၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။
နိုဝင်ဘာလ ၇ ရက် မနက် ၁၀ နာရီလောက်မှာ မကွေးတိုင်း၊ ဆောမြို့တွင်းမှာ ဆိုင်ကယ်စီးလာတဲ့ ဓမ္မဆရာ ပါစတာမန်ကွီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ဦးခေါင်းထိမှန်ကာ ပွဲချင်းသေဆုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဖခင်ကို ကြည့်ရှုရန် သွားရောက်တဲ့ သားဖြစ်သူ CDF-ကန်ပက်လက် တူမီးတပ်ရင်းအ ဒုတပ်ရင်းမှူး ဆလိုင်းလှေ့မန်ကိုလည်း စစ်ကောင်စီတပ်က ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ရင်အုပ်မှာ ကျည်ဆံထိမှန်သွားတယ်လို့ သိရပါတယ်။
ဖခင်ဖြစ်သူဟာ နေရာမှာတင် အသက်ဆုံးရှုံးပြီး ဒုတပ်ရင်းမှူး ဆလိုင်းလှေ့မာန်ကိုတော့ ပစ်ခတ်ခံရအပြီး ဆေးကုသမှုပေးခဲ့ပေမယ့် အသက်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
ဒုတပ်ရင်းမှူး ဆလိုင်းလှေ့မာန်အတွက် လေးစားဂုဏ်ယူကြောင်း၊ ကျန်ရစ်သူမိသားစုဝင် ဆွေမျိုးတွေနဲ့ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါကြောင်း CDF-ကန်ပက်လက် တူမီးတပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ။
ကျဆုံးသွားသည့် CDF-ကန်ပက်လက် တူမီးတပ်ရင်း
ဒုတပ်ရင်းမှူး ဆလိုင်းလှေ့မာန်
Photo: Thumee Batallion