နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

The Elders အဖွဲ့၏ ဥက္ကဋ္ဌက အမေရိကန်သည် အစ္စရေးအား ၎င်း၏ စစ်ရေးအကူအညီကို ပြန်လည်စဉ်းစားရန် တိုက်တွန်း

The Elders အဖွဲ့၏ ဥက္ကဌဖြစ်သူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း မေရီရော်ဘင်ဆန် (Mary Robinson) က အစ္စရေးအားပေးနေသည့် အမေရိကန်၏ စစ်ရေးအကူအညီကို ပြန်လည်သုံးသပ်ရန်နှင့် “ အာဏာရှိသူများ” ကို ထိန်းချုပ်ရန် အမေရိကန်အား တိုက်တွန်း တောင်းဆိုခဲ့သည်။ ရော်ဘင်ဆင်သည် The Elders မှ ထုတ်ပြန်သော ကြေညာချက်တစ်ခုအပြီးတွင် အောက်တိုဘာလ (၇) ရက်နေ့က အစ္စရေးကို တိုက်ခိုက်မှုအတွက် ဂါဇာတွင် လုပ်ဆောင်နေသည့် အစ္စရေး၏ “အချိုးမညီသော” တုံ့ပြန်မှုနှင့် “လူသားချင်းစာနာထောက်ထားမှုအဆင့်” သည် သည်းမခံနိုင်လောက်သည့် အခြေအနေ ဖြစ်နေသည်ဟု ပြောဆိုခဲ့ကြောင်း CNN တတွင် ဖော်ပြထားသည်။

နယ်လ်ဆင်မင်ဒဲလား တည်ထောင်ခဲ့သော The Elders အဖွဲ့ သည် ယခင်ကမ္ဘာ့ခေါင်းဆောင်အများစု၏ “ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာမြေအတွက် လုပ်ဆောင်နေသည်” ဟု အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ “ကျမတို့ အကြီးအကဲတွေအနေနဲ့ အစ္စရေးကို စစ်ရေးအရ အကူအညီ ပံ့ပိုးမှုတွေ ပေးနေတဲ့နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို အခု စစ်ဘက်ဆိုင်ရာ အကူအညီတွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် အခြေအနေတွေ ချမှတ်ပေးဖို့ တောင်းဆိုနေပါတယ်” ဟု အိုင်ယာလန် သမ္မတဟောင်း ရော်ဘင်ဆန်က ပြောကြားခဲ့သည်။

“ဒါဟာ တကယ့်ကို လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြမယ် – ဒီလိုမဖြစ်လာရင် အမေရိကန်က ပြဿနာကို ဝယ်သလိုဖြစ်ပြီး ပိုင်ဆိုင်သွားပါလိမ့်မယ်။ ပြီးတော့ ဒါက အမေရိကန်အတွက် မကောင်းပါဘူး၊ ဒီလို အများအပြား အသတ်ခံရတာကို အမေရိကန်က ဖော်ထုတ်ရပါလိမ့်မယ်” ဟု ရော်ဘင်ဆန်က ဆိုသည်။ အမေရိကန်သည် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်နိုင်ငံကြား ၁၀ နှစ်ကြာနားလည်မှု စာချွန်လွှာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစ္စရေးနိုင်ငံအား စစ်ရေးအကူအညီဒေါ်လာ ၃.၈ ဘီလီယံကို ထောက်ပံ့ပေးခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခတွင် ပိတ်မိပြီး သတ်ဖြတ်ခံရသည့် သာမန်ပါလက်စတိုင်း အရပ်သားများသည် “ဟားမတ်စ် အကြမ်းဖက်သမားများ မဟုတ်ကြောင်း” ရော်ဘင်ဆန်က မီးမောင်းထိုးပြခဲ့သည်။

“ကုလက တိုက်တွန်းတယ်၊ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တိုက်တွန်းတယ်၊ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် စကားလုံးတွေက မလုံလောက်ဘူး။ ချုပ်နှောင်နိုင်တဲ့ စွမ်းအားရှိသူတွေဟာ အခု ချုပ်နှောင်ထားရမှာပဲ” ဟု ရော်ဘင်ဆန်က ပြောကြားခဲ့သည်။ အထူးသဖြင့် အမေရိကန်သည် အဓိက ဖြစ်သည်။ ဂါဇာတွင် အမေရိကန်၏ “ စစ်လက်နက်တိုက်အား ဤနည်းဖြင့် အသုံးပြုနေသည်” ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းဖြင့် ယင်းတားမြစ်ချက်ကို ကျင့်သုံးရန် ရော်ဘင်ဆန်က အမေရိကန်အား တိုက်တွန်းခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

မိုဒီ၏ပါတီသည် ၂၇ နှစ်အတွင်း အိန္ဒိယမြို့တော်တွင် ပထမဆုံးအကြိမ်အနိုင်ရပြီး အာဏာပြန်ရလာသည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၉) ရက်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေလီမြို့တော်၌ စနေနေ့က ရွေးကောက်ပွဲတွင်
နိုင်ငံတကာသတင်း အမေရိကန်

Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံကြောင့် ဝေဖန်မှု အငြင်းပွားမှုများ ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၇) ရက်။ အသစ်ထွက်လာတဲ့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံး စားပွဲခုံမှာ စွန့်ဦးတီထွင်သူ အီလွန်မတ်က
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်သည် DEI ကို တိုက်ဖျက်ရာတွင် ကူညီပေးနေပြီး သူ၏ SpaceX သည် အသားအရောင်ရှိသော အမျိုးသမီးတဦးကို ပထမဦးဆုံး လပေါ်သို့ စေလွှတ်ရန် ကြီးမားသော သဘောတူ စာချုပ်တစ်ခု ရှိသည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 7 Views
Elon Musk ၏ DOGE (အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာနအသစ်) သည် အစိုးရ အစီအစဉ်များကို ဖြတ်တောက်ရန် လုပ်ဆောင်နေသည်။ (ရှင်းလင်းချက်- DEI အဓိပ္ပါယ်- diversity (မတူကွဲပြားမှု)၊ equity (သာတူညီမျှမှု)၊ inclusion (ပေါင်းစည်းမှု) အဓိကလိင်ပြောင်းသူများနှင့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး ဓားစာခံ သုံးဦးကို လွှတ်ပေးမည်ဟု ဟားမတ်စ်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၈) ရက်။ အစ္စရေး ဓားစာခံသုံးဦးကို ယနေ့ လွှတ်ပေးမည်ဟု ဟားမတ်စ် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အယ်လ်ကဆမ် တပ်မဟာက ယမန်နေ့တွင် ပြောကြားခဲ့သည်။ အဘူအိုဘီဒါ (Abu Obeida) က တယ်လီဂရမ်တွင် အီလီရှာရာဘီ(Eli
နိုင်ငံတကာသတင်း အမေရိကန်

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “ Border czar” ) တွမ်ဟိုမန် (Tom Homan) က လိုအပ်ပါက မက္ကဆီကိုဂိုဏ်းများကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၇) ရက်။ “အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော် မျှော်လင့်ထားသလား၊ လုံးဝမှန်ပါတယ်” ဟု တွမ်ဟိုမန်က ပြောကြားခဲ့သည်။ မက္ကဆီကိုဂိုဏ်းများသည် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်များကို ပစ်မှတ်ထားပါက အမေရိကန်စစ်တပ်ကို အသုံးပြုရန် သမ္မတ ‌ဒေါ်နယ်ထရန့်က တုံ့ဆိုင်းမည်မဟုတ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်စူပါစတား ဘေ့စ်ဘောအားကစားသမားရဲ့ စကားပြန် မိဇူဟာရာကို ဖက်ဒရယ်တရားရုံးက ထောင်ဒဏ် လေးနှစ်နှင့် ကိုးလ ချမှတ်ခဲ့ပြီး နစ်နာကြေး နစ်နာကြေး ဒေါ်လာ ၁၆.၉၇ သန်း ပေးဆောင်ရန် အမိန့်ချမှတ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 8 Views
——————————- ဖေဖော်ဝါရီလ (၇) ရက်။ လော့စ်အိန်ဂျလိစ် Dodgers အသင်းရဲ့ ဘေ့စ်ဘော ကစားသမား ရှိုးဟေးအိုတာနီ (Shohei Ohtani) (အသက် ၃၀) ရဲ့ ဘဏ်အကောင့်ကနေ ငွေအမြောက်အမြားကို တရားမ၀င် လွှဲပြောင်းမှုနဲ့ ဘဏ်စာရင်းလိမ်လည်မှုနဲ့
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ခြေကျဉ်းခတ်ပြီး ရာဇဝတ်သားတွေကဲ့သို့ ဆက်ဆံခဲ့သည့် ထရန့်၏ ပြည်နှင်ဒဏ်ကြောင့် အိန္ဒိယ ဒေါသထွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇) ရက်။ အမေရိကန် တာဝန်ရှိသူတွေဟာ အိန္ဒိယရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ခန့်ကို အိန္ဒိယကို ပြန်လည်ပို့ဆောင်ရာမှာ စစ်သုံးလေယာဉ်ပေါ်မှာ နာရီ ၄၀ ကြာ စီးနင်းခဲ့ရချိန်မှာ ခြေကျဉ်းခတ်ထားပြီး အိမ်သာသွားချိန်အတွင်းပင် ဖြုတ်ပေးတာ မရှိဘူးလို့ သိရပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

ပနားမားတူးမြောင်း ဖြတ်သန်းခ ပေးရန်မလိုတော့ဆိုသည့် သဘောတူညီချက်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်သော်လည်း ပနားမားက ငြင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၆) ရက်။ ပနားမား တူးမြောင်းကိုဖြတ်၍ ဖြတ်သန်းသွားသော အမေရိကန် အစိုးရသင်္ဘောများအတွက် အခကြေးငွေ ပေးချေရန်မလိုဆိုသည့်အချက်ကို ပနားမားအစိုးရက သဘောတူလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာခဲ့သည်။ သို့သော်လည်း ပနားမားက အဆိုပါကြေညာချက်ကို ငြင်းဆိုထားကြောင်း