နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက် ဖျက်ဆီးနေတာကြောင့် ဒေသခံ ခြောက်သောင်းခွဲကျော် ထွက်ပြေးနေရ

စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး တော်လှန်ရေးခုခံအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ခင်ဦး ၊ ရေဦး ၊ တန့်ဆည်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ အင်းတော်၊ ပုလဲ၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူးနဲ့ မြောင်မြို့နယ် ၊ ရွှေဘို ၊ဝက်လက်နဲ့ အရာတော်မြို့နယ်တွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက် နေတာကြောင့် ဒေသခံ ‌ခြောက်သောင်းခွဲကျော် ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းမှာ ရွာတွေကို မီးရှို့ရုံတင် မကတော့ဘဲ မီးလောင်ဗုံး တွေအသုံးပြုလာနေတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ‌ဟာ စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်တယ်။ ရေဦးမြို့ကနေထွက်လာတဲ့ စစ်ကောင်စီတပ်မ (၃၃) နဲ့ တပ်မ (၆၆) ပါ အင်အား ၁၀၀ ဝန်းကျင်ဟာ ခင်ဦးမြို့နယ်ထဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ ခင်ဦးဒေသခံတွေဆီက သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်သား အင်အားတစ်ထောင်ဝန်းကျင်အထိ စစ်ကောင်စီက အသုံးပြုပြီး ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တစ်လအ တွင်း ခင်ဦးက ရွာပေါင်းခုနစ်ရွာမှာ နေအိမ်ပေါင်း ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံတစ်သောင်းခွဲကျော် ထွက် ပြေး ခဲ့ရတယ် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

အရာတော်မှာ ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရပြီး အနည်းဆုံးရွာခြောက်ရွာ ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခံခဲ့တာဖြစ်ပြီး အသတ်ခံရသူ ၁၀ ဦးဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဝက်လက်မြို့နယ်ကိုလည်း စစ်ကောင်စီတပ်သားအင် အား ၁၀၀ စီပါတဲ့ စစ်ကြောင်းလေးကြောင်းနဲ့ ရက်ဆကထိုးစစ်ဆင်နေတယ်လို့ ဝက်လက်မြို့နယ်ထဲက ‌‌ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဆီက သိရပါတယ်။

ဝက်လက်မှာ တစ်လအတွင်း ရွာ ၁၀ ရွာက နေအိမ် ၄၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံငါးထောင်ခန့် အိုးအိမ်စွန့်ခွာ ထွက် ပြေးနေကြရတာ ပါ။ ယင်းမာပင်မှာတော့ စစ်ကောင်စီရဲ့ သတ် ဖြတ်ခံရသူဒေသခံ (၁၀၀) ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။

REF:RFA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ်ဝက်ထဲ တော်လှန်ရေးရဲဘော် (၅၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 12 Views
ဇူလိုင်လ (၁၄)ရက်။ အခုနှစ် (၆)လတာထဲ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၅၄၄)ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database(SRD)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ချင်းပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ CNF ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 14 Views
ဇူလိုင်လ (၁၄)ရက်။ ချင်းပြည်ထဲရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲထဲ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 11 Views
ဇူလိုင်လ (၁၄)ရက်။ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့ ဥကရစ်ထကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO နဲ့ PDF
မြန်မာသတင်း

တောင်ခမ်းကနေ နောင်ချိုထိုးစစ်ထဲ စစ်ကောင်စီတပ်သား အများအပြား အလင်းဝင်လာခဲ့တယ်လို့ DPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 14 Views
ဇူလိုင်လ (၁၄)ရက်။ ဇွန်လ (၂၄)ရက်နေ့ကစပြီး ဒီကနေ့အထိ  နောင်ချိုမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၂၄)ရက်ကစပြီး အခုအချိန်အထိ နောင်ချိုမြို့အနီးတဝိုက်မှာ
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 32 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 26 Views
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဇူလိုင်လ (၁၂)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီက ဝါဒဖြန့်ချီထားတဲ့ ဥကရစ်ထဗျူဟာစခန်းကုန်းကို KNLA
မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 30 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ ကျေးရွာတွေမှာ ဖမ်းဆီးခံရသူ (၁၃၀၆)ဦး၊
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 22 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။ အဲ့ဒီကြေညာချက်ထဲ