နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းမခံရသေးတဲ့ တာလီဘန်အစိုးရ

အာဖဂန်နစ္စတန်က တာလီဘန်တွေအနေနဲ့ နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုခံရဖို့ အစိုးရပုံစံ ကြီးမားတဲ့ပြုပြင်ပြောင်းလဲရေးကို ပြုလုပ်ရမယ်လို့တရုတ်အစိုးရက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“အာဖဂန်နစ္စတန်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်နေတဲ့ အလယ်အလတ်အဆင့်ရှိတဲ့ မူဝါဒတွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြဖို့ လိုနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုရယူပြီး ကမ္ဘာ့အသိုင်းအဝိုင်းထဲ ပြန်လာဖို့ ကျတော်တို့ မျှော်လင့်နေပါတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက ပြောခဲ့တာပါ။

အာဖဂန်နစ္စတန်နိုင်ငံအနေနဲ့ အဲဒီလိုအဆင့်ကို ရောက်ရှိလာခဲ့ပြီဆိုရင် တရုတ်အစိုးရက တာလီဘန်တွေကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှာဖြစ်သလို အာဖဂန်စ္စတန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဖယ်ထုတ်မခံရသင့်ဘူးလို့ မျှော်လင့်ထားကြောင်းကိုလည်း ဝမ်ဝမ်ဘင်းက ဆက်ပြောပါတယ်။

ဘေဂျင်းအစိုးရဟာ အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ အရင်က ပြောထားခဲ့တာကြောင့် သိမ်မွေ့တဲ့ အပြောင်းအလဲအတွက် မှတ်ချက်သဘောထားကိုပဲ ပြောခဲ့တာဖြစ်ပါတယ်။ တာလီဘန်တွေဟာ 2021 ခုနှစ်မှာ အာဏာပြန်ရခဲ့ပေမယ့် အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ချယ်တဲ့ မူဝါဒတွေကြောင့် နိုင်ငံတကာက ဘယ်နိုင်ငံကမှ သံတမန်ရေးရာအရ အသိအမှတ်ပြုခြင်းမရှိသေးပါဘူး။

လက်ရှိမှာ အာဖဂန်နစ္စတန်ကို တရုတ်၊ ပါကစ္စတန်၊ ရုရှားစတဲ့ နိုင်ငံတွေက တရားဝင်အသိအမှတ်မပြုကြသေးပေမယ့် တာလီဘန်သံတမန်တွေကိုတော့ အသိအမှတ်ပြုထားပြီး ဖိတ်ကြားမှုတွေပြုလုပ်ခဲ့ပါတယ်။ တာလီဘန်အစိုးရဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နှောင်းပိုင်းကလည်း အိန္ဒိယနဲ့ သံတမန်ရေးရာ ဆက်သွယ်မှုပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

တရုတ်အစိုးရက တာလီဘန်အစိုးရကို နိုင်ငံတကာအသိအမှတ်ပြုပေးနိုင်ဖို့ ကြိုးစားနေပေမယ့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာယူဆက်ဖ်ဇိုင်ကတော့ တာလီဘန်တွေရဲ့ ကျား၊မခွဲခြားဆက်ဆံခြင်းဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နေတာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

မာလာလာဟာ အသက် 15 နှစ်အရွယ်မှာ အမျိုးသမီးတွေ ပညာသင်ခွင့်ရဖို့အတွက် ဦးဆောင်လှုပ်ရှားမှုပြုလုပ်ခဲ့တာကြောင့် ခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရသူဖြစ်ပါတယ်။ 2014 ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့တဲ့ မာလာလာက နယ်ဆင်မန်ဒဲလားဖောင်ဒေးရှင်းက ပြုလုပ်တဲ့ လူဖြူ၊လူမည်းခွဲခြားဆက်ဆံမှု ဟောပြောပွဲမှာ တာလီဘန်တွေရဲ့ ရက်စက်မှုအပေါ် ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အာဖဂန်နစ္စတန်မှာ မိန်းကလေးတွေက ကိုယ့်အနာဂတ်ကိုယ် စီမံပိုင်ခွင့်မရှိဘူး၊ တာလီဘန်တွေကပဲ စီမံလိမ့်မယ်။ သူတို့လက်ထက်မှာ မူလတန်းပညာသင်လို့မရသလို တက္ကသိုလ်တက်ခွင့်လည်းမရှိဘူး။ စာကြည့်တိုက်ထဲမှာ စာဖတ်ခွင့်လည်းမရှိဘူး။ တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ မိန်းကလေးတွေရဲ့ ဘ၀က ဘယ်တော့မှ တရားမဝင်ဘူး”လို့ မာလာလာက ပြောသွားခဲ့တာပါ။

ဒါ့အပြင် မာလာလာက နိုင်ငံတကာအစိုးရတွေအနေနဲ့ တာလီဘန်တွေနဲ့ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် မလုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်”
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်