နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချ။

လွန်ခဲ့တဲ့ မေလ (၂၃) ရက်နေ့က ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဘေးဒဏ် အခြေအနေတွေကို သွားရောက် မှတ်တမ်းတင်နေစဉ်မှာ စစ်တွေမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာလ (၆) ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချလိုက်တယ်လို့ သိရပါတယ်။


စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချာနယ်တွေမှာတော့ ကိုစိုင်းဇော်သိုက်ကိုပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ စွဲဆိုထားတဲ့ ပုဒ်မတွေထဲမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် / Photo – CRD

ကိုစိုင်းဇော်သိုက်ဟာ ဖမ်းဆီးခံရပြီးနောက် ရခိုင်ပြည်နယ် စစ်တွေနဲ့ ရန်ကုန်မြို့ စစ်ကြောရေးစခန်းများတွင် တစ်ပတ်ကျော်ကြာ စစ်ဆေးခံခဲ့ရတယ်လို့ မိခင်သတင်းဌာန Myanmar Now မှာ ဖော်ပြထားပါတယ်။ အဲ့ဒီနောက် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တောင်ဒဂုံမြို့နယ်တရားရုံးတွင် ရမန် (ချုပ်ရက်တောင်း) ယူပြီး ကိုစိုင်းဇော်သိုက်ကို ဇွန်လလယ်မှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။

ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဘယ်တရားခွင်မှာမှ စစ်ဆေးမှုမရှိ၊ ခုခံချေပခွင့်၊ ရှေ့နေလိုက်ခွင့်မပြုခဲ့ဘဲ အင်းစိန်ထောင်တွင်း ပထမဆုံးရုံးချိန်းဖြစ်တဲ့ဒီကနေ့ စက်တင်ဘာလ (၆) ရက်နေ့မှာ စစ်ခုံရုံးနဲ့ အမိန့်ချလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 23 Views
မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁၅)ရက်။ မနေ့က
မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 22 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်
မြန်မာသတင်း

နတ်မောက်မြို့မှာ စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ အကြီးတန်းစာရေးတဦးကို PDF ဖမ်းဆီးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 26 Views
နိုဝင်ဘာလ (၁၅)ရက်။ မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးတဦးကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၈)ရက်နေ့က နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးတဲ့အချိန် ဖမ်းမိတာ။ ဖမ်းမိထားတဲ့သူက
မြန်မာသတင်း

ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲဝင်ခွင့် အသနားခံစာအယူခံ ရွေး/ကော် ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 18 Views
နိုဝင်ဘာလ (၁၅)ရက်။ PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ထားတဲ့ အသနားခံစာအယူခံ ပယ်ချခံခဲ့ရတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောဟန်အေးရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့ အယူခံ ပယ်ချခံရပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စိတ်အားထက်သန်နေတဲ့
မြန်မာသတင်း

ရန်ကုန်မှာ နိုင်ငံရေးပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုပြီး လူငယ် (၄)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 23 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုကာ လူငယ် (၄)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖျက်ဆီးခံရတဲ့ နိုင်ငံရေးပါတီတွေဟာ သင်္ကန်းကျွန်းမြို့နယ်ထဲ စိုက်ထူထားတဲ့
မြန်မာသတင်း

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အကျဉ်းချုပ် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 36 Views
လက်ရှိ နိုဝင်ဘာလတွင် နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အဓိက အာရုံစိုက်နေရသော အခြေအနေများမှာ- ၁။ ရုရှား-ယူကရိန်း တင်းမာမှုများနှင့် စိုးရိမ်မှုများ အပူပေးစနစ်နှင့် စွမ်းအင် အန္တရာယ်။ ယူကရိန်းသည် အဆိုးရွားဆုံး ဆောင်းရာသီ ကို ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတကာ
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 44 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတက်တွေက တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ
မြန်မာသတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 40 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့မှာ တနင်္သာရီတိုင်းထဲရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာ KNLA၊ BPLA နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့