နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 15 ရက်

1027 Operations

1027 Operations 1111 စစ်ဆင်ရေး (ကယား) ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကိုးကန့်၊ တအာင်းနဲ့ ရခိုင်မှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု (၁၄၇)ဦးအထိရှိခဲ့

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်၊ ခေတ်မျတ်လုံး။

“ ၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူသေဆုံးမှု (၁၄၇)ဦးအထိရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေမှာ ကိုးကန့်ဒေသက (၅၃)ဦး၊ တအာင်းဒေသက (၆၇)ဦးနဲ့ ရခိုင်ဒေသက (၂၇)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးကာလထဲ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အဲ့ဒီဒေသတွေမှာ အရပ်သားထိခိုက်ဒဏ်ရာရသူ (၂၃၀)ဦးရှိခဲ့ကာ တအာင်းဒေသထဲ နေအိမ်ပျက်စီးမှု (၂၁၀)ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဓါတုဗုံးအသုံးပြုတိုက်ခိုက်ခဲ့တဲ့ အရေအတွက်မှာ ကိုးကန့်ဒေသထဲ (၄)ကြိမ်နဲ့ တအာင်းဒေသထဲ (၅)ကြိမ်ရှိခဲ့ပြီး တရွန်အိုင်ဗျူဟာကုန်းတိုက်ပွဲမှာလည်း အသုံးပြုခဲ့တယ်လို့ ရေးသားထားပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူ (၈၁)ဦးရှိခဲ့ပြီး ဒီဇင်ဘာ (၃)ရက်က ပုဏ္ဏားကျွန်းမြို့၊ ရဲရိုးပြင်ရွာမှာ အိမ်ခြေ (၁၃၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ခမောင်းတောရွာမှာ နေအိမ် (၆)လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။

နိုဝင်ဘာလ (၂၄)ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့မဈေးထဲက ဆိုင်ခန်းပေါင်း (၃၇၉)ခန်း မီးလောင်ပျက်စီးခဲ့ရတာကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ အုပ်ချုပ်ရေးယန္တရား လွှမ်းမိုးနေတဲ့ နေရာဒေသတွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာအပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဆက်သွယ်ရေးဖြတ်တောက်တာ စတဲ့ “ ဖြတ်လေးဖြတ်” ဗျူဟာနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ပိုမိုကျူးလွန်လာတယ်လို့ ညီနောင်(၃)ဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် ထောက်ကြန့်ရှိ စစ်ကောင်စီတပ်ရဲ့ ဘန်ကာကင်း ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 21 Views
ဇွန်လ (၁၄)ရက်။ မနေ့က ည (၈)နာရီ (၂၀)မိနစ်အချိန် ထောက်ကြန့်မြို့ အမှတ်(၃)လမ်းနဲ့ (၇)လမ်းဆုံရှိ စစ်ကောင်စီတပ်ရံ့ ဘန်ကာကင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတာကို ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 19 Views
ဇွန်လ (၁၄)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတဲ့အပေါ် ကုလသမဂ္ဂညီလာခံမှာ သံအမတ်ကြီး
မြန်မာသတင်း

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
ဇွန်လ (၁၄)ရက်။ NUG ရဲ့ CDM အောင်မြင်ရေးကော်မတီက ပေးပို့လာတဲ့ “ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပဋိပက္ခဖန်တီးသူတွေကို တိုက်ဖျက်ဖို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
ဇွန်လ (၁၄)ရက်။ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပြည်တွင်းပဋိပက္ခ ဖန်တီးနေသူတွေကို အပြီးတိုင် တိုက်ဖျက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကော်သူးလေနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီကနေ့ဟာ
မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 24 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိုးဘိုထောင်ထဲ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရသူဟာ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဖြစ်ပြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 21 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDF-ASHO အနေနဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)အနီး မီတာ
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 18 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 23 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို