ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်နဲ့တော်ဝိဘူတာကြား ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတစ်ေနရာနဲ့ တံတားမိုင်းခွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က မနက် ၃ နာရီခန့်မှာ ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာအကြား၊ ရန်ကုန်-မန္တလေး ရထားလမ်းမိုင်တိုင် (၉၉/၈-၇)အနီးက တံတားနဲ့ ရထားလမ်းမှာ မိုင်း ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဖောက်ခွဲခံရလို့ ရထားသံလမ်းအရှည် ပေ ၈၀ ခန့် ပြတ်တောက်သွားပြီး ကွန်ကရစ်ဇလီဖား ၁၀ တုံးကျော် ပျက်စီးသွားသလို ၁၀ ပေအရှည်ရှိ ကွန်ကရစ်တံတား ကြမ်းခင်းပျက်စီးမှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းခွဲခံရပြီးနောက် မနက် ၁၁ နာရီကျော်ခန့်မှာ စစ်ကောင်စီအဖွဲ့တွေနဲ့ ရထားဝန်ထမ်းတွေ လာရောက်စစ်ဆေးခဲ့ပြီး ပြင်ဆင်မှုလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ရထားလမ်းနဲ့တံတားမိုင်းခွဲတာကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။