နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 14 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စစ်ပွဲပြီးဆုံးလျှင် ဂါဇာ၏ အလုံးစုံလုံခြုံရေးအတွက် “အချိန်ကာလအကန့်အသတ်မရှိ” အစ္စရေးက တာဝန်ယူရလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

၂၀၂၃ ခု နှစ်၊ နိုဝင်ဘာလ (၈) ရက်၊ အစ္စရေး။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေးအတွက် “စစ်ပွဲပြီးရင် အစ္စရေးနိုင်ငံဟာ အချိန်ကာလ အကန့်အသတ်မရှိ အလုံးစုံ လုံခြုံရေးအတွက်” အစ္စရေးက တာဝန်ယူရမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက (၆) ရက်နေ့က ABC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို ဟားမတ်စ်အုပ်ချုပ်တဲ့ပုံစံအတိုင်း မလိုလားတဲ့သူတွေက အုပ်ချုပ်သင့်တယ်လို့ ပြောပါတယ်။ “အစ္စရေးဟာ လုံခြုံရေးကို အကန့်အသတ်မရှိ တာဝန်ယူရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မပါဝင်တဲ့အခါ ဘာဖြစ်သွားလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဟားမတ်စ်မှ ဖမ်းဆီးထားသော ဓားစာခံများအားလုံး မလွတ်မြောက်မချင်း အထွေထွေအပစ်အခတ်ရပ်စဲရေးကို လက်မခံကြောင်း အစ္စရေးက ထပ်လောင်းပြောကြားခဲ့ပေမဲ့ တိုက်ပွဲများ ရေတိုရပ်ဆိုင်းရန် စဉ်းစားထားကြောင်း ပြောဆိုခဲ့ပါတယ်။

“နည်းဗျူဟာပိုင်းအရ တစ်နာရီလောက် စစ်ပွဲရပ်တန့်မယ်ဆိုရရင် အရင်ကလည်း လုပ်ဖူးတယ်လို့ ထင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ ပေးဝေဖို့နဲ့ ဓားစာခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ဖို့ အခြေအနေတွေကို အတည်ပြုမယ်။ ဒါပေမယ့် အထွေထွေအပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာမယ် မထင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

နေတန်ယာဟုက ဒီပဋိပက္ခမှာ အီရန်နဲ့ လက်ဘနွန် ဟဇ်ဘိုလာအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ကိုးကားပြီး ဒီပဋိပက္ခမှာ ပါဝင်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေးခဲ့ပါတယ်။

“ တကယ်လို့ သူတို့ စစ်ပွဲထဲ ဝင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ တန်ပြန်မှုတွေက အရမ်းပြင်းထန်လာလိမ့်မယ်။ အဲဒါကို နားလည်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ အမှားမလုပ်မိဖို့ မျှော်လင့်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

Photo: Spencer Platt/Getty Images/FILE

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ကို ထောက်ခံသူ MAGA ၏ နာမည်ကျော် မီဒီယာများက ‘ဒါဟာ လာဘ်ပေးလာဘ်ယူမှု တစ်ခုပါပဲ’ ဟု ထရန့်၏ ကာတာထံမှ လေယာဉ်လက်ဆောင်ကို ဝေဖန်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 7 Views
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။ “ ကာကွယ်ပြောဆိုလို့မရနိုင်ပါ” “ဒါဟာ လာဘ်ထိုးခြင်းတစ်ခုပါပဲ” အုပ်ချုပ်ရေးမှာ “ အစွန်းအထင်း”
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

The Hague တွင် ထိန်းသိမ်းခံထားရသော ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး(Duterte) သည် မွေးရပ်မြို့ မြို့တော်ဝန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 11 Views
၂၀၂၅ခုနှစ်၊ မေလ ၁၃ရက်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုအဖြစ် လူသတ်မှုစွဲချက်ဖြင့် ရင်ဆိုင်နေရချိန်၌ပင် သမ္မတဟောင်း ရိုဒရီဂို
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်၏ တွေ့ဆုံရန် ကမ်းလှမ်းချက်ကို ဇလန်းစကီးက စိန်ခေါ်လက်ခံ

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 16 Views
၂၀၂၅ ခုနှစ်၊ မေလ (၁၁) ရက်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တူရကီတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် ရုရှားခေါင်းဆောင်၏ကမ်းလှမ်းချက်ကို ချက်ချင်းလက်ခံရန် တိုက်တွန်းလိုက်ပြီးနောက် ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်းစကီးက မကြာမီတွင် ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း၏
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်သည် ထရန့်၏ အရှေ့အလယ်ပိုင်း ခရီးစဉ်မတိုင်မီ စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်ရန်အတွက် အမေရိကန်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့သည်။

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 17 Views
မေလ (၁၂) ရက်။ ပါလက်စတိုင်း ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်တွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ လွှတ်ပေးရေးနှင့် ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပြန်လည်ပေးပို့မှုများ ပြန်လည်စတင်ခြင်းနှင့်ပတ်သက်၍ ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အမေရိကန်အစိုးရနှင့် ဆွေးနွေးမှုများ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးပိတ်ဆို့မှုကြောင့် အငတ်ဘေးကြုံတွေ့နေရသည့် ဂါဇာ

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 16 Views
++++++++++++++++++++++++++++ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဟပ်ကဘီး (Mike Huckabee) က ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးမည့် အမေရိကန်-အစ္စရေးအစီအစဉ်အရ ကနဦးတွင် လူဦးရေ၏ ၆၀% ကိုသာ ကျွေးမွေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်မှ အသစ်ဖွဲ့စည်းထားသော
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီ ပြောသော်လည်း ဇလန်းစကီးက အပစ်အခတ်ရပ်စဲရေးကို ဦးစွာသဘောတူရမယ်ဟုဆို

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 9 Views
၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရန် အဆိုပြုခဲ့ပြီး ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ကြိုဆိုခဲ့သော်လည်း မော်စကိုအနေနှင့် အပစ်အခတ်ရပ်စဲရေးကို ဦးစွာသဘောတူရမည်ဟု အလေးပေး ပြောဆိုခဲ့ပါသည်။ တနင်္ဂနွေနေ့က ရှားရှားပါးပါး
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အပစ်အခတ်ရပ်စဲရေးကို မေလ ၁၂ ရက်နေ့မှစရန် ဥရောပက တောင်းဆိုထားပြီး ရုရှားက ငြင်းဆိုပါက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် သတိပေး

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
မေလ (၁၀) ရက်။ ယူကရိန်းသမ္မတဇလန်းစကီးသည် မေလ ၁၀ ရက်နေ့၌ ယူကရိန်း၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့ပါဝင်သည့် ဥရောပနိုင်ငံလေးနိုင်ငံနှင့် ကိယက်ဗ်တွင် ထိပ်သီးဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ နိုင်ငံငါးနိုင်ငံမှ ခေါင်းဆောင်များသည်လည်း အမေရိကန်သမ္မတထရန့်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြသည်ဟု
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းတွင် “ ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်သည်” ဟု အမေရိကန်သံရုံးက သတိပေး

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 22 Views
မေလ (၁၀) ရက်။ ယူကရိန်းနိုင်ငံရှိ အမေရိကန်သံရုံးက ယူကရိန်းမှာ သိသာထင်ရှားပြီး ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဒီရက်အနည်းငယ်အတွင်းမှာ ရှိလာဖွယ်ရှိတယ်လို့ မေလ (၉) ရက်နေ့က သတိပေးခဲ့ပါတယ်။ မြို့တော်ကိယက်(ဗ) ရှိ အမေရိကန်သံရုံးက “လာမယ့်ရက်အနည်းငယ်အတွင်း အချိန်မရွေး