နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထန်တလန်မြို့ကို စစ်ကောင်စီ ဒုတိယအကြိမ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ချင်းပြည်နယ် ၊ ထန်တလန်မြို့ကို စစ်ကောင်စီက လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA)ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည် ။ဇန်နဝါရီလ ၅ရက် နေလယ် ၃နာရီခန့်တွင် ထန်တလန်မြို့နှင့် ၁၀မိုင်အကွာရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိရာသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။


“ထန်တလန်မြို့ထဲ နှစ်ကြိမ်နဲ့ မြို့အပြင်ဘက်မှာ နှစ်ကြိမ်လာကြဲတယ် ၊ လူနေအိမ် တချို့မီးလောင်ပျက်စီးပြီး လူတွေအထိ အခိုက်မရှိပါဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမ သို့ပြောသည်။ ယင်းသို့တိုက်ခိုက်မှုကြောင်း လူနေအိမ်အချို့မီးလောင်ပျက်စီးသွားသော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိကြောင်း ဆိုသည်။


ဇန်နဝါရီလ ၁ရက်နေ့ကလည်း ထန်တလန်မြို့နှင့် အနီးကို စစ်ကောင်စီတပ် က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်းသိရသည်။ မြေပြင်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိခဲ့သော်လည်း CDF – Thantlang တပ်ဖွဲ့မှ လွန်ခဲ့သောရက်များအတွင်း စစ်ကောင်စီစခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်သည့်အတွက် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက သုံးသပ်ပြောဆိုသည်။


ထန်တလန်မြို့တွင် CNA , CDF – Thangtlang နှင့် ခလရ (၂၆၆) ၊ ခလရ(၂၂၂) တို့မှ အင်အား ၈၀ခန့်နှင့် ရဲအချို့ နေထိုင်လျက်ရှိပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား လျက်ရှိနေသည်။ စက်တင်ဘာ ၁၈ရက် ၂၀၂၁ ခုနှစ်တွင် ထန်တလန်မြို့၌ စတင်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပထမဆုံးအကြိမ် လူနေအိမ် ၁၉လုံး မီးလောင်ပျက်စီးခဲ့ရပြီး မီးငြိမ်းသတ်ရန်လာသည့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးအား ပစ်သတ်ခဲ့သည်။


ယင်းနောက် မြို့နေပြည်သူများ အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်းသိရှိရသည်။ ဇွန်လ ၂၀၂၂ ခုနှစ် တွင် ထန်တလန်မြို့အား စစ်ကောင်စီတပ်မှ ၃၅ကြိမ် မြောက်အဖြစ် မီးရှို့ခဲ့ပြီး လူနေအိမ် ၂,၀၀၀ ကျော်နှင့် လူဦးရေ ၁၀,၀၀၀ကျော်နေထိုင်သော မြို့တွင် အိမ် ၁,၃၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း ထန်တလန် ပြန်လည် နေရာချထားရေးကော်မတီက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 97 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို