နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဝန်ထမ်းတွေ တာဝန်မှမနှုတ်ထွက်ပါက ထိရောက်စွာအရေးယူမယ်လို့ KNU တပ်မဟာ(၅) ထပ်မံသတိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅) နယ်မြေအတွင်းက စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမှာ လည်ပတ် အထောက်အကူဖြစ်စေတဲ့ ဝန်ထမ်းတွေအ‌နေနဲ့ သက်ဆိုင်ရာ ရာထူးတာဝန်တွေကနေ စွန့်လွှတ်၊ထွက်ခွာ နှုတ်ထွက်ခြင်းမပြုပါက ပိုမိုထိရောက်စွာ အရေးယူသွားမယ်လို့ KNU တပ်မဟာ(၅)က ဒီနေ့မှာ သတိပေးချက်ထပ်မံထုတ်ပြန်လိုက်ပါတယ်။

တပ်မဟာ(၅)အနေနဲ့ စစ်ကောင်စီဝန်ထမ်းတွေ နှုတ်ထွက်ဖို့ ဒီနှစ် ဇန်နဝါရီ ၁ရက်က ပထမအကြိမ် ကြေညာချက် ထုတ်ပြန်သတိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ အုပ်ချုပ်ရေးမှူးတချို့က လိုက်နာဆောင်ရွက်မှုရှိခဲ့သော်လည်း ဝန်ထမ်းနဲ့အုပ်ချုပ်ရေးမှူးတချို့မှာ လက်ရှိအထိလိုက်နာဆောင်ရွက်မှုမရှိတဲ့အပြင် ထုတ်ပြန်ချက်ကို ဆန့်ကျင်ပြီး စစ်ကောင်စီ အကျိုးပြုစေသည့် လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒါကြောင့် ကျန်ရှိနေတဲ့ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို တပ်မဟာ၅ရဲ့ အရင်အမိန့်ထုတ်ပြန်ကြေညာချက်အတိုင်း အတိအလင်း လိုက်နာ ဆောင်ရွက်ဖို့နဲ့ မလိုက်နာပါကဆန့်ကျင်သူအဖြစ် သတ်မှတ်ပြီး အရင်ကထက် ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သတိပေးထားပါတယ်။

Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KNU က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူတွေကို စစ်ရှောင်ခိုင်း

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 9 Views
ဧပြီလ (၂၄) ရက်။ မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိလိုက်တဲ့လာရှိုးမြို့ကနေ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာရချိန်မှာ
မြန်မာသတင်း

ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 13 Views
၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။ မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ
မြန်မာသတင်း

ရေစကြိုရှိ ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 21 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၁)ရက်နေ့ကစပြီး ရေစကြိုမြို့နယ် ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဧပြီလ ၂၁ ရက်နေ့က စခတွေက ကြူရွာကနေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့ လားရှိုးမြို့ကိုပြန်ရတယ်။ ဒီလိုပြန်ရတာ ကိုယ့်စစ်တပ်ရဲ့တိုက်ရည် ခိုက်ရည်ကြောင့် မဟုတ်ဘဲ တရုတ်အားကိုးနဲ့ပြန်ရတာကြောင့် ဂုဏ်ယူစရာထက် ရှက်စရာကောင်းသလို
မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်တာလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ဧပြီလ (၂၃)ရက်။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ကို စေလွှတ်တာလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mr. Guo Jiakun က မနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ကို တရုတ်ဘက်က အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
ဧပြီလ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်တွေထံက သိရပါတယ်။ “ ဒီပဲယင်းနယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာကို အကြမ်းဖက်မင်းအောင်လှိုင်ကျွန်တွေက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဝေဟင်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ထားတဲ့ သဘောထားကို သုံးသပ်ကြဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
ဧပြီလ (၂၃)ရက်။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လဲ