ပြည်တွင်းပြည်ပတော်လှန်ရေး အင်အားစုတွေ စုပေါင်းပြီး ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမယ့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) CNC (Mindat) ဖွဲ့စည်းလိုက်တယ်လို့ မနေ့ကထုတ်ပြန်ပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CDF Mindatတို့ပူးပေါင်းကာ အခုလိုဖွဲ့စည်းလိုက်တာဖြစ်ပြီး ကောင်စီမှာ ပါဝင်တဲ့ပုဂ္ဂိုလ်စာရင်းကို ကြေညာသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး အတိုင်းအတာတခုအထိ အောင်အောင်မြင်မြင် ခရီးပေါက်လာတဲ့အပြင် အနာဂတ်ချင်းလူမျိုးတွေအတွက်
နိုင်ငံရေးလုပ်ငန်းစဥ်တွေ ချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့် အရေးတို့ကို အာမခံချက်ပေးမယ့် မူဝါဒလမ်းစဥ်တွေ ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်မယ့် နိုင်ငံရေးဦးဆောင်အဖွဲ့ အရေးတကြီးလိုအပ်လာနေတာကြောင့် အခုလို CNC (Mindat) ကို ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။
Era’sEye \News