နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်းတော်တွင် CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးအား စစ်ကောင်စီမှ ထောင်ဒဏ်တစ်သက် ချမှတ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့မှာ CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို CRPH၊ NUG နဲ့ PDF တို့ကို ငွေကြေးထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ဆိုပြီး ဧပြီလ (၃) ရက်နေ့က အင်းတော်စစ်ခုံရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊၅၂(က) တို့နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ CDM ဆရာမ ဒေါ်သိန်းလှ၊ အရောင်းအဝယ်လုပ်ငန်းလုပ်တဲ့ ဒေါ်ခင်ပြည့်ပြည့်ထွန်းနဲ့ ဒေါ်အေးအေးတို့ဖြစ်ပြီး မတ်လ (၅) ရက်နေ့က စစ်ကောင်စီတပ်များက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူတို့သုံးဦးကို ကသာထောင်မှာ ချုပ်နှောင်ထားကြောင်း သိရပါတယ်။

မတ်လ (၃၁) ရက်နေ့ကလည်း အင်းတော်မြို့က ကိုအေးမင်းထွန်းကို PDF တွေကို နေအိမ်မှာ ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေးကာ ခိုလှုံခွင့်ပြုခဲ့တယ်လို့ဆိုပြီး သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့တယ်ဆိုပြီး အင်းတော်စစ်ခုံရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊၅၂(က) တို့နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အနောက် မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းမှာ စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေတပ်ပြီး ပြည်သူ (၆၅) ဦးကို ထောင်ဒဏ်တွေ ချမှတ်ထားကြောင်းလည်း သိရှိရပါတယ်။

ဓာတ်ပုံ။ Indaw Revolution-IR

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးမိတ်မြို့ စစ်တပ်လက်အောက်မကျစေဖို့ ကူညီမယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 30 Views
နိုဝင်ဘာလ (၁၂)ရက်။ မိုးမိတ်မြို့ကို စစ်တပ်လက်အောက်မကျစေဖို့အတွက် မဟာမိတ်တပ်ဖွဲ့တွေကို ကူညီသွားမယ်လို့ KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဒေသထဲသတင်းတွေကို ပြောဆိုထားတယ်လို့
မြန်မာသတင်း

စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 21 Views
စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ နိုဝင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃)ရှိ
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်တပ်က စစ်ကြောင်း(၂)ခု တပြိုင်ထဲထိုးနေတာကြောင့် ဒေသခံ (၅၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 22 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး ခင်ဦးနယ်အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်က အင်အား (၁၈၀)ကျော်နဲ့ စစ်ကြောင်း (၂)ခု တပြိုင်ထဲထိုးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ကန့်ဘလူဘက်ကနေ အကြမ်းဖက်စကစ ခြေလျင်စစ်ကြောင်း (၁၀၀)ကျော်နဲ့ ရေဦးမြို့ကနေ
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 36 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ အင်အား (၁၈၀)ခန့်ပါတဲ့ ပခုက္ကူတပ်မ(၁၀၁)က စခစစ်ကြောင်းတွေ တွင်းမပျူရွာနဲ့
မြန်မာသတင်း

ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 38 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းတွေဟာ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေအနေနဲ့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ အဲ့ဒီအခမ်းအနားကို အထူးတိုင်းစစ်ဌာနရဲ့
မြန်မာသတင်း

KNU ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို ‌ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 31 Views
နိုဝင်ဘာလ (၁၁)ရက်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်အပါအဝင် (၂၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က KNU ရဲ့ ဒူးသထူခရိုင်ကနေ အခုနှစ်ကုန်မှာ စစ်တပ်က ကျင်းပဖို့ရှိနေတဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ MSFC သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 27 Views
နိုဝင်ဘာလ (၁၁)ရက်။ စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ “ ဖက်ဆစ်လူရွေးပွဲ” ဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ နောက်ထပ်နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုဖို့၊ လက်နက်ကိုင် လူသတ်လိုင်စင်ရယူဖို့နဲ့ စစ်အာဏာရှင်စနစ်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ တရားမျှတမှုမရှိတာကို ပြည်သူ (၉၈)ရာခိုင်နှုန်း ယုံကြည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 68 Views
နိုဝင်ဘာလ (၁၀)ရက်။ အခုနှစ်ကုန် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည်သူ့သဘောထားစစ်တမ်းတရပ်ကို ကောက်ယူခဲ့တယ်လို့ GSCB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ့သဘောထားစစ်တမ်းကို ‌ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း(Platform for People Movement)က အောက်တိုဘာလ (၂၇)ရက်နေ့ကစပြီး နိုဝင်ဘာလ