နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

Burma

Burma Civil War

ဒီပဲယင်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။

နိုဝင်ဘာလ (၇)ရက်နေ့က ဒီပဲယင်းအနောက်ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံက သိရပါတယ်။

မနေ့ကစပြီး ဒီပဲယင်းအနောက်ခြမ်းရှိ ပျံကျရွာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တပ်စွဲထားကာ အနီးဝန်းကျင်က ကျေးရွာ (၁၀)ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်စစ်သားတွေက ပျံကျရွာမှာ တပ်စွဲထားပါတယ်။ နိုဝင်ဘာ ၇ရက် ည ၇နာရီခွဲအထိ အနီးဝန်းကျင်ရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်”လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေနဲ့ စစ်ဘေးရှောင်တွေအတွက် ရိက္ခာအကူအညီတွေကို ပေးပို့ထောက်ပံ့နေကာ အလှူရှင်တွေအနေနဲ့လည်း ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

နိုဝင်ဘာလ (၅)ရက်နေ့ကလည်း ဒီပဲယင်းမြို့ရှိ စိုင်ပြင်ရဲစခန်းကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Civil War ကရင်ပြည်နယ်

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေကို ဖျက်ဆီးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 597 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်။ မုန်းမြို့နယ်၊ နတ်သံကွင်းမြို့ကို ပဲနွယ်ကုန်းမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကား(၂)စီးနဲ့ သံချပ်ကာကား(၁)စီးကို
Burma Civil War စစ်ရေးသတင်း

ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ခြေရင်းစခန်းတစ်ခုကို KNLA, BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 704 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ဒီနေ့
1027 Operations Civil War စစ်ရေးသတင်း

(၅) ရက်အတွင်း ထီးချိုင့်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၀၀)ကျော်အထိသေဆုံးခဲ့တယ်လို့ ထီးချိုင့် PDF ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 507 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅)ရက်အတွင်း အပြစ်မဲ့ပြည်သူ (၁၀၀) ကျော်အထိ သေဆုံးခဲ့တယ်လို့ ထီးချိုင့်-PDF ရဲ့ မနေ့က မြို့ပေါ်သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “လေယာဉ်ဗုံးစတွေကြောင့်
Civil War စစ်ရေးသတင်း

ယောကာကွယ်ရေးတပ် အပတ်စဉ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 631 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။ မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် -YDF က ပြုလုပ်သည့် အပတ်စဥ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။
1027 Operations Burma မြန်မာ့နိုင်ငံရေး

စစ်ရှိန်မြှင့်တင်နေတဲ့ကာလ ချင်းပြည်နယ်မှာ အကူအညီပေးနိုင်ရေး ICNCC နဲ့ အစည်းအဝေးပြုလုပ်ခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 596 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ မြန်မာနိုင်ငံအနှံ့ စစ်ရှိန်မြှင့်တင်နေတဲ့ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျှော့ချရေးနဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ဖို့ ICNCC နဲ့ NUG ဝန်ကြီးဌာနတို့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရှိန်မြှင့်တင်နေတဲ့ကာလ
1027 Operations Burma Civil War

ညီနောင် (၃) ဖွဲ့ရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 603 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ တရားဝင်သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ညီနောင် (၃) ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုသည်မှာ သတင်းအမှားသာဖြစ်တယ်လို့ ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေး သတင်းထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 688 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုတာ သတင်းအမှားသာ ဖြစ်တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ထီးချိုင့်မြို့ပေါ်အား တိုက်လေယာဉ်နဲ့
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ ပစ်ခတ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 817 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ နိုဝင်ဘာလ (၉)ရက် ညပိုင်းနဲ့ ဒီကနေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။