နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

G7 နိုင်ငံခြားရေးဝန်ကြီးများ ဂါဇာကမ်းမြောင်တိုက်ပွဲများ လူသားချင်းစာနာထောက်ထားမှုအတွက် ရပ်တန့်ထားရန် ထောက်ခံကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ တိုကျို။

ဂါဇာကမ်းမြှောင်ကို အထောက်အပံ့ပစ္စည်းများ ပေးအပ်ရန်၊ နေထိုင်သူများကို နေရာရွှေ့ပြောင်းရန်နဲ့ ဓားစာခံများ လွတ်မြောက်ရေးအတွက် ဒီကနေ့ နိုဝင်ဘာလ (၈)ရက်နေ့ တိုကျိုမှာ ကျင်းပတဲ့ G7 ကမ္ဘာ့ထိပ်သီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ “ လူသားချင်းစာနာမှုဆိုင်ရာ တိုက်ပွဲများရပ်တန့်ရေး” ကို ထောက်ခံကြောင်း အားလုံးက သဘောတူညီခဲ့ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးများရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ နိုင်ငံတကာဥပဒေကို အခြေခံတဲ့ အစ္စရေးနိုင်ငံရဲ့ မိမိကိုယ်ကို ခုခံကာကွယ်မှုကို ထောက်ခံကြောင်း ပြောကြားခဲ့ပေမဲ့ ဟားမတ်စ်အဖွဲ့ရဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဓားစာခံအားလုံးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လုပ်ဆောင်ရန်လည်း တောင်းဆိုခဲ့ပြီး တိုက်ပွဲတွေ ရပ်တန့်ပြီး လိုအပ်နေတဲ့စားနပ်ရိက္ခာတွေ ပို့ဆောင်ရန်၊ အရပ်သားများနဲ့ ဓားစာခံတွေ လွတ်မြောက်ရန် လမ်းကြောင်းနှစ်ခု ဖွင့်လှစ်ခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် G7 နိုင်ငံများဟာ ဂါဇာကမ်းမြှောင်ဒေသအရေးကို ရေရှည်တည်တံ့သော အဖြေတစ်ခု ရရှိရေးအတွက် ကြိုးပမ်းရန်နဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား နှစ်နိုင်ငံ အတူတကွ ပူးတွဲရပ်တည်ရေးကို ဦးတည်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ၎င်းတို့ရဲ့ ရည်ရွယ်ချက်ကို အတည်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့ အာရပ်နိုင်ငံတွေ တောင်းဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေးကတော့ တောင်းဆိုမှုထဲမှာ မပါဝင်ပါဘူး။ နိုင်ငံတကာ အသိုက်အဝန်းက လက်ရှိ အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို ရှုတ်ချပြီး အပစ်အခတ်ရပ်စဲဖို့ကို တောင်းဆိုနေကြပါတယ်။

G7 ကမ္ဘာ့ထိပ်သီးနိုင်ငံခြားရေးဝန်ကြီးများနှင့် EU ကိုယ်စားလှယ်များ တိုကျိုတွင် စုဝေးကြစဉ်

Sina Schuldt/picture-alliance/dpa/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 24 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 41 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို