နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကဲ့သို့ မြေသိမ်းယာသိမ်း လုပ်တော့မည့် ဝက်လက်မြို့နယ် ပအဖ။

NUG လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖများ မပေါ်ပေါက်မီကတည်းက ရရာလက်နက်ကိုင်စွဲ၍ တိုက်ခိုက်ခဲ့သည့် ဝက်လက်အခြေစိုက် GZ Special Task Force (GZ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့) ခေါင်းဆောင် ကိုဂျီဇက် (တော်လှန်ရေးအမည်) အား ကိုဂျီဇက်၏ အမည်ရင်း၊ ကိုဂျီဇက်ဖခင်၏ အမည်ရင်း၊ နေထိုင်သည့်ကျေးရွာအမည်တို့ကို ထင်ထင်ရှားရှား ဖော်ပြလျက် ဝက်လက်မြို့နယ် ပအဖက “ ကောလိပ်တော် အရာရှိအနေနှင့် ပြည်သူ့အုပ်ချုပ်ရေးမှူးက ဝရမ်းစွဲကပ်နိုင်စေရန် အခွင့်အာဏာ ပေးအပ်သည့် အမိန့်ထုတ်ပြန်ချက်” နှင့် ကိုဂျီဇက်ပိုင်ဆိုင်သည့် မြေယာကို သိမ်းမည်ဖြစ်ကြောင်းကို မေလ (၆) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်ကို လူမှုကွန်ရက်စာမျက်နှာတခုဖြစ်သည့် ဝတ်လက်မြို့နယ်သတင်းမှန် ပြန်ကြားရေးတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ခေတ်မျက်လုံးသတင်းဌာနအနေနှင့် ကိုဂျီဇက်၏ ကိုယ်ရေး အချက်အလက်များကို အမဲရောင်ဖြင့် ဖုန်းကွယ်ထားပါသည်။
တရားလွှတ်တော်ရှေ့နေတဦးအား ခေတ်မျက်လုံးသတင်းဌာနမှ ဤကိစ္စနှင့် ပတ်သက်၍ စုံစမ်းကြည့်ရာ ကောလိပ်တော်အရာရှိ ဆိုသည်မှာ ပထမတန်းတရားသူကြီး အာဏာပိုင်နှင့်အဆင့်အတန်းတူသည့် အရာရှိကို ကောလိပ်တော် အရာရှိဟု အင်္ဂလိပ်လက်ထက်က ခေါ်ဆိုကြောင်း သိရှိရသည်။ ယခုအချိန်တွင် ဤအသုံးအနှုန်းမျိုး သုံးစွဲခြင်း မရှိတော့ကြောင်း သိရှိရသည်။


သို့ရာတွင် အမျိုးသားအစိုးရညီညွတ်ရေးအစိုးရ (NUG) တွင် ယင်းသို့ အာဏာလွှဲနိုင်ရန် တရားလွှတ်တော်ပင် မပေါ်ပေါက်သေးသည့်အတွက် ယင်းသို့ ဝရမ်းထုတ်ရန် အခွင့်အာဏာ မရှိကြောင်း သိရှိရသည်။

ကိုဂျီဇက်အား ခေတ်မျက်လုံးမှ တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ ၎င်းအား ဆင့်ခေါ်ခြင်းလည်း မရှိကြောင်း၊ NUG ၏ အမိန့်ကို ကျော်လွန်ပြီး ဝက်လက်မြို့နယ် ပအဖ၊ ပကဖ၊ ပလဖတို့သည် ၎င်းတို့ လုပ်ချင်ရာကို လုပ်နေကြကြောင်း ပြောပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 23 Views
မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁၅)ရက်။ မနေ့က
မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 22 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်
မြန်မာသတင်း

နတ်မောက်မြို့မှာ စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ အကြီးတန်းစာရေးတဦးကို PDF ဖမ်းဆီးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 26 Views
နိုဝင်ဘာလ (၁၅)ရက်။ မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးတဦးကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၈)ရက်နေ့က နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးတဲ့အချိန် ဖမ်းမိတာ။ ဖမ်းမိထားတဲ့သူက
မြန်မာသတင်း

ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲဝင်ခွင့် အသနားခံစာအယူခံ ရွေး/ကော် ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 18 Views
နိုဝင်ဘာလ (၁၅)ရက်။ PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ထားတဲ့ အသနားခံစာအယူခံ ပယ်ချခံခဲ့ရတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောဟန်အေးရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့ အယူခံ ပယ်ချခံရပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စိတ်အားထက်သန်နေတဲ့
မြန်မာသတင်း

ရန်ကုန်မှာ နိုင်ငံရေးပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုပြီး လူငယ် (၄)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 23 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးသူတွေဆိုကာ လူငယ် (၄)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖျက်ဆီးခံရတဲ့ နိုင်ငံရေးပါတီတွေဟာ သင်္ကန်းကျွန်းမြို့နယ်ထဲ စိုက်ထူထားတဲ့
မြန်မာသတင်း

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အကျဉ်းချုပ် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 34 Views
လက်ရှိ နိုဝင်ဘာလတွင် နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အဓိက အာရုံစိုက်နေရသော အခြေအနေများမှာ- ၁။ ရုရှား-ယူကရိန်း တင်းမာမှုများနှင့် စိုးရိမ်မှုများ အပူပေးစနစ်နှင့် စွမ်းအင် အန္တရာယ်။ ယူကရိန်းသည် အဆိုးရွားဆုံး ဆောင်းရာသီ ကို ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတကာ
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 44 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတက်တွေက တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ
မြန်မာသတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 40 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့မှာ တနင်္သာရီတိုင်းထဲရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာ KNLA၊ BPLA နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့