နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ရီပတ်ဘလီကန်များ အကွဲအပြဲဖြစ်နေ၍ အောက်လွှတ်တော် မစနိုင်

ကေဗင်မက်ကာသီ (Kevin McCarthy) သည် အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် အောက်လွှတ်တော် ရီပတ်ဘလီကန်များသည် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ ရွေးပေးရန်ကိစ္စမှာ လမ်းဆုံလမ်းခွတွင် ရှိနေခဲ့သည်။ Kevin McCarthy သည် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေခြင်းကို အဆုံးသတ်ရန် ကွန်ဆာဗေးတစ်များက သူ့အားမဲပေးရန် အတွက်လုံလောက်စွာ ဆွဲဆောင်နိုင်ရန် စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌနေရာရွေးချယ်မှုတွင် အနှစ် (၁၀၀) အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံရေး သမိုင်းတွင် မဖြစ်ဖူးသော အသစ်အဆန်းတစ်ခု ဖြစ်လာခဲ့သည်။ ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းသူသည် ပထမအကြိမ် မဲပေးပွဲတွင် အနိုင်ရခဲ့ခြင်း မရှိဘဲ ရီပတ်ဘလစ်ကန်ပါတီအတွင်း ခါးသီးသော အကွဲအပြဲများဖြင့် အကျပ်အတည်းကို နက်ရှိုင်းစေခဲ့သည်။

မက်ကာသီသည် ရီပတ်ဘလစ်ကန်များနှင့် ဒီမိုကရက်များ၏ ဖိအားများ ကြီးထွားလာနေသောကြောင့် သူ့အနေဖြင့် သူလိုအပ်နေသော ဆန္ဒမဲများကို ရယူရန် သို့မဟုတ် ရာထူးမှ နှုတ်ထွက်ရန် တခုခုဖြစ်မှသာ အောက်လွှတ်တော်ကို အပြည့်အဝ စတင်ဖွင့်နိုင်ပြီး အုပ်ချုပ်မှုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်သည်။

သူ့ကိုနှောင့်ယှက် ဆန့်ကျင် နေသော သူ့ပါတီ၏ လက်ယျာအင်အားစုများက သူ့ကို နုတ်ထွက်သွားသည့်အထိ မည်မျှကြာကြာ စောင့်ဆိုင်းနေပုံ ပေါ်ပါသည်။ “ သဘောတူညီချက် မရှိသေးပါဘူး” ဟု မက်ကာသီက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အောက်လွှတ်တော်ကို ရုတ်တရတ် မရွှေ့ဆိုင်းမီ ပြောကြားခဲ့သည်။ “ ဒါပေမယ့် အများကြီး တိုးတက်မှုရှိတယ်” ဟု ပြောကြားခဲ့သည်။

ကွန်ဂရက်လွှတ်တော်၏ ထက်ဝက်ရှိသော အောက်လွှတ်တော်သည် မက်ကာသီ၏ ရာထူးရရှိရေး ကြိုးစားမှု မအောင်မြင်သောကြောင့် ရပ်နားနေရသည်။ အောက်လွှတ်တော်ဥက္ကဋ္ဌ ရာထူးကိုရရှိဖို့ အနိုင်ရရန် မဲတစ်မဲပြီးတစ်မဲ ရှုံးနိမ့်သွားသောကြောင့် ရပ်တန့်နေရသည်။ မဲများသည် တူညီသောရလဒ်ကို ထုတ်ပေးခဲ့ပြီး၊ ကွန်ဆာဗေးတစ်လက်ကျန် (၂၀) သည် သူ့ကိုထောက်ခံရန် ငြင်းဆန်ဆဲဖြစ်ပြီး အနိုင်ရရန်အတွက် ပုံမှန်လိုအပ်သော (၂၁၈) မဲရဖို့ အလှမ်းဝေးနေဆဲဖြစ်သည်။

Source: AP
ဓာတ်ပုံ။ AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 32 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ
နိုင်ငံတကာသတင်း အမေရိကန်

လုံလောက်သော အကြောင်းပြချက်မရှိဘဲ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ထရန့် အစိုးရအား တရားသူကြီးက အမိန့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 22 Views
CNN -၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက် အမိမြေလုံခြုံရေးဌာနသည် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ဖြစ်နိုင်ဖွယ်အကြောင်းမရှိဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ဖက်ဒရယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှားက ယူကရိန်းကို ဒုတိယညက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကိယက်ဗ်မြို့ကို ပြင်းထန်သည့် တိုက်ခိုက်မှုတွေ ပြုလုပ်နေခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 23 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ရက် CNN- ကိ့ဗ် ယူကရိန်း။ ရုရှားနိုင်ငံသည် ယူကရိန်းနှင့် စစ်ပွဲအတွင်း သုံးနှစ်ကျော်ကြာ ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့် လာနေချိန်တွင် ယူကရိန်းနိုင်ငံမြို့တော် ကိ့ဗ် (Kyiv) ကို ကြာသပတေးနေ့ အစောပိုင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့် သည် ပူတင်အပေါ် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးနေပုံရသည်။ ဘာကြောင့်လဲ။

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 23 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၈ရက် လွန်ခဲ့သည့်ငါးလက သမ္မတ ဒေါ်နယ်ထရန့် သည် ယူကရိန်းကိုကျူးကျော်ခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းတွင် ငြိမ်းချမ်းရေးလိုချင်ကြောင်း အခိုင်အမာဆိုခဲ့ပြီးနောက် သူ့စကားကို ပြန်လည်ရုတ်သိမ်းခဲ့သည်။ “ သူ ငြိမ်းချမ်းရေးကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှုအသစ် ခံရသည့်နိုင်ငံများ၏ ထုတ်ဖော်ပြောဆိုချက်များ။

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 24 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ရက် လန်ဒန် CNN — အမေရိကန်၏ ကုန်သွယ်ဖက် ဒါဇင်ပေါင်းများစွာသည် အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ချမှတ်မည့် နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၁ ရက်မတိုင်မီညှိနှိုင်းရန် ကြိုးပမ်းနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန်

ယူကရိန်းကို လက်နက်အသစ်တွေ ပေးပို့မယ်လို့ ထရန့် က ပြောလိုက်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 21 Views
CNN —၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၇ ရက်၊ ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ အစိုးရက တင်ပို့မှုအချို့ကို ခေတ္တရပ်ထားပြီးနောက် ယူကရိန်းသို့ နောက်ထပ် ကာကွယ်ရေးလက်နက်များ ပေးပို့ရန် စီစဉ်ထားကြောင်း သမ္မတ ဒေါ်နယ်ထရန့် က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

BRICS အဖွဲ့၏ ‘အမေရိကန်ဆန့်ကျင်ရေး’ မူဝါဒများကို ထောက်ခံသည့် နိုင်ငံများအပေါ် အခွန်အသစ်များကောက်ခံမည်ဟု ထရန့် ခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 28 Views
(မှတ်ချက်- BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု ဆယ်နိုင်ငံတို့ ပါဝင်သည့် အစိုးရအချင်းချင်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။) CNN-
နိုင်ငံတကာသတင်း အမေရိကန်

ထရန့် နဲ့ ခွာပြဲသွားပြီးနောက် နိုင်ငံရေးပါတီသစ် ဖွဲ့တော့မည်ဟု အီလွန်မာ့စ်ခ် ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်
  • 26 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက် ကုဋေကြွယ်သူဌေး အီလွန်မာ့စ်ခ်သည် ဒေါ်နယ်ထရန့် နှင့် သိသိသာသာ ကွဲထွက် သွားပြီးနောက် တတိယနိုင်ငံရေးပါတီကို ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့ပြီး သမ္မတ၏ ပြည်တွင်းမူဝါဒဥပဒေမူကြမ်းသည် ဥပဒေဖြစ်လာပါက ထိုခြိမ်းခြောက်မှုများအပေါ်