နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာတွင် ပါလက်စတိုင်း အရပ်သားအများအပြားကို အစ္စရေးစစ်တပ်က ဖမ်းဆီးထားသည့် ဓာတ်ပုံများ၊ ဗီဒီယိုများ လူမှုကွန်ရက်စာမျက်နှာများတွင် ပေါ်ထွက်ပျံ့နှံ့

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ဂျေရုဆလင်။

ဒီဇင်ဘာလ (၇) ရက်နေ့တွင် ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြှောင်တွင် ရိုက်ကူးခဲ့သည်ဟု ယူဆရသည့် ဓာတ်ပုံအများအပြားသည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ အဆိုပါဓာတ်ပုံတွင် အစ္စရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ အတွင်းခံဘောင်းဘီကိုသာ ဝတ်ဆင်ထားသည့် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော အမျိုးသားအများအပြားကို ပြသထားသည်။ ယောက်ျားတွေအားလုံးကို အဝတ်စဖြင့် မျက်စိကို စည်းပိတ်ထားသည်။ စစ်ကားများ၏နောက်ဘက်တွင် လူအများအပြား တင်ထားသည့် ဓာတ်ပုံများမှာလည်း ပျံ့နှံ့လျက်ရှိသည်။

အစ္စရေးစာတန်းထိုးထားသည့် ဂါဇာရှိ အမျိုးသားအများအပြားကို ဖမ်းဆီးထားကာ လမ်းမပေါ်တွင် အတွင်းခံဘောင်းဘီနှင့် ထိုင်ခိုင်းထားပြီး အစ္စရေးစစ်သားများက ဘေးမှအမိန့်ပေးနေသည့် ရုပ်သံဗီဒီယိုလည်း အွန်လိုင်းတွင် ပျံ့နှံ့နေသည်။

အခြေအနေနှင့် ဖမ်းဆီးခံရသည့် ရက်အတိအကျကို မသိရသေးသော်လည်း အချို့သော အကျဉ်းသားများ၏ အထောက်အထားများကို လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များက အတည်ပြုထားသည်။

အမျိုးသားအများစုသည် အရပ်သားများဖြစ်ကြပြီး လက်နက်ကိုင်အဖွဲ့များနှင့် အဆက်အသွယ်မရှိကြဘူးဟုဆိုသည်။ ၎င်းတို့၏ ဆွေမျိုးများထဲမှ တစ်ဦးနှင့် စကားပြောဆိုခဲ့ပြီး CNN က ယင်းအကြောင်းကို ထုတ်ဖော်ခဲ့သည်။ ၎င်းတို့၏ အလုပ်ရှင်များထဲမှ တစ်ဦးကလည်း အလားတူ ကြေညာချက် ထုတ်ခဲ့သည်။

ဒီဇင်ဘာလ (၇) ရက်နေ့က ပါလက်စတိုင်းအရပ်သား ဒါဇင်ပေါင်းများစွာကို အစ္စရေးတပ်ဖွဲ့တွေက ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်မှုများထဲက ဓါတ်ပုံတစ်ပုံကို ပါလက်စတိုင်းတစ်ဦးက ၀က်ဘ်ဆိုဒ်မှာ ဖော်ထုတ်ပြသခဲ့ပါသည်။

အစ္စရေးစစ်တပ်သည် ဂါဇာမှ ထွက်ပြေးသွားသူများကို ကြုံရာကျပန်း ဖမ်းဆီးထိန်းသိမ်းခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ ရရှိသည့် အစီရင်ခံစာများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများတွင် ဆရာဝန်များ၊ ပညာရှင်များ၊ သတင်းထောက်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ရုပ်ပုံများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် CNN ၏ တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပေ။ CNN မှ ရုပ်ပုံများစွာ၏တည်နေရာကို အတည်ပြုခဲ့ပြီး ဂါဇာစီးတီး၏ မြောက်ဘက်ဆင်ခြေဖုံးတွင် Beit Lahia ဟု အတည်ပြုသတ်မှတ်နိုင်ခဲ့သည်။

အစ္စရေးမီဒီယာများ၏ ပြောကြားချက်အရ အဆိုပါဓာတ်ပုံများတွင် လက်နက်ချခဲ့သော အစ္စလမ်မစ်အဖွဲ့ ဟားမတ်စ်အဖွဲ့ဝင်များဟု ဖော်ပြသထားသော်လည်း သတင်းအရင်းအမြစ်ကို ကိုးကားခြင်းမရှိပေ။

IDF ပြောရေးဆိုခွင့်ရှိသူ Hagari က ဟားမတ်စ်နှင့် တိုက်ပွဲအတွင်း “ဒီဂါဇာဒေသမှာ ကျန်နေသေးတဲ့ လူတွေဟာ မေးခွန်းထုတ်စရာတွေ တဖြည်းဖြည်း ထွက်ပေါ်လာတယ်” ဟု ဒီဇင်ဘာလ (၇) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါသည်။ ၎င်းတို့သည် ဟားမတ်စ်နှင့် ဆက်နွှယ်မှုရှိမရှိ ဆုံးဖြတ်ရန် ၎င်းတို့အား ဖမ်းဆီးကာ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

“ လူတိုင်းကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းသွားမှာပါ။ မစ်ရှင်ပြီးမချင်း ဒီအခြေစိုက်စခန်းတွေကို တစ်ခုပြီးတစ်ခု ဖယ်ရှားရှင်းလင်းသွားမှာပါ” ဟု Hagari က ပြောကြားခဲ့သည်။

ရုပ်ပုံများတွင် ထိန်းသိမ်းခံရသူများထဲတွင် ၎င်း၏ သတင်းထောက်တစ်ဦးနှင့် ၎င်း၏ မိသားစုဝင် အများအပြား ပါဝင်ကြောင်း New Arab သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးပြီးနောက် အဆိုပါလူများကို အမည်မသိနေရာသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

The New Arab ၏ အယ်ဒီတာချုပ်က သတင်းထောက်နှင့် ၎င်း၏ မိသားစုသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အစ္စရေးတပ်တွေ လမ်းပေါ်ပေါ်လာပြီး လူအားလုံးကို ထွက်လာဖို့ တောင်းဆိုပါတယ်၊” ဟု အခြားအကျဉ်းသားတစ်ဦး၏ ဆွေမျိုးတစ်ဦးက အမေရိကန်ပြည်ထောင်စုရှိ ၎င်း၏နေအိမ်မှ CNN သို့ ပြောကြားခဲ့သည်။ ၎င်းသည် လက်ရှိ ဂါဇာတွင်ရှိသည့် သူ၏ ညီမနှင့် အဆက်အသွယ်ရှိသည်။

ပုံများနှင့် ဗီဒီယိုများတွင် မြင်တွေ့ရသည့် ဝမ်းကွဲအစ်ကိုများနှင့် ညီအစ်ကိုများသည် စတိုးဆိုင်ပိုင်ရှင်နှင့် ဆောက်လုပ်ရေးလုပ်သားများအဖြစ် လုပ်ကိုင်ကြပြီး မည်သည့်လက်နက်ကိုင်အဖွဲ့များနှင့်မျှ ပတ်သက်ခြင်းမရှိဟု ဆိုသည်။

ဤသတင်းနှင့်ပတ်သက်ပြီး ရုတ်သံသတင်းကို မကြာမီတင်ဆက်သွားပါမည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို