နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဦးမြို့အနီးမှာ စစ်တပ်နဲ့ ပျူစောထီးတို့ မိုင်းနဲ့တိုက်ခိုက်ခံရကာ ၂ဦးသေဆုံးခဲ့

ရေဦးမြို့အနီးမှာ စစ်တပ်နဲ့ ပျူစောထီးတို့ ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးခဲ့တယ်လို့ Khin U Specialforce Organization(KSO)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ ဩဂုတ်လ (၉)ရက် မနက် (၆)နာရီခွဲအချိန်က ရေဦးမြို့နဲ့ (၂)မိုင်သာကွာဝေးတဲ့ အင်းပတ်ကွေ့ဈေးတန်းမှာ အထိုင်ချတဲ့ စစ်တပ်နဲ့ ရွာသစ်ကုန်းပျူ ပူးပေါင်း (၃၀)ကျော်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ ရွာသစ်ကုန်းပျူ ပူးပေါင်း(၃၀)ကျော်ဟာ အင်းပတ်ကျေးရွာမြောက်ဘက် ခင်ဦး-မုံရွာ ရထားသံလမ်းဘူတာကနေ လက်နက်ကြီး (၄၀)မမ/(၆၀)မမအပါအဝင် လက်နက်ငယ်တွေ တရစပ်ပစ်ပြီး အင်းပတ်ရွာအတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အင်းပတ်ကျေးရွာအတွင်း ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်နဲ့ ပျူစောထီးတို့ကို KSO နဲ့ မြို့နယ်ပကဖတို့ ပူးပေါင်းကာ တိုက်မိုင်းနဲ့ ပဒေသာမိုင်းတွဲ (၆)စုံနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က (၂)ဦးပွဲချင်းပြီးသေဆုံးကာ (၄)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို သေဆုံးဒဏ်ရာရသူ (၂၀)ဦးခန့်ကို ရေဦးမြို့က Super Custom ကားနဲ့ ပြည်သူပိုင် ရဟတ်ယာဉ်တစ်စီးတို့နဲ့ သယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

အထိနာခဲ့တဲ့ စစ်တပ်က ရေဦးတိုင်းရင်းဆေးရုံကနေ (၁၂၀)မမ (၄)လုံးနဲ့ ရမ်းသမ်ပစ်ခတ်ခဲ့တာကြောင့် အင်းပတ်ရွာ အရှေ့တောင်ရှိ မရမ်းအင်းရွာက အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၂)ဦးကို ထိမှန်ခဲ့ကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ NMSP-AD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့နဲ့ နိုင်ငံရေးပန်းတိုင်မရောက်မချင်း ဒီမိုကရေစီအင်အယးစုတွေနဲ့အတူ လက်တွဲကြိုးစားသွားမယ်လို့ NMSP-AD ရဲ့ ဒီကနေ့ တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့
မြန်မာသတင်း

ရွှေကုက္ကိုလ်မြို့ထဲ ကျားဖြန့်နှိမ်နင်းရှင်းလင်းရေးတွေ BGF စတင်ဆောင်ရွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ‌မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့ထဲ ကျားဖြန့်နှိမ်နင်း‌ရှင်းလင်းရေးဆိုပြီး BGF က စတင်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ
မြန်မာသတင်း

CDM ကျန်းမာရေးဝန်ထမ်းတွေ ခန့်တယ်ဆိုပြီး ပုဂ္ဂလိကဆေးရုံ (၉)ခုကို စစ်ကောင်စီအရေးယူ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဂရန်းဟံသာနဲ့ ဆာကူရာအပါအဝင် ပုဂ္ဂလိကဆေးရုံ (၉)ခုကို စစ်ကောင်စီက အရေးယူပိတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ စစ်ကောင်စီက ဂရန်းဟံသာဆေးရုံကို (၁)နှစ်၊ ဆာကူရာဆေးရုံကို (၆)လ၊ OSC ဆေးရုံကို (၁)နှစ်၊ ကောင်းဆေးရုံကို
မြန်မာသတင်း

ပဲခူးတိုင်းရှိ စိုးမိုးနယ်မြေတွေက ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို NUG သွားရောက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ပဲခူးတိုင်းရှိ စိုးမိုးနယ်မြေတွေက ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေက သွားရောက်လေ့လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေဟာ ပြည်သူကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေကို သွားရောက်ကာ
မြန်မာသတင်း

တနှစ်ထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်မပြည့်သေးသူ (၂၅၀)ဦးအထိ သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်မပြည့်သေးသူ (၂၅၀)ဦးအထိ သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူတွေဟာ (၉)လအရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် (၁၈)နှစ်အောက်ကလေးငယ် အမျိုးသမီး (၉၉)ဦးနဲ့ အမျိုးသား
မြန်မာသတင်း

ကလေးမြို့တောင်ပိုင်း စစ်ကောင်စီရဲ့ ကမ်းပါးနီစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ ကမ်းပါးနီတံတားအနီးက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းတွေထံက သိရပါတယ်။ “ ကမ်းပါးနီတံတားနားက စကစတပ်စခန်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက (၁၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တာ မနေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စကစဘက်က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံမှ ထောင်နဲ့ချီရှိသည့်ကောလ်စင်တာ၏ သားကောင်ဖြစ်သူများကို ပြန်လွှတ် ပေးတော့မည်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 2 Views
ကြာသပတေးနေ့၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ နယ်ခြားစောင့်တပ် BGF သည် လိမ်လည်သူများကို နှိမ်နင်းရန်နှင့် တရားစွဲဆိုရန်အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု တာဝန်ရှိသူများက ပြောသည်။ ထိုင်းနှင့် မြန်မာ အစိုးရတို့သည် နယ်စပ်မြို့များတွင်
မြန်မာသတင်း

DKBA က တရုတ်လူဆိုးဂိုဏ်းတွေကို ထွက်ခွာဖို့ နောက်ဆုံးရက်သတ်မှတ်ပေးခဲ့ ။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 4 Views
DKBA သည် လိမ်လည်လှည့်စားသည့်စင်တာများနှင့် အခြား တရား မဝင် စီးပွားရေး လုပ်ငန်းများကို တရားမဝင်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများအား ယခုလကုန်တွင် နယ်မြေအားလုံးရှိ ၎င်းတို့၏ထိန်းချုပ်မှုအောက်မှ ထွက်ခွာရန် ရာဇသံ ထုတ်ပြန် ထားသည်။ တစ်ချိန်တည်းတွင် ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံမှ