နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

The Elders အဖွဲ့၏ ဥက္ကဋ္ဌက အမေရိကန်သည် အစ္စရေးအား ၎င်း၏ စစ်ရေးအကူအညီကို ပြန်လည်စဉ်းစားရန် တိုက်တွန်း

The Elders အဖွဲ့၏ ဥက္ကဌဖြစ်သူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း မေရီရော်ဘင်ဆန် (Mary Robinson) က အစ္စရေးအားပေးနေသည့် အမေရိကန်၏ စစ်ရေးအကူအညီကို ပြန်လည်သုံးသပ်ရန်နှင့် “အာဏာရှိသူများ” ကို ထိန်းချုပ်ရန် အမေရိကန်အား တိုက်တွန်း တောင်းဆိုခဲ့သည်။ ရော်ဘင်ဆင်သည် The Elders မှ ထုတ်ပြန်သော ကြေညာချက်တစ်ခုအပြီးတွင် အောက်တိုဘာလ (၇) ရက်နေ့က အစ္စရေးကို တိုက်ခိုက်မှုအတွက် ဂါဇာတွင် လုပ်ဆောင်နေသည့် အစ္စရေး၏ “အချိုးမညီသော” တုံ့ပြန်မှုနှင့် “လူသားချင်းစာနာထောက်ထားမှုအဆင့်” သည် သည်းမခံနိုင်လောက်သည့် အခြေအနေ ဖြစ်နေသည်ဟု ပြောဆိုခဲ့ကြောင်း CNN တတွင် ဖော်ပြထားသည်။

နယ်လ်ဆင်မင်ဒဲလား တည်ထောင်ခဲ့သော The Elders အဖွဲ့ သည် ယခင်ကမ္ဘာ့ခေါင်းဆောင်အများစု၏ “ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာမြေအတွက် လုပ်ဆောင်နေသည်” ဟု အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ “ကျမတို့ အကြီးအကဲတွေအနေနဲ့ အစ္စရေးကို စစ်ရေးအရ အကူအညီ ပံ့ပိုးမှုတွေ ပေးနေတဲ့နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို အခု စစ်ဘက်ဆိုင်ရာ အကူအညီတွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် အခြေအနေတွေ ချမှတ်ပေးဖို့ တောင်းဆိုနေပါတယ်” ဟု အိုင်ယာလန် သမ္မတဟောင်း ရော်ဘင်ဆန်က ပြောကြားခဲ့သည်။

“ဒါဟာ တကယ့်ကို လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြမယ် – ဒီလိုမဖြစ်လာရင် အမေရိကန်က ပြဿနာကို ဝယ်သလိုဖြစ်ပြီး ပိုင်ဆိုင်သွားပါလိမ့်မယ်။ ပြီးတော့ ဒါက အမေရိကန်အတွက် မကောင်းပါဘူး၊ ဒီလို အများအပြား အသတ်ခံရတာကို အမေရိကန်က ဖော်ထုတ်ရပါလိမ့်မယ်” ဟု ရော်ဘင်ဆန်က ဆိုသည်။ အမေရိကန်သည် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်နိုင်ငံကြား ၁၀ နှစ်ကြာနားလည်မှု စာချွန်လွှာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစ္စရေးနိုင်ငံအား စစ်ရေးအကူအညီဒေါ်လာ ၃.၈ ဘီလီယံကို ထောက်ပံ့ပေးခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခတွင် ပိတ်မိပြီး သတ်ဖြတ်ခံရသည့် သာမန်ပါလက်စတိုင်း အရပ်သားများသည် “ဟားမတ်စ် အကြမ်းဖက်သမားများ မဟုတ်ကြောင်း” ရော်ဘင်ဆန်က မီးမောင်းထိုးပြခဲ့သည်။

“ကုလက တိုက်တွန်းတယ်၊ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တိုက်တွန်းတယ်၊ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် စကားလုံးတွေက မလုံလောက်ဘူး။ ချုပ်နှောင်နိုင်တဲ့ စွမ်းအားရှိသူတွေဟာ အခု ချုပ်နှောင်ထားရမှာပဲ” ဟု ရော်ဘင်ဆန်က ပြောကြားခဲ့သည်။ အထူးသဖြင့် အမေရိကန်သည် အဓိက ဖြစ်သည်။ ဂါဇာတွင် အမေရိကန်၏ “စစ်လက်နက်တိုက်အား ဤနည်းဖြင့် အသုံးပြုနေသည်” ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းဖြင့် ယင်းတားမြစ်ချက်ကို ကျင့်သုံးရန် ရော်ဘင်ဆန်က အမေရိကန်အား တိုက်တွန်းခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက