နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNDF လက်နက်သိမ်းဆည်းရရှိမှု စစ်ရေးသတင်းထုတ်ပြန်

ဧပြီလ (၄)ရက်နေ့နဲ့ (၅) ရက်နေ့တို့မှာ ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာရဲ့ အရှေ့ဖက်တောင်ပေါ် တစ်ကြောပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များ အကြား တနေကုန်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆) တပ်ရင်းဖြစ်တဲ့ KNDF B/09၊ KNDF ဗျူဟာ (၄) တပ်ရင်းများဖြစ်တဲ့ KNDF B/01၊ KNDF B/05၊ KNDF B/06၊ KNDF B/07 နဲ့ KNDF ဗဟိုဒရုန်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

နှစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နဲ့ လွိုင်ကော်မြို့နယ် အခြေစိုက်တပ်များဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ (၄) ရက်နေ့ ညနေ (၃) နာရီကျော်အချိန်မှာ တိုက်လေယာဥ်နဲ့ (၆) ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀) ဦးကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားပြီး စစ်ကောင်စီ တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂) လက်၊ MA-3 သေနတ် (၁) လက်နဲ့ ကျည်ဆံများ၊ ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

ဧပြီလ (၄)ရက်နေ့ တိုက်ပွဲအတွင်း KNDF B/06 တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး၊ ဒေါတငူး၊ တနီးလာလဲ ကျေးရွာတွေအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့များနဲ့ KA ၊ KNDF တပ်ပေါင်းစုများအကြား မတ်လကစတင်ပြီး ဒီနေ့အထိ နေ့စဥ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source: KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန /ဓာတ်ပုံ။ KNDF စာမျက်နှာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 0 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 10 Views
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဇူလိုင်လ (၁၂)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့
မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 21 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ ကျေးရွာတွေမှာ ဖမ်းဆီးခံရသူ (၁၃၀၆)ဦး၊
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 14 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။ အဲ့ဒီကြေညာချက်ထဲ
မြန်မာသတင်း

တိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့ရှိ ကျေးရွာ (၇)ရွာက ပြည်သူ (၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ဇူလိုင်လ (၁၂)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့ကစပြီး စစ်ကိုင်းမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာက ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ရွေးကောက်ပွဲကိစ္စ ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးရုံး အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပက ကြံ့ဖွတ်ရုံးမှာ ရွေးကောက်ပွဲကိစ္စတွေ လုပ်နေတာကြောင့် အဝေးပစ်လောင်ချာ
မြန်မာသတင်း

ဇွန်လထဲ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇၀)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 27 Views
ဇူလိုက်လ (၁၁)ရက်။ ပြီးခဲ့တဲ့ ဇွန်လထဲ စစ်ကောင်စီဘက်က လက်နက်ချ၊ အလင်းဝင်၊ ဖမ်းဆီးခံရသူ (၂၇၀)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ အလင်းဝင်လာသူ (၁၁၁)ဦးရှိခဲ့ပြီး တနင်္သာရီ၊ မွန်၊ ရန်ကုန်၊ မကွေး၊
မြန်မာသတင်း

(၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီ လေကြောင်းနဲ့ (၇)ကြိမ် ဗုံးကြဲ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ကလေးငယ်အပါအဝင် ပြည်သူ (၆)ဦးသေဆုံးပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ဇူလိုင်လ (၁၁)ရက်။ အခု (၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ