နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း အချက်အလက်များ

စစ်ကောင်စီဖမ်းထားတဲ့ ဓားစာခံငါးယောက်ကို လိုက်ကယ်ရင်း ဝက်လက် GZ Special Task Force မှ အဖွဲ့ဝင် (၂) ဦး အပါအဝင် (၇) ဦးကျဆုံး

ဧပြီလ ၄ရက်နေ့ မနေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်း တိုက်ပွဲမှာ ဝက်လက် GZ Special Task Force မှ အဖွဲ့ဝင် (၂) ဦး အပါအဝင် ပစ်ခတ်ဖမ်းဆီးခံရသော ကာကွယ်ရေးအဖွဲ့ဝင် (၇) ဦးကို စစ်ကောင်စီတပ်က အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ခေါင်းဆောင် ကိုဂျီဇက်က ခေတ်မျက်လုံးကို ပြောပါတယ်။

ဝက်လက် GZ Special Task Force မှ အဖွဲ့ဝင် (၂) ဦးမှာ ကိုရန်နိုင်စိုး ခေါ် ရဲဘော်မုန့်လုံး (၁၉) နှစ်နဲ့ ကိုသူရိန်ထက် ခေါ် ရဲဘော်ဂတုံး (၂၃) နှစ်ဖြစ်ကြောင်း ခေါင်းဆောင် ကိုဂျီဇက်က ခေတ်မျက်လုံးကို အတည်ပြုပေးခဲ့ပါတယ်။ 

ကျန်ရဲဘော် (၅) ဦးမှာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ဖြစ်ကြောင်း သိရှိရပါတယ်။

“ဓားစာခံ ငါးယောက်ကို လိုက်ကယ်ဖို့ သွားရင်းနဲ့ ကျနော်ရဲဘော်တွေ ကျသွားတာဗျ။ ဓားစာခံတွေကတော့ လွတ်လာတယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက် ဖြစ်သွားတာ၊ ကိုယ့်ဘက်က တစ်တောင့်ထိုးနဲ့ပဲ ဆိုတော့ လက်နက်အင်အားမမျှတော့ ပေးလိုက်ရတာ၊ အောက်ခြေကို သေနတ်မှန်ပြီးတော့မှ ဖမ်းခံရတာ။ လက်သည်းတွေ ခွာထားတာမျိုးလည်း တွေ့ရတယ်။ ဦးခေါင်းတွေကိုချည်းပဲ အနီးကပ် တေ့ပစ်သွားတာ” လို့ ခေါင်းဆောင် ကိုဂျီဇက်က ခေတ်မျက်လုံးကို ပြောပါတယ်။

“ကျွန်တော်တို့က တိုက်ပွဲတွေ နားထားတာ၊ ရဲဘော်နှစ်ယောက်က သူတို့နယ်မြေဖြစ်နေတာရော၊ ဓားစာခံတွေကို ဘုန်းဘွဲ့ရွာဘုန်းကြီးကျောင်းမှာ ဖမ်းခံထားရတာဆိုတော့ ကယ်ချင်တော့ ဝင်ပစ်ကြတဲ့အချိန်မှာ သူတို့ကို အမဲခံရတာ။ သူတို့ကို မဲနေတုန်း ဓားစာခံတွေက ထွက်ပြေးလို့ လွတ်လာတယ်။ ဓားစာခံတွေလည်း အရမ်းကို ကြောက်နေကြတယ်။ စကားတောင် ပြောလို့ မရဘူး။ ကျွန်တော့်တို့ရဲဘော်တွေမှာ လက်လုပ်တွေပဲရှိတယ်။ ရှိတဲ့သေနပ်အစစ်တစ်လက်တောင် NUG လက်အောက်ခံ ပကဖ နေမျိုးအောင်နဲ့ ရွှေဘိုခရိုင်တပ်ရင်း (၂) ဒူဂျွန်ဆိုင်းဒူတို့က လာသိမ်းသွားတာ၊ အဲ့ဒီအပြင် ကျနော်တို့ရဲ့ ထုတ်လုပ်ရေးစခန်းကိုလည်း သူတို့ဖမ်းထားတဲ့ ကျွန်တော့်ရဲဘော်ရှမ်းလေးကို လမ်းပြခိုင်းပြီး သူတို့ကားတွေနဲ့ ကျွန်တော့်တို့ပစ္စည်းတွေ အကုန်ယူသွားသေးတယ်” ကိုဂျီဇက်က ခေတ်မျက်လုံးကို ပြောပါတယ်။  “အင်အား ၁၀၀ ခန့် ရှိတဲ့စစ်ကြောင်းကို စိုင်နိုင်လေးရွာနဲ့ ဘုန်းဘွဲ့ရွာအကြား ရင်ဆိုင်လိုက်ရတာဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့ နေရာက နှမ်းတွေစိုက်ထားတဲ့ လယ်ကွင်းပြင်ကြီးမှာ သူတို့ လိုက်ပစ်ခံရတာ။

ဘယ်လိုမှ ပြေးမလွတ်တဲ့အချိန် ဖမ်းခံရပြီး ပစ်သတ်ခံလိုက်ရတာ၊ သူတို့အားလုံးပေါင်းမှ လက်လုပ်တစ်တောင့်ထိုးလေး ၂ လက်သာပါကြောင်း” မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် နေမျိုးအောင်က သတင်းဌာနများမှာ ဖြေကြားထားပါတယ်။

ဖေဖော်ဝါရီအတွင်း ဆားတောင်ကြီးကျေးရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် မောင်ဆန်းကို သေနတ်နဲ့ အချက် (၂၀) ပစ်ခတ်ပြီး GZ အဖွဲ့က လုပ်ကြံတယ်ဆိုပြီး GZ အဖွဲ့ဝင် (၁၉) ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ခေါ်ယူစစ်ဆေးခဲ့ပြီး GZ ဒုခေါင်းဆောင် အပါအဝင် (၄) ဦးကို လူသတ်ရန်ကြံစည်မှုနဲ့ တရားစွဲ အချုပ်ချထားပါတယ်။

ဒါပေမယ့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာ ဗိုလ်ကျားကြီးကင်းစခန်း တည်ရှိရာနေရာကို ပကဖခေါင်းဆောင် နေမျိူးအောင်နှင့် ဒူဂျွန်ဆိုင်းဒူ ဦးဆောင်တဲ့ ရွှေဘိုခရိုင်တပ်ရင်း (၂) တို့က ကား (၃) စီး လူအင်အား (၆၀) မောင်းပြန် အပြည့်အစုံနဲ့ တစ်ဖက်သပ် အကြမ်းဖက် တိုက်ခိုက်ခဲ့လို့ ဗိုလ်ကျားကြီးအဖွဲ့က ရဲဘော် ကိုရန်လင်းထွန်း ( ၂၃ နှစ်)နဲ့ ကိုစိုင်းမောင်မောင် ( ၂၆ နှစ်) တို့ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားခဲ့ပေမယ့် အခုအချိန်ထိ အရေးယူခြင်း မရှိသေးပါဘူး။

ဝက်လက်ဒေသခံတွေကတော့ သေနတ်နဲ့အပစ်ခံရပြီး ပေါင်ရှပ်ထိ ဒဏ်ရာရတာကိုတော့ လူသတ်ရန်ကြံစည်မှုနဲ့ အရေးယူထားပေမယ့် လူသတ်မှု အလောင်းဖြောက်မှုတွေ ကျူးလွန်ထားတဲ့ ပကဖ နေမျိူးအောင်နဲ့ ရွှေဘိုခရိုင်တပ်ရင်း (၂) တို့ကိုတော့ အခုထိ အရေးယူခြင်း မရှိလို့ GZ အဖွဲ့ဝင် (၄) ဦးကို လွှတ်ပေးဖို့ ဒေသခံ ၅၀၀ က လက်မှက်ရေးထိုးပြီး NUG ကို တောင်းဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းအပြီး ထိတွေ့တိုက်ပွဲများနဲ့ စစ်တပ် အဖမ်းအဆီးခံရလို့ ကျဆုံးခဲ့ရတဲ့ ဝက်လက် GZ Special Task Force ရဲ့ အဖွဲ့ဝင်စုစုပေါင်း (၂၃) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ (၁)

ကျဆုံးသွားတဲ့ ဝက်လက် GZ Special Task Force မှ ကိုရန်နိုင်စိုး ခေါ် ရဲဘော်မုန့်လုံး (၁၉ နှစ်) နဲ့ ကိုသူရိန်ထက် ခေါ် ရဲဘော်ဂတုံး (၂၃ နှစ်) ကို တိုက်ပွဲတခုတွင် အတူတူ တွေ့ရစဉ်။

ဓာတ်ပုံ (၂)ကိုရန်နိုင်စိုး ခေါ် ရဲဘော်မုန့်လုံး

(၁၉ နှစ်)ဓာတ်ပုံ (၃)ကိုသူရိန်ထက် ခေါ် ရဲဘော်ဂတုံး (၂၃ နှစ်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 33 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 32 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 38 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 38 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ