စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်တပ် ယာဥ်တန်းရဲ့ ၆ ဘီးကား ၂ စီးကို Area71 အဖွဲ့က မတ်လ ၉ ရက် မွန်းလွဲပိုင်းမှာမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ယာဉ်မောင်းတဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ ကားပျက်စီးသွားတယ်လို့ Area71 အဖွဲ့ က ပြောပါတယ်။
စစ်ကောင်စီတပ်က ကြေးပြားတွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၁၉ စီး ရှိတယ်လို့ သိရပြီး ကားတွေကို အသုတ်တွေ ခွဲပြီး ထွက်လာတာဖြစ်ပါတယ်။ အဲထဲမှာမှ ၂ စီးတွဲ ကားတန်းရဲ့ ဒုတိယမြောက် ကားကို ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့တာ ဖြစ်တယ်လို့ Area71 အဖွဲ့က ပြောပါတယ်။