နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကဲ့သို့ မြေသိမ်းယာသိမ်း လုပ်တော့မည့် ဝက်လက်မြို့နယ် ပအဖ။

NUG လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖများ မပေါ်ပေါက်မီကတည်းက ရရာလက်နက်ကိုင်စွဲ၍ တိုက်ခိုက်ခဲ့သည့် ဝက်လက်အခြေစိုက် GZ Special Task Force (GZ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့) ခေါင်းဆောင် ကိုဂျီဇက် (တော်လှန်ရေးအမည်) အား ကိုဂျီဇက်၏ အမည်ရင်း၊ ကိုဂျီဇက်ဖခင်၏ အမည်ရင်း၊ နေထိုင်သည့်ကျေးရွာအမည်တို့ကို ထင်ထင်ရှားရှား ဖော်ပြလျက် ဝက်လက်မြို့နယ် ပအဖက “ကောလိပ်တော် အရာရှိအနေနှင့် ပြည်သူ့အုပ်ချုပ်ရေးမှူးက ဝရမ်းစွဲကပ်နိုင်စေရန် အခွင့်အာဏာ ပေးအပ်သည့် အမိန့်ထုတ်ပြန်ချက်”နှင့် ကိုဂျီဇက်ပိုင်ဆိုင်သည့် မြေယာကို သိမ်းမည်ဖြစ်ကြောင်းကို မေလ (၆) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်ကို လူမှုကွန်ရက်စာမျက်နှာတခုဖြစ်သည့် ဝတ်လက်မြို့နယ်သတင်းမှန် ပြန်ကြားရေးတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ခေတ်မျက်လုံးသတင်းဌာနအနေနှင့် ကိုဂျီဇက်၏ ကိုယ်ရေး အချက်အလက်များကို အမဲရောင်ဖြင့် ဖုန်းကွယ်ထားပါသည်။
တရားလွှတ်တော်ရှေ့နေတဦးအား ခေတ်မျက်လုံးသတင်းဌာနမှ ဤကိစ္စနှင့် ပတ်သက်၍ စုံစမ်းကြည့်ရာ ကောလိပ်တော်အရာရှိ ဆိုသည်မှာ ပထမတန်းတရားသူကြီး အာဏာပိုင်နှင့်အဆင့်အတန်းတူသည့် အရာရှိကို ကောလိပ်တော် အရာရှိဟု အင်္ဂလိပ်လက်ထက်က ခေါ်ဆိုကြောင်း သိရှိရသည်။ ယခုအချိန်တွင် ဤအသုံးအနှုန်းမျိုး သုံးစွဲခြင်း မရှိတော့ကြောင်း သိရှိရသည်။


သို့ရာတွင် အမျိုးသားအစိုးရညီညွတ်ရေးအစိုးရ (NUG) တွင် ယင်းသို့ အာဏာလွှဲနိုင်ရန် တရားလွှတ်တော်ပင် မပေါ်ပေါက်သေးသည့်အတွက် ယင်းသို့ ဝရမ်းထုတ်ရန် အခွင့်အာဏာ မရှိကြောင်း သိရှိရသည်။

ကိုဂျီဇက်အား ခေတ်မျက်လုံးမှ တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ ၎င်းအား ဆင့်ခေါ်ခြင်းလည်း မရှိကြောင်း၊ NUG ၏ အမိန့်ကို ကျော်လွန်ပြီး ဝက်လက်မြို့နယ် ပအဖ၊ ပကဖ၊ ပလဖတို့သည် ၎င်းတို့ လုပ်ချင်ရာကို လုပ်နေကြကြောင်း ပြောပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 136 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို