ဖြတ်မီးရှို့သွားမှုများအား တွေ့ရစဥ်။


ကန့်ဘလူနယ် ဇီးကုန်းသကြားစက်မှ စစ်ကောင်စီတပ်များ၊ ရွာခံပျူစောထီးများ စုစုပေါင်း အင်အား (၁၀၀) ကျော်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၈) ရက် နံနက် ၅ နာရီခွဲခန့်မှ ဇန်နဝါရီလ (၂) ရက်အထိ (၆) ရက်တိုင် ခင်ဦးမြို့နယ် အလယ်ရှိုကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့ကြသည်။

Photo-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။
အလယ်ရှိုကျေးရွာ၌ စစ်ကောင်စီတ​ပ် သတ်ဖြတ်မီးရှို့သွားမှုများအား တွေ့ရစဥ်။

ထို့နောက် အလယ်ရှိုကျေးရွာရှိ ဒေသခံပြည်သူအမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦးအား သတ်ဖြတ်ခဲ့ကြသည်။ ယင်းနောက် အိမ်ခြေ (၁၀၀) ခန့်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ကျေးရွာရှိ ဆိုင်ကယ်များ၊ တိရစ္ဆာန်အကောင်ရေ (၃၀) ကျော်နှင့် အိမ်ထောင်ပရိဘောဂများအား မီးရှို့ဖျက်ဆီးသွားကြသည်။

Photo-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။
အလယ်ရှိုကျေးရွာ၌ စစ်ကောင်စီတ​ပ် သတ်ဖြတ်မီးရှို့သွားမှုများအား တွေ့ရစဥ်။

ကျေးရွာစာသင်ကျောင်းအတွင်း၌လည်း ကတုတ်ကျင်းများ၊ ဘန်ကာများ တည်ဆောက်ထားခဲ့ကြောင်း ၎င်းအဖွဲ့က ပြော သည်။ စစ်ကောင်စီတပ်နှင့် ပျူများ ကျေးရွာမှထွက်သွားခဲ့သော်လည်း ဒေသခံပြည်သူ ၄,၀၀၀ ကျော်မှာ စစ်အုပ်စု ပြန်ဝင်လာမည် စိုးရိမ်၍ ကျေးရွာအတွင်း ပြန်မဝင်ရဲသေးကြောင်း ဒေသခံများက ပြောသည်။

Photo-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။
အလယ်ရှိုကျေးရွာ၌ စစ်ကောင်စီတ​ပ် သတ်ဖြတ်မီးရှို့သွားမှုများအား တွေ့ရစဥ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၅၉) ရွာက နေအိမ်ပေါင်း (၂,၅၀၀) ကျော် မီးရှို့ဖျက်ဆီးထားပြီး ပြည်သူ့ရဲဘော်နှင့် ပြည်သူ စုစုပေါင်း (၂၅၀) အား အကြမ်းဖက် သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Photo-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။
အလယ်ရှိုကျေးရွာ၌ စစ်ကောင်စီတ​ပ် သတ်ဖြတ်မီးရှို့သွားမှုများအား တွေ့ရစဥ်။


MoeZ/Era’sEyes
Ref:PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 20 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 17 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 60 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက်