နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူ၊ ကိုးတောင်ဘို့စျေးကို စစ်ကောင်စီက လက်နက် ကြီးဖြင့် ပစ်ခတ်၊ စျေးတခုလုံး မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုတောင်ဘို့စျေးကို စစ်ကောင်စီတပ်က လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စျေးတလုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ‌Kotaungbo Revolution KTB-R အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

Photo – Kotaungbo Revolution KTB-R | မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ်အတွင်းက ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ကိုးတောင်ဘို့ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။

Photo – Kotaungbo Revolution KTB-R | မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်။

အဲဒီလို တိုက်ပွဲ ဖြစ်ပွားပြီးနောက်မှာစစ်ကောင်စီတပ်တွေက ကိုးတောင်ဘို့စျေးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တဲ့အတွက် စျေးတခုလုံးပြာကျခဲ့ပြီး ပြည်သူပိုင်နေအိမ် တချို့လည်း ထိမှန်မီးလောင်ခဲ့တယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆရာတော်ရဲ့ကားကို စစ်ကောင်စီရဲ့ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 0 Views
ဆရာတော်ရဲ့ကားကို စစ်ကောင်စီရဲ့ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ် ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားရတာဖြစ်တယ်လို့ ဆရာတော်နဲ့အတူ ကားထဲမှာ
မြန်မာသတင်း

တန့်ဆည်မြို့က NUG ကျောင်းတစ်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်ပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 2 Views
ဇွန်လ (၂၀)ရက်။ မနေ့က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ NUG ကျောင်းတစ်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ် ကျင်းပခဲ့ကြတယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၀)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 2 Views
ဇွန်လ (၂၀)ရက်။ မနေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့၊ ရာဖူးကျေးရွာအုပ်စုရှိ မျောက်ချောရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲဟာ နံနက်(၈)နာရီအချိန်ကစပြီး နေ့လယ်(၃)နာရီကျော်အထိ (၇)နာရီကျော်ကြာ ပြင်းပြင်းထန်ထန်
မြန်မာသတင်း

စစ်ကိုင်းမြို့ပေါ်က ကမ္ဘောဇဘဏ်ဓါးပြတိုက်သူတွေကို စစ်ကောင်စီက အသေပစ်ခတ်ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 3 Views
ဇွန်လ (၂၀)ရက်။ မနေ့က ညနေ(၄)နာရီခွဲအချိန်မှာ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)မှာ လုယက်ဓါးပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့သတင်းတွေအရ သိရပါတယ်။ စစ်ကိုင်းမြို့ပေါ်က ကမ္ဘောဇဘဏ်(၁)ကို အမည်မသိအမျိုးသား (၄)ဦးက ဆိုင်ကယ်နှစ်စီးနဲ့လာရောက်ကာ ဓါးပြတိုက်လုယက်ချိန် စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

တိုက်ကြီးမြို့မှာ ဖဲရိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 3 Views
ဇွန်လ (၂၀)ရက်။ မနေ့က ညနေ (၄)နာရီ (၁၀)မိနစ်အချိန်က တိုက်ကြီးမြို့မှာ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဌုန်တပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင်ဟာ ပန်းပင်တန်းကျေးရွာအုပ်စုရှိ သဲဖြူ-ပိန်းရှိုလေးရွာနေ ရာအိမ်မှူး ဝင်းမောင်ဖြစ်ကာ နေရာမှာပဲသေဆုံးခဲ့တယ်လို့
မြန်မာသတင်း

မတူပီလမ်းပိုင်းတွေကို အကန့်အသတ်မရှိပိတ်ထားတယ်လို့ CDF-မတူပီ ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 3 Views
ဇွန်လ (၂၀)ရက်။ မတူပီလမ်းပိုင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ CDF-မတူပီရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတူပီမြို့မှာ စစ်ကောင်စီစခန်းတွေကို သိမ်းယူနိုင်ဖို့ ချင်းလဲန်းကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်မှာ CNA/CDFs တွေက စစ်မျက်နှာ တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်အသုံးစရိတ်ဆိုပြီး စစ်ကောင်စီက အရပ်သားအိမ်တွေကို ဆက်ကြေးကောက်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 2 Views
ဇွန်လ (၂၀)ရက်။ ဆီဆိုင်မြို့မှာ စစ်အသုံးစရိတ်ဆိုပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အရပ်သားအိမ်တွေကို ဆက်ကြေးကောက်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆီဆိုင်ကြီးကျေးရွာမှာ စစ်ရှောင်ကနေပြန်လာတဲ့ ပြည်သူတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတာအပြင်
မြန်မာသတင်း

NUG ကိုယ်စားလှယ်ရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦး အလုပ်ထုတ်ခံရ

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 4 Views
ဇွန်လ (၂၀)ရက်။ NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေကြောင့် တိုင်ကြားခဲ့တဲ့ ဝန်ထမ်းအမျိုးသမီး ရာထူးက ရပ်ဆိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးဟာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးရဲ့ အတွင်းရေးမှူးအနေနဲ့