ရန်ကုန်မြို့ တနေရာတွင် ဧပြီ (၆)ရက် ညနေပိုင်း က ဗကသများအဖွဲ့ချုပ် ကျောင်းသားလူငယ်များ ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ လူငယ်များက “ လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်” စာသားပါ ဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/04/339340333_624453919011277_1656964905069352585_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/04/340089214_184047554425848_5156825240293029891_n-2.jpg)
![](https://eraseye.com/wp-content/uploads/2023/04/339922971_187448213623644_3002787087119774493_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/04/339340333_624453919011277_1656964905069352585_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/340089214_184047554425848_5156825240293029891_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/04/340089214_184047554425848_5156825240293029891_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/339922971_187448213623644_3002787087119774493_n.jpg)
ယင်းဆန္ဒပြ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Era’sEyes / ဓာတ်ပုံ – ဗကသ