နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၉၉၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၃၀၀၀၀) ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို NUG ထုတ်ပြန်

ခုခံတွန်းလှန်စစ် (၂)နှစ်တာကာလအတွင်း တိုက်ပွဲအကြိမ်ရေ (၉၉၀၀)ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၃၀၀၀၀) ခန့် ချေမှုန်းနိုင်ခဲ့တယ်လို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာတဲ့ ဒီကနေ့ စက်တင်ဘာလ (၇)နေ့ဟာ (၂)နှစ်တိတိ ပြည့်ခဲ့တာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အင်အားအခြေအနေကို သုံးသပ်ပါက (၂)နှစ်အတွင်း စစ်ကောင်စီတပ်အင်အားရဲ့ (၁၂.၅)ရာခိုင်နှုန်းခန့် စစ်မြေပြင်မှာ ပြုန်းတီးခဲ့ပြီး မြေပြင်မှာ ထိခိုက်သေဆုံးသူတွေသာမက တပ်ပြေးတွေ၊ စစ်တိုက်ရန်ငြင်းဆန်တာကြောင့် ထောင်သွင်းအကျဉ်းချခံရသူတွေ အရေအတွက် ထောင်ချီရှိမယ်လို ခန့်မှန်းထားပါတယ်။

ခုခံတွန်းလှန်စစ် ဒုတိယနှစ်မှာ စစ်ကောင်စီတပ်ရဲ့ အင်အားဆုတ်ယုတ်တာကို သိသိသာသာ တွေ့မြင်လာရပြီး တပ်အင်အားကို ပြန်ဖြည့်ဖို ပျူစောထီးတွေအပါအဝင် ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို တိုးချဲ့စည်းရုံးနေရုံသာမက စစ်သားဇနီးမယားတွေနဲ့ Non-CDM ဝန်ထမ်းတွေကိုပါ လက်နက်ကိုင်စေပြီး စစ်ပွဲမှာ အသုံးချဖို အားထုတ်နေတာကို တွေ့ရတယ်လို ဆိုထားပါတယ်။

ခုခံတွန်းလှန်စစ် ပထမနှစ်မှာ စစ်ကောင်စီစခန်း (၂၈)ခုကိုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒုတိယနှစ်မှာ စစ်ကောင်စီစခန်းပေါင်း (၁၀၇)ခုထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲ အမြောက်အမြား ဆင်နွှနိုင်ခဲ့တယ်လို ရေးသားထားပါတယ်။

ခုခံတွန်းလှန်စစ်အားကောင်းတဲ့ ဒေသတွေမှာ လက်နက်ငယ်တွေသာမက (၁၂၀)မမ၊ (၈၁)မမ၊ (၆၀)မမလက်နက်တွေ၊ စက်သေနတ်ကြီးတွေနဲ့ ခဲယမ်းမီးကျောက်မျိုးစုံကို သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို ဆိုပါတယ်။

စစ်ကိုင်း၊ ဟုမ္မလင်းမြို၊ ရွှေပြည်အေးမြိုတိုက်ပွဲမှာ စစ်ရဟတ်ယာဉ် (၁) စီးနဲ့ မယ်စဲ့တိုက်ပွဲမှာ K-8 စစ်လေယာဉ် (၁) စီးတိုကို ထိခိုက်ပျက်စီးတဲ့အထိ တိုက်ခိုက်နိုင်ခဲ့သလို ချင်းပြည်နယ်မှာ EE-9 Cascavel သံချပ်ကာယာဉ် (၂) စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်သား စုစုပေါင်း (၁၄၀၀၀) ကျော်ရှိကာ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိကြီးတွေအပါအဝင် အရာရှိ၊ အကြပ်စစ်သည်များစွာ ပါဝင်တယ်လို အစီရင်ခံစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ရေးသုံးသပ်သူများဘက်ကတော့ NUG ထုတ်ပြန်ထားတဲ့ တပ်မတော်ဘက်က သေဆုံးဦးရေ ၃၀,၀၀၀ ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းဘက်က တိုက်ပွဲတွေဆိုရင် တကယ်တမ်းတိုက်ပွဲဝင်နေတာကဒေသကာကွယ်ရေးအဖွဲ့တွေပဲ ဖြစ်ပြီး အခုထက်ထိ လက်လုပ်အများစုနဲ့ တိုက်နေရပြီး ဒီအရေအတွက်ဟာ မြေပြင်နဲ့ ကွာဟနေတယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 3 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 4 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 4 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို