နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ အချို့ချင်းလွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ပြီး Chinald Councial ဖြစ်မြောက်ရေးညီလာခံခေါ်ယူမှာကို ချင်းအဖွဲ့တွေ ကန့်ကွက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ အချို့ချင်းလွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ပြီး Chinald Councial ဖြစ်မြောက်ရေးအတွက် လာမယ့် ဒီဇင်ဘာလ (၇) ရက်ကနေ (၉) ရက်အတွင်း ညီလာခံခေါ်ယူမှာကို ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အပြင် တန်းတူညီမျှရေး မရှိတဲ့အတွက် ချင်းအမျိုးသားတစ်ရပ်လုံးရဲ့ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ်နဲ့ ဇိုမီးဖက်ဒအရယ်အစည်းအရုံးတို့က ထုတ်ပြန်ကြေညာချက်ကို မနေ့က ဒီဇင်ဘာလ (၅) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒါကြောင့် မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နဲ့ တွန်းဇန်မြို့နယ်တို့ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ်နဲ့ ဇိုမီးဖက်ဒအရယ်အစည်းအရုံးတို့က အဲ့ဒီညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ သဘောထားထုတ်ပြန်ထားပါတယ်။

အဲ့လိုပဲ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကောင်စီကလည်း အစုအဖွဲ့တွေ အားလုံးပါဝင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ညီလာခံခေါ်ယူဖို့ သဘောထားတင်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးလင်းမှာ စစ်ကောင်စီလေကြောင်းကြောင့် ကျောင်းသူတွေအပါအဝင် (၄)ဦးသေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 7 Views
မတ်လ (၂၁)ရက်။ မနေ့က နံနက် (၂)နာရီအချိန်ခန့်က ထီးလင်းမြို့ အလယ်ဘန်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

(၄)နှစ်တာထဲ တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဆင်နွှဲခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 4 Views
မတ်လ (၂၁)ရက်။ (၄)နှစ်တာထဲ တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဆင်နွှဲခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့ တော်လှန်ရေး (၄)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် ပြည်သူ (၅၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 3 Views
မတ်လ (၂၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ရေစကြိုမြို့နယ် မိုးကွဲရွာကို စစ်ကောင်စီက ပစ်ခတ်ဝင်ရောက်ပြီး စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ Yesagyo Township Info Committee ထံက သိရပါတယ်။ “ ငတရော်ရွာကနေ
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 1 Views
မတ်လ (၂၁)ရက်။ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ကလောတပ်နယ်ကို ရောက်ရှိတဲ့အချိန် ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချို့စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့တွေဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာမရှိဘဲ ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ စစ်မှုထမ်းအချို့ အခက်အခဲတွေ
မြန်မာသတင်း

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၁၇)ဦးသေကာ (၂၀)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 11 Views
မတ်လ (၂၁)ရက်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၁၀၁)က အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီတပ်ကို ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တပ်မ(၁၀၁)က အင်အား
မြန်မာသတင်း

တိုင်ကြားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 3 Views
မတ်လ (၂၁)ရက်။ တိုင်ကြားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ ဗဟိုအစိုးရကို အားကိုးတကြီးနဲ့ တိုင်ကြားတင်ပြတာတွေကို ခပ်မြန်မြန်ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ တိုင်ကြားစာယန္တရားကို တိုက်တွန်းလိုပါတယ်”
မြန်မာသတင်း

ကနီမှာ စစ်ကောင်စီရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
မတ်လ (၂၀)ရက်။ မနေ့က ညနေ (၅)နာရီအချိန် ကနီမြို့နယ် ဘောလုံးကွင်းထဲက စစ်ကောင်စီရဲ့ MI-17 ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စခ(၂၀)လောက်နဲ့ မုံရွာနမခကနေတက်လာတဲ့
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ (၅)ဦး သေဆုံးခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 8 Views
မတ်လ (၂၀)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲကနေ နေ့လယ် (၁၂)နာရီအချိန်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Natogyi-PDF(NPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၈)နဲ့ (၃၁၉)ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီမှာ