နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အရပ်သားတွေကို အစ္စရေးစစ်တပ်ဖမ်းဆီးထားတဲ့ ဗီဒီယိုဖိုင်များထွက်ပေါ်လာ

ဂါဇာဒေသမှာ အစ္စရေးစစ်တပ်က ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေရဲ့ ရုပ်ပုံတွေ ဂါဇာလူမှုကွန်ယက်စာမျက်နာတွေပေါ်မှာ ကြာသပတေးနေ့က ပြန့်နှံ့လာခဲ့ပါတယ်။ အဲဒီရုပ်ပုံတွေမှာ ဖမ်းဆီးခံထားရသူတွေဟာ အဝတ်စားတွေချွတ်ပြီး မျက်လုံးကို ပုဝါနဲ့စည်းကာ လမ်းမပေါ်မှာ ဒူးထောက်နေကြရတာပါ။ တချို့ရုပ်ပုံတွေမှာတော့ ဖမ်းဆီးထားသူတွေကို အစ္စရေးစစ်ကားတွေရဲ့ နောက်ခန်းထဲမှာ ထည့်ထားတာကိုတွေ့ရပါတယ်။

လူမှုကွန်ယက်ပေါ်ပြန့်နှံ့လာတဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေနဲ့ နေ့ရက်အတိအကျကို မသိရပေမယ့် အချို့အကျဉ်းသားတွေကိုတော့ ဘယ်သူဘယ်ဝါဆိုတာ ပြောလို့ရတယ်လို့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောပါတယ်။ အများစုကတော့ ဟားမက်စ်စစ်သွေးကြွတွေနဲ့ စပ်ဆက်မှုမရှိကြဘူးလို့ မိသားစုဝင်တချို့က CNN ကို ပြောပါတယ်။

ဥရောပနဲ့ မြေထဲပင်လယ်ဒေသရဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ အဲဒီထဲက ထိန်းသိမ်းခံရသူတစ်ဦးရဲ့ ရုပ်ပုံကို ဖော်ပြပြီး အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းအရပ်သားဒါဇင်ပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်နေတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ ဖော်ပြထားပါတယ်။ “ဆရာဝန်တွေ၊ ပညာရှင်တွေ၊ ဂျာနယ်လစ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဒုက္ခသည်တွေကို အစ္စရေးစစ်တပ်က ဖမ်းဆီးနှိပ်စက်တယ်ဆိုတဲ့ အစီရင်ခံစာတွေ မိမိတို့လက်ခံရရှိထားပါတယ်”လို့ ဥရောပ-မြေထဲပင်လယ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဖော်ပြခဲ့တာပါ။

လူမှုကွန်ယက်ပေါ်က ရုပ်ပုံတွေနဲ့ပတ်သက်ပြီးတော့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF က မှတ်ချက်ပြုပြောဆိုဖို့ ငြင်းဆိုထားပါတယ်။ အစ္စရေးမီဒီယာတွေကလည်း အဲဒီရုပ်ပုံတွေနဲ့ပတ်သက်တဲ့ ရင်းမြစ်တွေကို ဖော်ပြခြင်းမရှိဘဲ လက်နက်ချက်အညံ့ခံတဲ့ ဟားမက်စ်အဖွဲ့ဝင်တွေအဖြစ်သာဖော်ပြခဲ့ပါတယ်။ ရုပ်ပုံတွေအရတော့ အဲဒီနေရာဟာ ဂါဇာမြို့တော်ရဲ့မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်တစ်နေရာဖြစ်တယ်လို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့မေးမြန်းမှုအပေါ် IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက “အဲဒီနေရာမှာ ပုန်းအောင်းနေရာကနေ ထွက်လာတဲ့ ဟားမက်စ်တွေကို ကျတော်တို့ ဖမ်းဆီးထားတာပါ။ ဘယ်သူတွေက ဟားမက်စ်တွေနဲ့ ဆက်နွယ်မှုရှိသလဲဆိုတာကို စစ်ဆေးမေးမြန်းမှာဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ ရုပ်ပုံတွေထဲမှာ News Arab သတင်းဌာနရဲ့ သတင်းထောက်တဦးလည်းပါနေတယ်လို့ မိသားစုဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

တိုးတက်မှုမရှိပါက ယူကရိန်းအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကနေ အမေရိကန် နှုတ်ထွက်သွားမယ်လို့ ထရန့်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 9 Views
ဧပြီလ (၁၉) ရက်။ ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ လျင်မြန်စွာ တိုးတက်မှုမရှိပါက အမေရိကန်အစိုးရသည် ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်က ရှေ့ကို ဆက်သွားသင့်တယ်လို့ ရူဘီယိုပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 11 Views
ဧပြီလ (၁၉) ရက်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တယ်လို့
နိုင်ငံတကာသတင်း အမေရိကန်

နိုင်ငံခြားသားရန်သူများအက်ဥပဒေအရ ပြည်နှင်ဒဏ်ပေးခြင်းကို အမေရိကန် တရားရုံးချုပ်က ဆိုင်းငံ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 9 Views
ဧပြီလ (၁၉) ရက်။ အင်္ဂါနေ့အစောပိုင်းတွင် နိုင်ငံခြားသားရန်သူများအက်ဥပဒေ (Alien Enemy Act) အရ လိုက်နာရမည့် ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ယာယီပိတ်ပင်ချက်ကို အမေရိကန်တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။ ထရန့်အစိုးရက ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရန် တွန်းအားပေးနေသည်ဟု တက္ကဆက်ရှိ
နိုင်ငံတကာသတင်း အမေရိကန်

“ ဘာကြောင့် မတ်စ်က အဲ့ဒီနေရာမှာ ရှိနေရတာလဲ” ထရန့် ဒေါသထွက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 11 Views
ပြီးခဲ့တဲ့လက တရုတ်နိုင်ငံနဲ့ စစ်ပွဲပြင်ဆင်ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တက်စလာအမှုဆောင်အရာရှိချုပ် (CEO) အီလွန်မတ်အက်စ်ကို ထပ်မံရှင်းလင်းမယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်ရဲ့ ညွှန်ကြားမှုနဲ့ ဖျက်သိမ်းလိုက်တယ်လို့ ထရန့်အစိုးရဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးကို ကိုးကားပြီး Axios သတင်းဌာနက ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်သို့ ထရန့်၏တောင်းဆိုချက်တစ်ခုကို ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ဝေဖန်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 16 Views
+++++++++++++++++++++++ သောကြာနေ့ညက ထရန့်အစိုးရဟာ ကျွန်တော်တို့ တက္ကသိုလ်ကို ပေးပို့ ခဲ့တဲ့ တောင်းဆိုစာဟာ တနင်္လာနေ့မှာတော့ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ သူ့တောင်းဆိုချက်တွေထဲကတစ်ခုကတော့ ဒီကျောင်းဝင်းထဲက သင်တန်းတိုင်းကို စစ်ဆေးမယ့် ဗဟိုအစိုးရကြီးကြပ်မှူးတယောက်ကို ကျောင်းက ခန့်အပ်ထားဖို့ ဒါမှမဟုတ် ထရန့်က
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင် ဒရုန်းများကို အသုံးပြုခွင့်ပေးခြင်းအထိ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီမှုတစ်ခု ပြုလုပ်နိုင်မယ်လို့ ဒေါ်နယ်ထရန့် မျှော်လင့်

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 15 Views
+++++++++++++++++++++++++ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့မှာ အတိအလင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် စူပါ ပါဝါ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော် ပြောဆို ခဲ့ခြင်းမရှိပါဘူး။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 14 Views
++++++++++++++++++++ ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်နဲ့ ဓားစာခံတွေအားလုံးကို လဲလှယ်ဖို့ ကျတော်တို့ဘက်က အသင့်ရှိပါတယ်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ က