နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

“ယူကရိန်းစစ်ပွဲမှာ ပူတင် အနိုင်ရသွားလို့ မဖြစ်ဘူး”

++++++++++++++++

ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားသာ အနိုင်ရသွားခဲ့ရင် နေတိုးမဟာမိတ်နိုင်ငံတွေကို ဆက်လက်တိုက်ခိုက်လာနိုင်တာကြောင့် ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီတွေ ထပ်ပေးဖို့ လိုအပ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရီပက်ဘလီကန်အမတ်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယူကရိန်းအပေါ် ထောက်ပံ့မှုတွေ လျော့နည်းလာခဲ့တာကြောင့် အမေရိကန်က နောက်ထပ် ဒေါ်လာ 175 သန်း အကူအညီပေးဖို့ စီစဉ်နေချိန်မှာ ဂျိုးဘိုင်ဒန်က အခုလို ပြောဆိုခဲ့တာပါ။ “ ပူတင်သာ အနိုင်ရသွားရင် စစ်ပွဲက အဲဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး။ သူတို့က နေတိုးမဟာမိတ်နိုင်ငံတွေကိုပါ ဆက်တိုက်ခိုက်လာနိုင်ပါတယ်။ ကျတော်တို့မှာက ရုရှားတပ်တွေကို တိုက်မယ့် အမေရိကန်တပ်တွေရှိပြီးသားပါ။ ပူတင်ကို ကျတော်တို့ အနိုင်ပေးလိုက်လို့မရပါဘူး” လို့ ဂျိုးဘိုင်ဒန်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်မှာ ယူကရိန်းကို အစွမ်းကုန်အကူအညီအထောက်အပံ့တွေပေးခဲ့ပေမယ့် အခုတစ်ပတ်အတွင်းမှာပဲ ယူကရိန်းကို ဆက်ထောက်ပံ့ဖို့ အမေရိကန်မှာ ဘက်ဂျက်ကုန်ဆုံးနေပြီလို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်အတွင်း သူတို့ရရှိထားတဲ့ ရံပုံငွေ ဒေါ်လာ 62.3 ဘီလီယံထဲက 97 ရာခိုင်နှုန်းကို အသုံးပြုခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွဲဝေပေးခဲ့တဲ့ ရံပုံငွေ 4.7 ဘီလီယံကိုလည်း သုံးစွဲခဲ့ပြီဖြစ်တယ်လို့ ဘက်ဂျက်ဒါရိုက်တာ ရှာလန်ဒါယန်းက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ သူတို့ရရှိထားတဲ့ ဘက်ဂျက်တွေကို မက္ကဆီကိုနယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးနဲ့ ယူကရိန်း၊ အစ္စရေးတို့အတွက် အဓိက သုံးစွဲခဲ့ရတာဖြစ်ပါတယ်။ ရီပက်ဘလီကန်နဲ့ အောက်လွှတ်တော်အမတ်တွေကတော့ အရင်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ မက္ကဆီကိုနယ်စပ်က ခြံစည်းရိုးတည်ဆောက်မှုအပေါ် ဆက်လက်အားပေးထောက်ခံနေကြဆဲဖြစ်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ကတော့ ရွှေပြောင်းနေထိုင်သူတွေရဲ့ ဝင်ပေါက်ဖြစ်နေတဲ့ မက္ကဆီကိုနယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးအတွက် သိသာထင်ရှားတဲ့အပေးအယူတွေလုပ်ဖို့ရှိတယ်လို့ ပြောဆိုခဲ့ပြီး ရီပက်ဘလီကန်အမတ်တွေအနေနဲ့ သူတို့လိုချင်တာအားလုံးတော့ မရနိုင်ဘူးလို့ ပြောထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော်အဖြစ် စီမံကိန်းသည် ‘ချွေးတပ်စခန်း ‘ ဖြစ်လာမည်ဟု အစ္စရေးခေါင်းဆောင်ဟောင်းက ပြောကြား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 26 Views
CNN – ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ရက် ဂျေရုဆလင် CNN — ပါလက်စတိုင်းထောင်ပေါင်းများစွာကို ထားရှိရန် ရည်ရွယ်ထားသည့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “မြို့” ဆိုသည်မှာ “ချွေးတပ်စခန်း”တခု ဖြစ်လာမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်သည် ယူကရိန်းသို့ လက်နက်များ ပေးပို့မည့် အစီအစဉ်သစ်ကို ကြေညာပြီး ရုရှားကို ငြိမ်းချမ်းရေးရယူရန် နောက်ဆုံးရက်အသစ်သတ်မှတ် ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 18 Views
CNN —ဇူလိုင် ၁၄၊ ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ရုရှားအား ဖိအားပေးရန် ရည်ရွယ်ထားသည့် အဆင့်နှစ်ဆင့်ဖြစ်သည့် ကိယက်ဗ်မြို့သို့ လက်နက် အသစ်များ ဖြန့်ကျက်ခြင်းနှင့် ရက်ပေါင်း ၅၀ အတွင်း ငြိမ်းချမ်းရေးမရပါက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 43 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

စုတ်ပြတ်သတ်နေသော်လည်း ဦးကျိုးမသွားဘဲ ဟားမတ်စ်သည် ပျောက်ကျားနည်းဗျူဟာများကို အသုံးပြုပြီး သတ်ဖြတ်နိုင်သည့် အင်အားရှိနေဆဲဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် အသေအပျောက်ရှိသော အံ့အားသင့်ဖွယ် တိုက်ခိုက်မှုသည် ၎င်း၏တည်ရှိသည့်နေရာနှင့်အတူ တုန်လှုပ်ဖွယ်ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ တနင်္လာနေ့ညတွင် အစ္စရေးစစ်သားတစ်စုသည် နယ်စပ်စည်းရိုးမှ တစ်မိုင်ခန့်အကွာတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ အသုံးပြုသော လမ်းကြောင်းအတိုင်းဖြတ်၍
နိုင်ငံတကာသတင်း အမေရိကန်

လုံလောက်သော အကြောင်းပြချက်မရှိဘဲ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ထရန့် အစိုးရအား တရားသူကြီးက အမိန့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 28 Views
CNN -၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက် အမိမြေလုံခြုံရေးဌာနသည် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ဖြစ်နိုင်ဖွယ်အကြောင်းမရှိဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ဖက်ဒရယ် အောက်ရုံး တရားသူကြီးတစ်ဦးက သောကြာနေ့တွင် တွေ့ရှိခဲ့ပြီး လူတစ်ဦးချင်းစီကို လူမျိုး၊ စကားပြောဘာသာစကား သို့မဟုတ်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 48 Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ