နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (၇၂) နာရီကြာ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီအင်အား အလုံးအရင်းဖြင့် မြို့ကို ပြန်လည်စီးနင်းသည့်အတွက် ပ.က.ဖ အဖွဲ့ ပြန်လည် ဆုတ်ခွာ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (၃) ရက် (၇၂)နာရီအကြာစီးနင်းထားနိုင်ရာမှ ဖေဖေါ်ဝါရီ (၄) ရက်မှာ စစ်ကောင်စီရဲ့ သာလွန်အင်အားအလုံးအရင်းနဲ့ မြို့ကို ပြန်လည်စီးနင်းခဲ့တဲ့တာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့ တောင်ဘက် အိန္ဒိယနယ်စပ်အနီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေပြည်အေးမြို့ကို ဒေသကာကွယ်ရေးအဖွဲ့များ (PDF) က ဖေဖော်ဝါရီ ၁ ရက်မှာ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒေသခံ ပြည်သူတွေ ရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိတာ ကြောင့် မဆုံးရှုံးအောင် ယာယီနောက်ဆုတ်ပေးလိုက်တာလည်း ဖြစ်တယ်လို့ ပ.က.ဖ အဖွဲ့က ပြောပါတယ်။

ရွှေပြည်အေးမြို့ ဆိပ်ကမ်းအနီး ကုန်းတခုပေါ်တွင် အခိုင်အမာဆောက်ထားသည့် စစ်ကောင်စီစခန်းတစ်ခု။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရွှေပြည်အေးမြို့က ပြန်ဆုတ်ခွာပြီး မြို့ထဲကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ကာဒေသခံ အချို့ကို ပစ်ခတ်ခဲ့တယ် လို့သိရပါတယ်။ စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ် ယာဉ်နဲ့ သုံးကြိမ်လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ပ.က.ဖ အဖွဲ့ အနေနဲ့ ရွှေပြည်အေးမြို့ဆိပ်ကမ်းရှိ စစ်ကောင်စီဌာနချုပ်ကို စခန်းကို မသိမ်း ပိုက်နိုင်ခဲ့ဘူးလို့သိရပါတယ်။

စစ်ကောင်စီက လေကြောင်းက လာရောက်ပစ်ခတ်ခဲ့တဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် (၁) စီးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


Photo -PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 10 Views
ဇန်နဝါရီလ (၂၃)ရက်။ ‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ချောင်းဦးမြို့မှာ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ချောင်းဦးမြို့ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းရဲ့
မြန်မာသတင်း

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်ကို ထရန့်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 6 Views
ဇန်နဝါရီလ (၂၃) ရက်။ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်က သဘောမတူရင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန် သမ္မတထရန့်က ပြောပါတယ်။ ဇန်နဝါရီလ (၂၂) ရက်နေ့မှာ သမ္မတထရန့်က ယူကရိန်းကို
မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 11 Views
ဇန်နဝါရီလ (၂၃)ရက်။ ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ BGF အနေနဲ့ ဒေသထဲလာရောက်ပြီး ဖွံ့ဖြိုးရေးလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ခေါ်လက်တွဲတာဖြစ်ပြီး
မြန်မာသတင်း

အခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 6 Views
ဇန်နဝါရီလ (၂၃)ရက်။ အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ လုပ်ရပ်‌တွေ တားဆီးဖို့၊
မြန်မာသတင်း

ဆောထိမြို့နယ်မှာ စစ်ကောင်စီဒရုန်းကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး (၂)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 7 Views
ဇန်နဝါရီလ (၂၃)ရက်။ ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆောထိမြို့နယ်ရှိ ရေကြည်ချောင်းရွာ ဘုန်းကြီးကျောင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ရေကြည်ချောင်းရွာဘုန်းကြီးကျောင်းကနေ စစ်ကောင်စီက
မြန်မာသတင်း

တနင်္သာရီမြို့ သိန်ခွန်းရွာအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က အရပ်သားတွေကို ပေါ်တာဆွဲတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 19 Views
ဇန်နဝါရီလ (၂၃)ရက်။ တနင်္သာရီမြို့ရှိ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေတယ်လို့ တိုင်းစစ်ဌာန(တနင်္သာရီ)ရဲ့ ဗျူဟာ(၃၅)နယ်မြေတာဝန်ခံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက တနင်္သာရီ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတာကြောင့် သိန်ခွန်းကျေးရွာအနီးမှာ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်နေတာ”
မြန်မာသတင်း

အစည်းအဝေးတွေနဲ့ အချိန်ကုန်ကြရမယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 17 Views
ဇန်နဝါရီလ (၂၃)ရက်။ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ အခုရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြော‌ဆိုခဲ့တယ်လို့ သိရပါတယ်။ “ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့တာကြောင့် တွေ့ဆုံမှုတိုင်းကို ရလဒ်ကောင်းကောင်းထွက်အောင် ကြိုးစားပြီး