နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောင်းသားရာနဲ့ချီ သတ်ဖြတ်ခံရတဲ့ ဆဲဗင်းဂျူလိုင် မမေ့ကြဖို့ မန္တလေးရှိ ကျောင်းများမှာ လှုပ်ရှားမှုများပြုလုပ်

စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တာကြောင့် ကျောင်းသားရာနဲ့ချီ သတ်ဖြတ်ခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင်ကို မမေ့ကြဖို့ ယနေ့ မန္တလေးမြို့မှာ လှုပ်ရှားမှုတစ်ရပ်ကို မန္တလေးသပိတ်အင်းအားစုက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


ဒီကနေ့ ဇူလိုင်လ ၇ရက်နေ့မှာကျရောက်တဲ့ ဆဲဗင်းဂျူလိုင် ၆၁နှစ်ပြည့်မြောက်တဲ့နေ့မှာ “၇.၇.၆၂ မမေ့ကြနဲ့”စာသားကို မန္တလေးမြို့ရှိ ကျောင်းနံရံများပေါ်မှာ ရေးသားကာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“စစ်အာဏာကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသော ကျောင်းသားရာနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် ၆၁နှစ်ပြည့်မြောက်တဲ့နေ့မှာ အာဏာရှင်အဆက်ဆက်ကို ရွံရှာမုန်းတီးသော ပြည်သူများက တိုင်းပြည်ရဲ့အနာဂါတ် ကျောင်းသားထုရဲ့ အသက်များကို ကြက်ကလေး ငှက်ကလေးများသဖွယ် သဘောထားသတ်ဖြတ်ခဲ့တဲ့ ကျောင်းသားအရေးအခင်းကို ကြေကွဲဝမ်းနည်းမှုများစွာဖြင့် ကျောင်းသားထုနဲ့အတူတကွ ဆက်လက်တွန်းလှန် တိုက်ပွဲဝင်သွားကြပါ”လို့ တိုက်တွန်းထားပါတယ်။

ပြည်သူတစ်ရပ်လုံး မမေ့ကြဖို့အတွက် မြောင်းမြကျောင်းသား ကိုကျော်ဝင်းမှ မန္တလေးကျောင်းဆောင်နံရံမှာ ၎င်းရဲ့သွေးနဲ့ရေးသားခဲ့တဲ့ “၇.၇.၆၂ မမေ့ကြနဲ့”စာသားကို မန္တလေးမြို့ရှိ ကျောင်းနံရံများပေါ်မှာ ရေးသားခြင်းဖြစ်ပြီး ဆဲဗင်းဂျူလိုင် ကျောင်းသားအာဇာနည်များအား ကြေကွဲလွမ်းဆွတ်ခြင်းနဲ့အတူ ဂုဏ်ပြုဦးညွှတ် အလေးပြုကြောင်း မန္တလေးသပိတ်အင်အားစုက ထည့်သွင်းပြောဆိုထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 14 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 8 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒေသခံ(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခံ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 14 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီအချိန်က နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို နေ့လယ်(၂)နာရီလောက်
မြန်မာသတင်း

လောင်းလုံးမြို့မှာ နတ်ပွဲအကြောင်းပြ လောင်ကစားဝိုင်းပြုလုပ်တာကို မြို့နယ်ပကဖ ဝင်ဖမ်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 9 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ် (၃)နာရီခန့်က လောင်းလုံးမြို့ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေတာကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး သီးခြားပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေတွေဟာ ရခိုင်ရိုးမနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရိုးမတောင်တန်းနဲ့ ရခိုင်-ပဲခူးအစပ်၊
မြန်မာသတင်း

စစ်ကောင်စီဟာ အာဏာတည်မြဲဖို့ကိုသာ အာရုံစိုက်နေလို့ ဆိုက်ဘာရာဇဝတ်မှုကို ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးလို့ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 9 Views
ဇန်နဝါရီလ (၂၁)ရက်။ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက်ကိုသာ အာရုံစူးစိုက်ပြီး လုပ်ကိုင်နေကာ အရေးကြီးတဲ့ ဆိုက်ဘာရာဇဝတ်မှု ပြဿနာကို ဖြေရှင်းလိုတဲ့ဆန္ဒ မရှိဘူးလို့ NUG နဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ တိုက်ရိုက်အကျိုးဆက်ကြောင့်
မြန်မာသတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားထံ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 7 Views
ဇန်နဝါရီလ (၂၁)ရက်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဆီ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်တဲ့သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ မလေးရှားနဲ့ မြန်မာ နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ခိုင်မြဲအရေးပါပြီး အာဆီယံကတဆင့် ဒေသထဲ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်လုပ်ငန်းတွေက ထိုင်းကနေ လျှပ်စစ်နဲ့ အင်တာနက်ရနေတာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 6 Views
ဇန်နဝါရီလ (၂၁)ရက်။ ရွှေကုက္ကိုလ်ဒေသက အွန်လိုင်းလိမ်လည်လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓါတ်အားနဲ့ အင်တာနက်လိုင်း အဆက်အသွယ်တွေ ရနေတာလို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အွန်လိုင်းလိမ်လည်တာနဲ့ အွန်လိုင်းလောင်းကစားတွေ လုပ်ဆောင်နေသူတွေဟာ ၂၀၁၅ခုနှစ်ခန့်ကစပြီး ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတို့မှာ လုပ်ကိုင်ကြပြီး