နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စစ်ပွဲပြီးဆုံးလျှင် ဂါဇာ၏ အလုံးစုံလုံခြုံရေးအတွက် “အချိန်ကာလအကန့်အသတ်မရှိ” အစ္စရေးက တာဝန်ယူရလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

၂၀၂၃ ခု နှစ်၊ နိုဝင်ဘာလ (၈) ရက်၊ အစ္စရေး။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေးအတွက် “စစ်ပွဲပြီးရင် အစ္စရေးနိုင်ငံဟာ အချိန်ကာလ အကန့်အသတ်မရှိ အလုံးစုံ လုံခြုံရေးအတွက်” အစ္စရေးက တာဝန်ယူရမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက (၆) ရက်နေ့က ABC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို ဟားမတ်စ်အုပ်ချုပ်တဲ့ပုံစံအတိုင်း မလိုလားတဲ့သူတွေက အုပ်ချုပ်သင့်တယ်လို့ ပြောပါတယ်။ “အစ္စရေးဟာ လုံခြုံရေးကို အကန့်အသတ်မရှိ တာဝန်ယူရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မပါဝင်တဲ့အခါ ဘာဖြစ်သွားလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဟားမတ်စ်မှ ဖမ်းဆီးထားသော ဓားစာခံများအားလုံး မလွတ်မြောက်မချင်း အထွေထွေအပစ်အခတ်ရပ်စဲရေးကို လက်မခံကြောင်း အစ္စရေးက ထပ်လောင်းပြောကြားခဲ့ပေမဲ့ တိုက်ပွဲများ ရေတိုရပ်ဆိုင်းရန် စဉ်းစားထားကြောင်း ပြောဆိုခဲ့ပါတယ်။

“နည်းဗျူဟာပိုင်းအရ တစ်နာရီလောက် စစ်ပွဲရပ်တန့်မယ်ဆိုရရင် အရင်ကလည်း လုပ်ဖူးတယ်လို့ ထင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ ပေးဝေဖို့နဲ့ ဓားစာခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ဖို့ အခြေအနေတွေကို အတည်ပြုမယ်။ ဒါပေမယ့် အထွေထွေအပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာမယ် မထင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

နေတန်ယာဟုက ဒီပဋိပက္ခမှာ အီရန်နဲ့ လက်ဘနွန် ဟဇ်ဘိုလာအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ကိုးကားပြီး ဒီပဋိပက္ခမှာ ပါဝင်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေးခဲ့ပါတယ်။

“ တကယ်လို့ သူတို့ စစ်ပွဲထဲ ဝင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ တန်ပြန်မှုတွေက အရမ်းပြင်းထန်လာလိမ့်မယ်။ အဲဒါကို နားလည်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ အမှားမလုပ်မိဖို့ မျှော်လင့်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

Photo: Spencer Platt/Getty Images/FILE

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 45 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 75 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 53 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”