နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာမှာ သေဆုံးသူတစ်သောင်းကျော်သွားပြီဟု ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ဂါဇာ။

ဂါဇာကမ်းမြောင်မှာ ပြီးခဲ့တဲ့လ (၇) ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်းဦးရေ တစ်သောင်းကျော်သွားပြီလို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၆) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဂါဇာမှာ ပါလက်စတိုင်း ၁၀,၀၂၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ သေဆုံးတဲ့သူတွေထဲမှာ ကလေး ၄,၁၀၄ ဦး၊ အမျိုးသမီး ၂,၆၄၁ ဦး၊ သက်ကြီးရွယ်အို ၆၁၁ ဦး ပါဝင်သည်။ အဲ့ဒီကိန်းဂဏာန်းများအရ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ သေဆုံးမှုဟာ သေဆုံးသူဦးရေရဲ့ လေးပုံသုံးပုံလောက်ရှိနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၂၅၄၀၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။

အဲ့ဒီကိန်းဂဏန်းတွေထဲမှာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဘက်က လုံးဝပိတ်ဆို့ထားပြီး၊ အီဂျစ်ဘက်ကလည်း ပိတ်ဆို့ထားပါတယ်။

အစ္စရေးနိုင်ငံမှာ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကြောင့် ၁၄၀၀ သေဆုံးခဲ့ရပြီး ၂၄၀ ကျော် ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အစ္စရေးတွေက ဟားမတ်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန် ကြေညာထားပြီး ဂါဇာကို လေကြောင်းရော မြေပြင်ရောကပါ အပြင်းအထန် တိုက်ခိုက်နေပါတယ်။

ဒီတစ်လအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းတွေ သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း အစ္စရေးနဲ့ ပဋိပက္ခတွေမှာ သေဆုံးမှုထက် ပိုများပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကတော့ အစ္စရေးရဲ့ ဂါဇာမှာရှိတဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုကို ရှုတ်ချပြီး စစ်ပွဲကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုနေကြပါတယ်။

Mahmud Hams/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

ယူကေနဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ဆေးခပ်ပြီးမုဒိမ်းကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 20 Views
CNN —  ဗြိတိန်နဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို မု ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည့် တရုတ်အမျိုးသားကို တစ်သက်တစ်ကျွန်း အနည်းဆုံး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှာ အောင်မြင်မှုမရရှိခဲ့ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 20 Views
BBC သတင်း ၂၀၂၅ခုနှစ် ဂျွန်လ ၂၇ရက် အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးသော လူသိရှင်ကြား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်- အီရန် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျှို့ဝှက်သံတမန်ရေးရာ ကြိုးပမ်းမှုများ အသေးစိတ် ထွက်ပေါ်လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 26 Views
CNN — ထရမ့်အစိုးရသည် အရပ်ဘက်စွမ်းအင် ထုတ်လုပ်သည့် နျူကလီးယား အစီအစဉ် တည်ဆောက်ရန်အတွက်အီရန်ကို ဒေါ်လာ ၃၀ဘီလီယံ အကူအညီပေးပြီး စီးပွားရေး ပိတ်ဆို့ထားမှုများကို လျော့ချပေးမည့်အပြင် ဘီလီယံ နှင့်ချီပြီး အေးခဲထားခဲ့သော အီရန်ပိုင်ငွေများကို ပြန်လည် အသုံးပြုခွင့်ပေးမည်
နိုင်ငံတကာသတင်း အမေရိကန်

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်က အဲဗားဂလိပ်စ် (Everglades) ရှိနေရာအား မိကျောင်းအယ်ကတ်ရက်ဇ် ‘ (Alligator Alcatraz’ )ရွှေ့ပြောင်းအကျဉ်းစခန်းအဖြစ်အသုံးပြုရန်အဆိုပြုခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
ABC News ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် “ မင်းဒီပတ်ဝန်းကျင်မှာ ဒီလောက်အများကြီး ရင်းနှီးကုန်ကျခံစရာလုပ်ဖို့ မလိုအပ်ပါဘူး” ဟု ဂျိမ်းစ် အပ်မိုင်ရာ (James Uthmeier) က ပြောကြားခဲ့သည်။ ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်အပ်မိုင်ရာ သည်
နိုင်ငံတကာသတင်း အာရှ

ထရမ့်၏ အီရန်အပေါ် တိုက်ခိုက်မှုသည် မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယား လက်နက်များကို ထိန်းသိမ်းထားရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားခြင်းကို ဖြစ်စေခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 33 Views
CNN ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး တီဟီရန်၏နျူကလီးယားရည်မှန်းချက်များနှင့် ဆက်စပ်နေသည့် အဆောက်အအုံများကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ခြင်းကို – အီရန်ထက် အဆပေါင်းများစွာ နျူကလီးယား လက်နက်များ ပိုမိုအဆင့်မြင့်သော မြောက်ကိုရီးယားသို့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
ဇွန်လ (၂၆) ရက်။ နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်တစ်ခုကို ပြောဆိုခဲ့သည်။ ထရန့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်၏နျူကလီးယားစက်ရုံ တည်ဆောက်ထားမှုကို ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
အစ္စရေးနှင့် အမေရိကန်တို့၏ “အကြိမ်ကြိမ် တိုက်ခိုက်မှု” အပြီးတွင် အီရန်၏ နျူကလီးယား စက်ရုံတည်ဆောက်ထားမှုမှာ ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်စမေးလ် ဘက်ဟီ (Esmail Baghaei) က ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ် နိုင်ငံတကာသတင်း ရုရှား အရှေ့အလယ်ပိုင်း

ရှီနှင့် ပူတင်တို့သည် အစ္စရေး-အီရန် အကျပ်အတည်းတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းပြီး ထရန့်အား ဖုံးကွယ်ထားသော သတင်းစကားဖြင့် ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 37 Views
တရုတ်နှင့် ရုရှားတို့သည် အကျိုးအကြောင်းဆီလျော်စွာ ပြောကြာသူများအဖြစ် နေရာယူပြီး အမေရိကန်ပြည်ထောင်စုမှ ဝင်ရောက်ရန် စဉ်းစားနေသည့် ပဋိပက္ခကို အရှိန်လျှော့ချရန် တောင်းဆိုနေကြသည် ။ ၎င်းတို့သည် ကြာသပတေးနေ့တွင် ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ အကြား ဖုန်းခေါ်ဆိုမှုအတွင်း ကြိုးပမ်းခဲ့သည့် မြင်ကွင်းများဖြစ်သည်။