နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

The Elders အဖွဲ့၏ ဥက္ကဋ္ဌက အမေရိကန်သည် အစ္စရေးအား ၎င်း၏ စစ်ရေးအကူအညီကို ပြန်လည်စဉ်းစားရန် တိုက်တွန်း

The Elders အဖွဲ့၏ ဥက္ကဌဖြစ်သူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း မေရီရော်ဘင်ဆန် (Mary Robinson) က အစ္စရေးအားပေးနေသည့် အမေရိကန်၏ စစ်ရေးအကူအညီကို ပြန်လည်သုံးသပ်ရန်နှင့် “ အာဏာရှိသူများ” ကို ထိန်းချုပ်ရန် အမေရိကန်အား တိုက်တွန်း တောင်းဆိုခဲ့သည်။ ရော်ဘင်ဆင်သည် The Elders မှ ထုတ်ပြန်သော ကြေညာချက်တစ်ခုအပြီးတွင် အောက်တိုဘာလ (၇) ရက်နေ့က အစ္စရေးကို တိုက်ခိုက်မှုအတွက် ဂါဇာတွင် လုပ်ဆောင်နေသည့် အစ္စရေး၏ “အချိုးမညီသော” တုံ့ပြန်မှုနှင့် “လူသားချင်းစာနာထောက်ထားမှုအဆင့်” သည် သည်းမခံနိုင်လောက်သည့် အခြေအနေ ဖြစ်နေသည်ဟု ပြောဆိုခဲ့ကြောင်း CNN တတွင် ဖော်ပြထားသည်။

နယ်လ်ဆင်မင်ဒဲလား တည်ထောင်ခဲ့သော The Elders အဖွဲ့ သည် ယခင်ကမ္ဘာ့ခေါင်းဆောင်အများစု၏ “ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာမြေအတွက် လုပ်ဆောင်နေသည်” ဟု အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ “ကျမတို့ အကြီးအကဲတွေအနေနဲ့ အစ္စရေးကို စစ်ရေးအရ အကူအညီ ပံ့ပိုးမှုတွေ ပေးနေတဲ့နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို အခု စစ်ဘက်ဆိုင်ရာ အကူအညီတွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် အခြေအနေတွေ ချမှတ်ပေးဖို့ တောင်းဆိုနေပါတယ်” ဟု အိုင်ယာလန် သမ္မတဟောင်း ရော်ဘင်ဆန်က ပြောကြားခဲ့သည်။

“ဒါဟာ တကယ့်ကို လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြမယ် – ဒီလိုမဖြစ်လာရင် အမေရိကန်က ပြဿနာကို ဝယ်သလိုဖြစ်ပြီး ပိုင်ဆိုင်သွားပါလိမ့်မယ်။ ပြီးတော့ ဒါက အမေရိကန်အတွက် မကောင်းပါဘူး၊ ဒီလို အများအပြား အသတ်ခံရတာကို အမေရိကန်က ဖော်ထုတ်ရပါလိမ့်မယ်” ဟု ရော်ဘင်ဆန်က ဆိုသည်။ အမေရိကန်သည် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်နိုင်ငံကြား ၁၀ နှစ်ကြာနားလည်မှု စာချွန်လွှာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစ္စရေးနိုင်ငံအား စစ်ရေးအကူအညီဒေါ်လာ ၃.၈ ဘီလီယံကို ထောက်ပံ့ပေးခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခတွင် ပိတ်မိပြီး သတ်ဖြတ်ခံရသည့် သာမန်ပါလက်စတိုင်း အရပ်သားများသည် “ဟားမတ်စ် အကြမ်းဖက်သမားများ မဟုတ်ကြောင်း” ရော်ဘင်ဆန်က မီးမောင်းထိုးပြခဲ့သည်။

“ကုလက တိုက်တွန်းတယ်၊ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တိုက်တွန်းတယ်၊ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် စကားလုံးတွေက မလုံလောက်ဘူး။ ချုပ်နှောင်နိုင်တဲ့ စွမ်းအားရှိသူတွေဟာ အခု ချုပ်နှောင်ထားရမှာပဲ” ဟု ရော်ဘင်ဆန်က ပြောကြားခဲ့သည်။ အထူးသဖြင့် အမေရိကန်သည် အဓိက ဖြစ်သည်။ ဂါဇာတွင် အမေရိကန်၏ “ စစ်လက်နက်တိုက်အား ဤနည်းဖြင့် အသုံးပြုနေသည်” ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းဖြင့် ယင်းတားမြစ်ချက်ကို ကျင့်သုံးရန် ရော်ဘင်ဆန်က အမေရိကန်အား တိုက်တွန်းခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ