နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရေးကြီးတဲ့ စစ်‌‌ဒေသတွေမှာ အတွေ့အကြုံရှိ စစ်ဒေသမှူးတွေက ကွပ်ကဲမှုနဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို ပြုလုပ်နိုင်လာပြီဟု NUG ကာကွယ်ရေးဝန်ကြီးပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နေပြီး စစ်တိုင်းအလိုက် စစ်ဒေသ ဖွဲ့စည်းပြီး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေအစိုးရကာကွယ်ရေးဝန်ကြီး ဉီးရည်မွန်က ဖေဖေါ်ဝါရီ (၅) ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ်၊ ဖြေကြမယ် အစီအစဉ်မှာ ‌ပြောကြားခဲ့တာ ဖြစ်ပါတယ်။

PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ တာဝန်ခွဲဝေမှု ၊ပူးပေါင်းဆောင်ရွက်မှုများဖြင့် စစ်ရေးစီမံချက်များကို လုပ်ဆောင်နေတယ်လို့သိရပါတယ်။ အခုဆိုရင် စစ်ဒေသကြီး (၃) ခု ရှိတဲ့အနက်က ‌မြောက်ပိုင်းစစ်ဒေသ(၁) နဲ့ တောင်ပိုင်း စစ်ဒေသ(၂) တို့မှာ သက်ဆိုင်ရာ စစ်ဒေသမှူးတွေက တာဝန်ယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ စစ်ဒေသ (၁) အနေနဲ့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးကြီးတဲ့ မဟာမိတ် အဖွဲ့အစည်းကြီးဖြစ်တဲ့ KIO/KIA က စစ်ဘက်ခေါင်းဆောင်တဉီးက စစ်ဒေသမှူး အဖြစ်တာဝန်ယူထားတယ်လို့ ဦးရည်မွန်က ပြောကြားပါတယ်။


Photo – KIA and Cobra – KIA တပ်မှ ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။

တောင်ပိုင်းစစ်ဒေသမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများနှင့် ဆက်စပ်ဒေသများ လည်းပါဝင်သည်။ တောင်ပိုင်းနှင့် မြောက်ပိုင်း စစ်ဒေသ နှစ်ခုတွင် စစ်ဒေသမှူးများ တာဝန်ယူပြီး လိုအပ်တဲ့ ကွပ်ကဲမှုနဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို ပြုလုပ်နိုင်လာပြီလို့ ဝန်ကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အရေးကြီးတဲ့စစ်ဒေသ (၂) ခုမှာ စစ်ဒေသမှူး တွေနဲ့ အတူ စစ်မြေပြင်ကို လက်တွေ့ ဉီးဆောင်ကွပ်ကဲနိုင်တဲ့ အနေအထားရှိနေပြီဖြစ်တယ်လို့ ဝန်ကြီးက အတည်ပြုပြောကြားခဲ့တာပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့