နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကူလာတဲ့ စစ်ကောင်စီ မော်တော်ရေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ၂ဦးသေဆုံးခဲ့


ဆားလင်းကြီးမြို့နယ်ရှိ ကံကြီးကုန်းပျူရွာသို့ စစ်ကူလာတဲ့ စစ်ကောင်စီ မော်တော်ရေယာဉ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးခဲ့တယ်လို့ Dragon Brothers Task Force-DBTF ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ရှိ ရွှေကုန်းရွာအနီးမှာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေစဉ် ကံကြီးကုန်းပျူရွာသို့ စစ်ကူလာတဲ့ စစ်ကောင်စီ မော်တော်ရေယာဉ်အစုန်တစ်စီးကို နဂါးညီနောင်အထူးတပ်ဖွဲ့နဲ့ ဆားလင်းကြီး-GZ တပ်ဖွဲ့တို့က ဇူလိုင်လ ၅ရက်နေ့ နံနက် ၈နာရီအချိန်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၅ဦးအနက် ၂ဦးသေဆုံးကာ ၃ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကူများထပ်မံခေါ်ယူကာ နောက်ကြောင်းပြန်ခေါက်သွားခဲ့တယ်လို့ သိရပါတယ်။

ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ့ရဲဘော်များအနေနဲ့ ထိခိုက်ကျဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Dragon Brothers Task Force-DBTF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 17 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 17 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 14 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 16 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်သူအားလုံးရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်တာ၊ နေအိမ်အကျယ်ချုပ်ထားတာနဲ့ အသက်အန္တရာယ်ကိုပါ
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့