နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရက္ခိုင့်တပ်တော် AA ရဲ့ လုပ်ကြံမှုကို အာဏာပိုင်တွေကို တင်ပြပြီး ဆက်လက် ဆောင်ရွက်မည်ဟု ALP ဆို

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ရဲ့ ထိပ်ပိုင်း အရာရှိတွေ လုပ်ကြံခံရတာနဲ့ ပက်သက်ပြီးတော့ ရက္ခိုင့်တပ်တော် AA က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခဲ့တာလို့ ALP က ပြောဆိုလိုက်ပါတယ်။

“နံပါတ် ၁ က ကျွန်တော်တို့မှာ သက်သေ သာဓကတွေ ရထားပြီးသားရှိတယ် ဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တင်ပြပြီးတော့ ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါခင်ဗျ” ALP ရဲ့ အတွင်းရေးမှုးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန်က ပြောပြတာပါ။

အချက် အလက်တွေကတော့ ထုတ်ဖော်လို့ မရတဲ့အတွက် သက်ဆိုင်ရာကိုဘဲဲ တင်ပြတာတွေ လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ အခုနှစ်ရဲ့ ဇန်နဝါရီလ အစောပိုင်းတုန်းက ALP ရဲ့ စစ်ဦးစီးချုပ်် အပါအဝင် အရာရှိအဆင့် ၃ ဦး သတ်ဖြတ်လုပ်ကြံခံခဲ့ရပါတယ်။ ပြီးတော့ အခုလရဲ့ ၁ ရက်နေ့မှာလဲ ALP ရဲ့ ဒုဥက္ကဌ အပါဝင် တပ်ရင်းမှူး တစ်ဦးနဲ့ တပ်သား တစ်ဦး လုပ်ကြံခံခဲ့ရတာပါ။

“နောက်အများကြီး ကျွန်တော်တို့ ဒီထက်ပိုပြီး သတိထားရမှာပါ အဓိက ကိုယ်က ကိုယ့် လူမျိုးအချင်းချင်း တိုင်းရင်းသား အချင်းချင်း ဆိုတဲ့အမြင်မျိုး ထားပေမယ့် တစ်ဖက်က ကိုယ့်ကို ရန်သူလိုမျိုးမြင်တယ်ဆိုတဲ့ အမြင်ကို ကျွန်တော်တို့က ပိုပြီးတော့ သတိထားရတော့မှာပေါ့ ရန်သူကို ရန်သူလို မြင်တက်ဖို့ ဂရုစိုက်ရမှာပေါ့” လုပ်ကြံခံရမှူဖြစ်စဉ်တိုင်းဟာ စစ်တွေမြို့ပေါ်မှာပဲ ဖြစ်ပြီးတော့ အခုတစ်ခေါက်မှာဆိုရင်လည်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ဖြစ်စဉ် ၂ ခုလုံးဟာ ရက္ခိုင့်တပ်တော် AA ရဲ့ လုပ်ကြံမှုဖြစ်တယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ “အဓိက ကျွန်တော်တို့ ကြားထဲမှာ ကြီးကြီးမားမား ဖြစ်စရာလည်း ဘာမှမရှိဘူး သူတို့လည်း လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို လိုက်တယ် ကျွန်တော်တို့လည်း လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ဟိုအရင်ကတည်းက လိုက်ခဲ့ကြတယ် နောက်ပိုင်း ကျွန်တော်တို့က NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လမ်းစဉ်ပေါ်ကနေ ကျွန်တော်တို့က ထပ်သွားတယ် သူတို့ကတော့ လက်နက်ကိုင်တော်လှန်ရေးမှာပဲ ဆက်ကျန်ခဲ့တယ်ပေါ့ ပြဿနာ ဖြစ်စရာ အငြင်းပွားစရာလဲ မဟုတ်ဘူး ဘာမှလည်း ပြဿနာ လုပ်ရမယ့် ကိစ္စတွေလည်း မရှိဘူး အဲဒီလို တစ်ဖက်သက်ကြီးတွေပေါ့နော် ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ ပုံစံမျိုးနဲ့ အတွေးအခေါ်မျိုးကြီးရှိနေတာတော့ သိပ်အဆင်မပြေဘူးပေါ့” အရင်က ALP တပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော် AA ဘက်က ဖမ်းဆီးထိမ်းသိမ်းတာမျိုးတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုလို လုပ်ကြံမှုဖြစ်စဉ်တွေနဲ့ ပါက်သက်လို့ AA ဘက်ကတော့ သူတို့ အဖွဲ့အစည်းနဲ့ မသက်ဆိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီထုတ်ဖော်ပြောဆိုမှုအပေါ်ကိုတော့ “ဒါကတော့ သူတို့ရဲ့ ပြောပိုင်ခွင့်ဘဲ သူတို့ ပြောပိုင်ခွင့် ဘောင်ထဲက သူတို့ ပြောတာ ကျွန်တော်တို့ကလည် ကျွန်တော်တို့ ရရှိထားတဲ့ သက်သေတွေ အချက်အလတ်တွေနဲ့ ကျွန်တော်တို့က ဆက်လက် ဆောင်ရွက်မှာပဲ ရှိတယ်” မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 42 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 47 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ