နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အနောက်အုပ်စု၏ အဓိကလှုပ်ရှားမှုအဖြစ် ပြင်သစ်တိုက် ခိုက်၊ ရေးယာဉ်များကို ယူကရိန်းသို့ ပေးရန် သဘောတူ

ဓာတ်ပုံ။ ပြင်သစ်ထုတ် AMX-10 RC တင့်ကားများ။

ပြင်သစ်သမ္မတ မက်ခရွန်နှင့် ယူကရိန်းသမ္မတ ဇင်လန်စကီးတို့ နေ့လည်ပိုင်းတွင် ဖုန်းပြောဆိုမှုအပြီးတွင် ပြင်သစ်နိုင်ငံမှ ပြင်သစ်လုပ် AMX-10 RC အပေါ့စား တင့်ကားများကို အနောက်ဥရောပနိုင်ငံမှ ပထမဆုံး ယူကရိန်းသို့ စေလွှတ်မည် ဖြစ်ကြောင်း ဇန်နဝါရီ (၄) ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနသည် အနောက်နိုင်ငံလုပ် ဘီးတပ်တင့်ကားအမျိုးအစားကို ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်သမ္မတမှ ယူကရိန်းစစ်တပ်ကို ပေးအပ်မည်ဖြစ်သည်။ ယင်းကျည်ကာတိုက်ခိုက်ရေးယာဉ်များကို ပေးအပ်နိုင်ရေး စီစဉ်ရန် မကြာမီတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဆွေးနွေးမှုများတွင် ယူကရိန်းစစ်သားများအား ပစ္စည်းပို့ဆောင်ရန် အချိန်ဇယားနှင့် ယူကရိန်း စစ်သားများအား လေ့ကျင့်ပေးမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပြင်သစ်ဘာသာဖြင့် “အပေါ့စား တင့်ကားများ” အဖြစ်သတ်မှတ်ထားသော AMX-10 RC တွင် ၁၀၅-မီလီမီတာ အမြောက်များနှင့် စက်သေနတ် နှစ်လက် ပါရှိသည်။ ၎င်းသည် ကင်းထောက်မစ်ရှင်များအတွက် အဓိက ဒီဇိုင်းထုတ်ထားပြီး ခြေလျင်တပ်ရင်းမှ အပေါ့စား လက်နက်များကို ကာကွယ်ရန် လုံလောက်သော ချပ်ဝတ်တန်ဆာ ပါရှိကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၎င်းတို့တွင် ဘီးများပါရှိပြီး လေးလံသောချိန်းသုံးတင့်ကားများထက် ပို၍ လျှင်မြန်စွာ ရွေ့လျားနိုင်သည်။ ယူကရိန်းသမ္မတဇင်လန်စကီးသည် ပြင်သစ်လက်နက်များကို ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် “တူညီသော ဦးတည်ချက်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်း” ဟု တွစ်တာတွင် ရေးသားခဲ့သည်။ ယူကရိန်းသည် U.S. Abrams နှင့် German Leopard 2 တင့်ကားများ အပါအဝင် လေးလံတောင့်တင်းသော ချိန်းသုံးတင့်ကားများ ထောက်ပံ့ပေးရန် လပေါင်းများစွာ ကြိုးပမ်းခဲ့သည်။

ချက်သမ္မတနိုင်ငံနှင့် ပိုလန်တို့သည် ဆိုဗီယက်ခေတ် T-72 တင့်ကားများကို ယူကရိန်းတပ်ဖွဲ့များသို့ ထောက်ပံ့ပေးခဲ့သည်။ ပြင်သစ်သမ္မတမက်ခရွန်နှင့် ယူကရိန်းသမ္မတ ဇင်လန်စကီးတို့ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် တစ်နာရီကြာ ဖုန်းပြောဆိုပြီးနောက် ပြင်သစ်၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်အစိုးရသည် သဘောတူညီချက်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

Source: အေပီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်