နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ပလက်ဝမြို့က စစ်ကောင်စီရဲ့ “ တရွန်အိုင်” ဗျူဟာစခန်းကုန်းကို (၂၁)ရက်အကြာမှာ AA အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်၊ ခေတ်မျတ်လုံး။

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ စစ်ကောင်စီရဲ့ အထိုင်ချဗျူဟာစခန်းကုန်းတစ်ခုဖြစ်တဲ့ “ တရွန်အိုင်” စခန်းကို (၂၁)ရက်အကြာမှာ ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီ “ တရွန်အိုင်” ဗျူဟာစခန်းကုန်းကို နိုဝင်ဘာလ (၁၄)ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ (၄)ရက် နေ့လယ် (၁)နာရီ (၄)မိနစ်အချိန်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ တရွန်အိုင်” စခန်းကုန်း ထိုးစစ်ကာလထဲ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ဓါတုဓါတ်ငွေ့ဗုံးတွေနဲ့ နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအ‌ဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရဟတ်ယာဉ်ကွင်း (၂)ခုပါတဲ့ “ တရွန်အိုင်ဗျူဟာ” ကုန်းသိမ်းတိုက်ပွဲမှာ အသက်၊ ခန္ဓာပေးဆပ်ခဲ့ရတဲ့ အာရက္ခစစ်သည်တော်တွေ၊ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တော်တွေအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် နောက်ထပ်ကျန်ရှိနေတဲ့ “ နှုးဘူးဗျူဟာကုန်း” ကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA)က ပြောဆိုထားပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ စခန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် “ Defence of Our Fatherland” အာရက္ခစစ်သည်တော်သစ်တွေ လိုအပ်နေတာကြောင့် ရက္ခိုင့်တပ်တော်(AA)က တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 2 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for
မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 11 Views
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၈)ရက်နေ့က ခလယ်လွီထူခရိုင် မူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းတာအပါအဝင် မဟာဗျူဟာ နည်းလမ်း (၆)ခုကို အကောင်အထည်ဖော်နေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 13 Views
ဧပြီလ (၃၀)ရက်။ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာဦးတည်ချက် (၆)ချက်ကို ရရှိနိုင်ဖို့အတွက် မဟာဗျူဟာ နည်းလမ်း (၆)ခုကို သတ်မှတ်အကောင်အထည်ဖော်နေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနည်းလမ်း (၆)ခုထဲ နိုင်ငံရေးနည်းလမ်းအရ မဟာမိတ်တွေနဲ့ နိုင်ငံရေး၊
မြန်မာသတင်း

တောင်သာမြို့ထဲက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်သာမြို့ထဲက အကြမ်းဖက်စကစတပ်ရဲ့ ရဲတပ်သားတစ်ဦးက MBT
မြန်မာသတင်း

ပခုက္ကူခရိုင်ရှိ မြို့နယ်ပကဖတွေ ပူးပေါင်းလက်တွဲသွားမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
ဧပြီလ (၂၉)ရက်။ ပခုက္ကူခရိုင်ထဲရှိ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က ပကဖတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေက မြို့နယ်၊ ဇုန်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေးကိစ္စအပါအဝင် နယ်မြေထဲရှိ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့ ဧပြီလ (၂၉)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၅၇)မိနစ်အချိန်က မန္တလေး ချမ်းမြသာစည်မြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခတဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 17 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစား‌ပါမောက္ခတစ်ဦးကို အိမ်ပွဲစားက လုယက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဖြစ်တာက ပုသိမ်ကြီးဘက်မှာပါ။ အသိပွဲစားက အိမ်ပြမယ်ဆိုပြီး ပုသိမ်ကြီးဘက် ခေါ်သွားပြီးတော့
မြန်မာသတင်း

အဓမ္မစစ်သားစုဆောင်းတာကြောင့် ထွက်ပြေးလာတဲ့ လူငယ်တွေကို စောင့်ရှောက်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
ဧပြီလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံထဲ အတင်းအကြပ် စစ်မှုထမ်းစေတာရဲ့ လက်တွေ့အခြေအနေတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစောင်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအစီရင်ခံစာထဲ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ