နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

တရုတ်

တရုတ်

တရုတ်ပန်ဒါဝက်ဝံ သံတမာန်စီးပွားရေး

ဘေဂျင်း (တရုတ်) ၏ အပျော့စားပါဝါ ကိရိယာအဖြစ် ပန်ဒါဝက်ဝံမှရရှိသည့်ဝင်ငွေသည် ဒေါ်လာ သန်း ၃၀၀ နီးပါးဖြစ်သည်။ ယင်းငွေများကို ဖင်လန်မှ မလေးရှားနိုင်ငံအထိ နိုင်ငံများစွာက တရုတ်သို့ ပေးခဲ့ရသည်။

ဖင်လန်နိုင်ငံမြို့တော်ဟဲလ်စင်ကီ (Helsinki) ၏ မြောက်ဘက် အာတာရီမြို့ (AHTARI)၊ ကို ကားဖြင့် လေးနာရီကြာ သွားရပြီး အာတာရီမြို့ရှိ တိရိစ္ဆန်ရုံတွင် အကျော်ကြားဆုံး နေထိုင်သူနှစ်ဦးဖြစ်သည့် လူမီ (Lumi) နှင့် ပါယာ (Pyry) ပန်ဒါဝက်ဝံနှစ်ကောင်ရှိပါသည်။ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် ဝက်ဝံမွေးရပ်မြေမှ ကီလိုမီတာ ၆၅၀၀ ခန့်အကွာတွင် အာတာရီမြို့ သည် ဘေဂျင်း၏ ပန်ဒါသံတမန်ဆက်ဆံရေး၏ ဘဏ္ဍာရေး ကုန်ကျစရိတ်ကို ပေးသည့် နောက်ခံကားချပ် ဖြစ်သည်။ လူဦးရေ ၅,၄၀၀ ဝန်းကျင်ရှိသော မြို့ငယ်လေးဖြစ်သည့် အာတာရီရှိ တိရစ္ဆာန်ရုံသည် ပန်ဒါများကို ထိန်းထားရန် မတတ်နိုင်တော့သည့်အခြေအနေသို့ ကျရောက်လျက်ရှိသည်။ ၎င်းတို့၏ ၁၅ နှစ် သဘောတူ စာချုပ်ချုပ်ထားသော်လည်း ငါးနှစ်သာ ရှိသေးချိန်တွင် ပန်ဒါကို ဆက်လက်ထားရန် မတတ်နိုင်တော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ။ ဖင်လန်အမည် “နှင်း” နှင့် “နှင်းမုန်တိုင်း” ဟု အမည်ပေးထားသည့် ပန်ဒါဝက်ဝံစုံတွဲ၏ ကံကြမ္မာကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ၎င်းတို့အား တရုတ်နိုင်ငံသို့ ပြန်ပို့ရန် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ Nikkei Asia ၏ စစ်တမ်းတစ်ခုအရ ကမ္ဘာတစ်ဝှမ်းရှိ တိရစ္ဆာန်ရုံများသို့ ပန်ဒါဝတ်ဝံများကို ချေးငှားရန် သဘောတူညီချက်အရ ပန်ဒါတစ်စုံလျှင် တစ်နှစ်လျှင် ပုံမှန်ကုန်ကျစရိတ် ဒေါ်လာ ၁ သန်းဖြင့် သဘောတူ ငှားရမ်းထားမှုသည် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံသို့ ဝင်ငွေ ဒေါ်လာ သန်း ၃၀၀ နီးပါးကို ရရှိစေခဲ့ကြောင်း ဖော်ပြသည်။

ယင်းပမာဏသည် ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်နိုင်ငံ၏ စီးပွားရေးပမာဏနှင့် နှိုင်းယှဉ်ပါက နည်းပါးသည်။ သို့သော် တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံ ထိန်းသိမ်းရေး သုတေသနအတွက် ရံပုံငွေများကို ပံ့ပိုးရရှိစေခဲ့သည်ဟု ဆိုထားသည့် ချေးငွေအစီအစဉ်များသည် ပေကျင်း၏ အဓိက ပျော့ပျောင်းသော ဈေးကွက်ရှာဖွေရေး ကိရိယာများထဲမှ တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ပြောဆိုခဲ့ကြသည်။ လိုအပ်သော ဘဏ္ဍာငွေအတွက် အခြားနိုင်ငံများမှ ပေးဆောင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

“ ဖမ်းဆီးထားတဲ့ ပန်ဒါဝတ်ဝံတွေကို ငှားရမ်းလိုက်ခြင်းက ရရှိတဲ့ငွေတွေကို တရုတ်နိုင်ငံက သုံးစွဲတဲ့အခါ ပွင့်လင်းမြင်သာမှု မရှိဘူး” ဟု တိရိစ္ဆာန်၏ ခေတ်သစ်သမိုင်းဆိုင်ရာ “The Way of the Panda” ကို ရေးသားသူ Henry Nicholls က ပြောကြားခဲ့သည်။ “ ဒီငွေတွေကို ဘယ်လိုနေရာမှသုံးမှန်း ကျွန်တော်တို့မသိဘူး” ဟု သူကဆိုသည်။

ပန်ဒါဝက်ဝံအငှားကာလများ ကုန်ဆုံးသွားသည်နှင့်အမျှ ၎င်း၏ပန်ဒါ ၃ ကောင်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာလလယ်တွင် ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း အမေရိကန်ရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်က ပြီးခဲ့သည့်အပတ်က ကြေညာခဲ့ပြီး ယူကေရှိ အီဒင်ဘာရာတိရစ္ဆာန်ဥယျာဉ်သည် ၎င်း၏ပန်ဒါဝတ်ဝံစုံတွဲကို ၂၀၂၃ ခုနှစ် မကုန်မီ တရုတ်ပြည်သို့ပြန်ပို့ရန် ပြင်ဆင်လျက်ရှိသည်။ ပန်ဒါဝက်ဝံ ငှားရမ်းမှုအတွက် တစ်နှစ်လျှင် ဒေါ်လာ ၁ သန်းခန့် ပေးဆောင်ရန် သဘောတူခဲ့သည့်အပြင် တိရစ္ဆာန်ရုံမှလည်း ပန်ဒါအိမ်တစ်လုံးကို ယူရို ၈.၂ သန်း (ဒေါ်လာ ၈.၇ သန်း) အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မျှော်လင့်ထားသော သားပေါက်များအတွက် အထောက်အကူပစ္စည်းများပါ ပါဝင်သည်။ တိရစ္ဆာန်ရုံသည် တရုတ်နိုင်ငံသို့ ပေးဆောင်ရသည့် ပမာဏ အတိအကျကို မဖော်ပြသော်လည်း ပန်ဒါဝက်ဝံများ၏ စုစုပေါင်းကုန်ကျစရိတ်သည် တစ်နှစ်လျှင် ယူရို ၁.၅ သန်း (ဒေါ်လာ ၁.၆ သန်း) ရှိကြောင်း စီအီးအို Arja Väliaho က ယခုနှစ်အစောပိုင်းတွင် ဖင်လန်မီဒီယာသို့ ပြောကြားခဲ့သည်။

အာရှဘဏ္ဍာရေး အကျပ်အတည်းအပြီး ၁၉၉၈ ခုနှစ်တွင် ရံပုံငွေပြတ်လပ်မှုကြောင့် တောင်ကိုရီးယားနိုင်ငံမှ ပန်ဒါစုံတွဲ တစ်တွဲကို တရုတ်နိုင်ငံသို့ အစောပိုင်းတွင် တစ်ကြိမ်သာ ပြန်ပို့ခံခဲ့ရဖူးသည်။ နောက်ဆုံးထုတ် ပန်ဒါငှားရမ်းခငွေသည် ကာတာ ပင်လယ်ကွေ့နိုင်ငံ၏ ဘောလုံးကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်အချိန်နှင့် တိုက်ဆိုင်စွာ တရုတ်နိုင်ငံမှ စုံတွဲတစ်တွဲကို ကာတာသို့ ပို့ဆောင်ပေးခဲ့သည်။ နောက်ဆုံးပေါ် ပန်ဒါငှားရမ်းမှုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က တရုတ်နှင့် ကာတာ နှစ်နိုင်ငံကြား ကုန်သွယ်မှု ၅၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကာတာသည် တရုတ်နိုင်ငံသို့ ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့ရည် တင်သွင်းသူ ဖြစ်လာခဲ့သည်။ Nikkei မှ လေ့လာမှုများအရ တိရစ္ဆာန်ရုံမှတ်တမ်းများ၊ တရားဝင်တင်သွင်းမှုများ၊ အများသူငှာစာရွက်စာတမ်းများနှင့် မီဒီယာ အစီရင်ခံချက်များအရ တိုရွန်တိုမှ တိုကျိုအထိ တိရစ္ဆာန်ရုံများမှ ၁၉၉၄ ခုနှစ်မှစ၍ အနည်းဆုံးဒေါ်လာ သန်း ၂၈၀ ကို တရုတ်နိုင်ငံသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြခဲ့သည်။

မလေးရှားတွင် အစိုးရက ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် အစိုးရက ၁၀ နှစ်ကြာ ကွာလာလမ်ပူရှိ တိရစ္ဆာန်ရုံ နီဂါရာ(Negara) တွင် ပန်ဒါနှစ်ကောင် လက်ခံရန် ၂၀၂၄ ခုနှစ်တွင် ရင်းဂစ် ၁၅၁ သန်း (ထိုအချိန်၏ ငွေလဲနှုန်းအရ ဒေါ်လာ၃၅ သန်းခန့်) သုံးစွဲရန် လိုအပ်မည်ဟု ခန့်မှန်းခဲ့သည်။ ၁၉၉၆ ခုနှစ်မှစတင်၍ အမေရိကန်တွင် ဆန်တီယာဂို (San Diego)၊ အက်တလန်တာ (Atlanta)၊ နေရှင်နယ် (Nationa)l နှင့် မန်းဖစ်စ် (Memphis) တိရစ္ဆာန်ရုံလေးခုမှ ပန်ဒါနှစ်ကောင်စီကို ငှားရမ်းရန် စီစဉ်ခဲ့သည်။ ၂၀၀၃ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း တိရစ္ဆာန်ရုံများသည် ၎င်းတို့ထံမှ ရရှိသည့်ဝင်ငွေထက် ပန်ဒါများ လက်ခံ ပြသရခြင်း ခြင်းအတွက် ဒေါ်လာ ၃၃ သန်း ပိုမိုသုံးစွဲခဲ့ရသည်ဟု ၂၀၀၅ ခုနှစ် ဝါရှင်တန်ပို့စ် ဆောင်းပါးတစ်ခုအရ သိရသည်။

၂၀၀၃ ခုနှစ်တွင် မန်းဖစ်စ်တိရစ္ဆာန်ရုံတွင် အခြေချနေထိုင်ခဲ့သော လဲ့လဲ့နှင့် ယာယာတို့သည် အမေရိကန်သို့ နောက်ဆုံးငှားရမ်းထားသော ပန်ဒါများဖြစ်သည်။ တရုတ်နိုင်ငံသည် ငှားရမ်းထားသည့်ပန်ဒါများကို သက်တမ်းစေ့သည့်အခါ နောက်သက်တမ်း ထပ်တိုးပါက ငှားရမ်းခကို တဝက် လျော့ချပေးသည်။ သို့သော် ပန်ဒါအသစ်များကို ငှားပါက ယခင်ဈေး အတိုင်းယူသည်။ ယူကေရှိ အီဒင်ဘာရာတိရစ္ဆာန်ရုံသို့ စာချုပ်သက်တမ်းတိုးစဉ်တွင် အလားတူလျှော့ဈေးများ ပေးအပ်ခဲ့ကြောင်း Nikkei သို့ ပြောကြားခဲ့ပြီး ၎င်းတို့တွင်ရှိသည့်စုံတွဲကို လာမည့်လတွင် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ပေးပြီးနောက် ပန်ဒါအသစ် ငှားရမ်းခြင်းအား လုပ်မည် မဟုတ်ကြောင်း ဆိုသည်။ သြစတြေးလျရှိ Adelaide တိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါများသည် လာမည့်နှစ်တွင် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ပေးရတော့မည် ဖြစ်သည်။

တိုကျိုတွင် မွေးဖွားသည့် ပန်ဒါဝက်ဝံကလေး ဇင်းဇင်း (Xiang Xiang) ၏ ကျော်ကြားမှုသည် ဂျပန်မြို့တော် အူအဲနို (Ueno) တိရစ္ဆာန်ရုံတွင် စီးပွားရေးအကျိုးအမြတ်များကို ရရှိရန် အားပေးခဲ့သည်။ ကန်ဆိုင်းတက္ကသိုလ် (Kansai University) မှ စီးပွားရေးဆိုင်ရာ ပါမောက္ခ ကတ်ဆူဟီရို မီယာမိုတို (Katsuhiro Miyamoto) ၏ အဆိုအရ ဇင်းဇင်းသည် ၂၀၁၇ မှ ၂၀၂၀ ခုနှစ်အထိ ဂျပန်စီးပွားရေးအတွက် ယန်း ၅၃.၉ ဘီလီယံ (ဒေါ်လာ ၃၆၀ သန်း) ရရှိစေခဲ့ပါသည်။

ငှားရမ်းစာချုပ် သဘောတူညီချက်များအရ ငှားရမ်းထားသည့်ပန်ဒါများကို လက်ခံထားသည့် တိရစ္ဆာန်ရုံများသည် မိမိတို့ တိရစ္ဆာန်ရုံများတွင် မွေးဖွားသော သားပေါက်ကလေးတိုင်းအတွက် တရုတ်အစိုးရကို အပိုငွေ ပေးဆောင်ရမည်ဖြစ်ပြီး ထိုသားပေါက်ကလေးများကိုလည်း တရုတ်အစိုးရကသာ ပိုင်ဆိုင်ပါသည်။ အဆိုပါ သားပေါက်များသည် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှုအဖြစ် ကျန်ရှိနေခဲ့ပြီး ၎င်းတို့သည် အသက်နှစ်နှစ်မှ လေးနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်ဖြစ်သည်။ ဇင်းဇင်းသည် ကိုဗစ်-၁၉ ကြောင့် တရုတ်နိုင်ငံသို့ ပို့ရန် အကြိမ်များစွာ နှောင့်နှေးခဲ့ရပြီး သူမ၏ နောက်ဆုံးဂျပန်နိုင်ငံမှ ထွက်ခွာရသည့် ဖေဖော်ဝါရီတွင် ချစ်လှစွာသော ပန်ဒါဝက်ဝံကလေး ဇင်းဇင်းအား နှုတ်ဆက်ရန် နာရီပေါင်းများစွာ စောင့်ဆိုင်းနေသော ဂျပန်ပရိသတ်များ၏ နှလုံးသားကို ဆွဲဆောင်ခဲ့ပြီး ဝမ်းနည်းကြေကွဲစေခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ခေတ်တွင် ပန်ဒါသံတမန်ဆက်ဆံရေး ချဲ့ထွင်လာခဲ့သည်။ ၂၀၁၄ ခုနှစ်မှစတင်၍ သူ၏အစိုးရသည် ပြည်ပသို့ ပန်ဒါ ၂၁ ကောင် စေလွှတ်ခဲ့ပြီး ၁၃ ကောင်ကို ဥရာပသို့ပို့ဆောင်ခဲ့သည်။ ပျမ်းမျှငှားရမ်းကာလကို ယခင် ၁၀ နှစ်မှ ၁၅ နှစ်အထိ တိုးမြှင့်ခဲ့သည်။ တစ်ချိန်တည်းတွင်၊ ပန်ဒါချေးငွေ၏ စာချုပ်အသေးစိတ် အချက်အလက်များသည် ပို၍လျှို့ဝှက်လာသည်။

ရှီသည် ၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတဖြစ်လာပြီးကတည်းက ထိုင်ဝမ်နှင့်ပတ်သက်သော သံတမန်ရေးတင်းမာမှုများ တိုးမြင့်လာခြင်းနှင့် နည်းပညာဆိုင်ရာ ကုန်သွယ်ရေး ပွတ်တိုက်မှုများကြောင့် ပန်ဒါများကို အမေရိကန် သို့မဟုတ် ဂျပန်သို့ စေလွှတ်ခြင်းမျိုး မရှိခဲ့ပေ။ တရုတ်နိုင်ငံသို့ မပြန်မီ နှစ်လအလိုတွင် အမေရိကန်ရှိ မန်းဖစ်စ်တိရစ္ဆာန်ရုံ၌ ပန်ဒါဝက်ဝံတစ်ကောင် သေဆုံးမှုမှာလည်း အခြေအနေ ဆိုးရွားခဲ့သည်။ အငှားစာချုပ်တစ်ခုအတွင်း တိရစ္ဆာန်ရုံတစ်ခုအတွင်း ပန်ဒါတစ်ကောင် သေဆုံးပါက လျော်ကြေးဒေါ်လာ ၅၀၀,၀၀၀ (ငါးသိန်း) မှ ၁ သန်းအထိ တရုတ်က တောင်းခံထားသည်။ ပန်ဒါအငှားစာချုပ်များအရ ရန်ပုံငွေအားလုံးကို မျိုးစိတ်များ၏ နေရင်းဒေသများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အသုံးပြုရန်အတွက် တရုတ်တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ (CWCA) သို့ ပေးပို့သည်။

Nikkei Asia ပါ “ China’s panda business: How zoos from U.S. to Japan fund Beijing soft power” ကို ထုတ်နှုတ်၍ ဘာသာပြန်ထားပါသည်။

အယ်ဒီတာမှတ်ချက်။

တရုတ်ပန်ဒါဝက်ဝံ သံတမာန်စီးပွားရေးသည် မြန်မာနိုင်ငံသို့ ရောက်လာစရာ အကြောင်းမရှိပါ။ တရုတ်မှ အလကားငှားလျှင်ပင် ပန်ဒါဝက်ဝံကို သူ့သဘာဝအတိုင်း နေနိုင်သည့် နေရာထိုင်ခင်း၊ အပူချိန်တို့ကို၊ ပေးအပ်နိုင်မည် မဟုတ်ကြောင်း သေချာနေပါသည်။ ထို့ပြင် တရုတ်မှ သံတမန် ဆက်ဆံရေးကောင်းရန် ကြိုးစားနေစရာလည်း မလိုအပ်ပါ။ မြန်မာသည် တရုတ်သနားမှ ချမ်းသာရမည့် အနေအထားသို့ ကျရောက်နေပြီ မဟုတ်ပါလား။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည်
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 116 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင်
တရုတ် နိုင်ငံတကာသတင်း

တရုတ်စစ်တပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ကျန်းယို့ရှာ (General Zhang Youxia) ၏ ပြည်သူသို့ လျှို့ဝှက်ပေးစာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 60 Views
အားလုံးပဲ မင်္ဂလာပါ၊ Lasro Talk ကနေ ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ညက CMC (ဗဟိုစစ်ကော်မရှင်) ဒုတိယဥက္ကဋ္ဌ အဖမ်းမခံရခင်က ရေးသားခဲ့တယ်လို့ ယူဆရတဲ့ လျှို့ဝှက်ပေးစာတစ်စောင် ထွက်ပေါ်လာပါတယ်။ ဒီစာကို ဆိုရှယ်မီဒီယာ သြဇာရှိသူတွေနဲ့ တရုတ်ဘာသာစကား သတင်းမီဒီယာတွေဆီ
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 56 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 126 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 180 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “