နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့ရင်ပြင်နှင့် စမ်းချောင်းရဲစခန်းရှေ့ သင်္ကြန်မဏ္ဍပ် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ ဗဟိုမဏ္ဍပ်နှင့် စမ်းချောင်းရဲစခန်းရှေ့ သင်္ကြန်ရေကစားမဏ္ဍပ် တို့ကို ဧပြီ (၈) ရက် ညပိုင်းမှာ အဝေးထိန်းဗုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တယ်လို့ Dark Shadow (YGN UG) အဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။

စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းပေါ် စမ်းချောင်းရဲစခန်းရှေ့ရှိ ရေကစားမဏ္ဍပ် နဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်းရှိ ဗဟိုမဏ္ဍပ် တို့ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အထိအခိုက်အခြေအနေများကို မသိရသေးပါဘူး။ Dark Shadow (YGN UG) တို့အဖွဲ့ဝင်အားလုံး ဘေးလွတ်ရာသို့ ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြည်သူ့ရင်ပြင်နှင့် စမ်းချောင်းရဲစခန်းအနီးသို့ စစ်ကားအများအပြား ရောက်ရှိ၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

( စစ်ကောင်စီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဥ်။ ဓာတ်ပုံ – PS)

“မကြာမီ ကျရောက်မည့် သင်္ကြန်ပွဲကာလအတွင်းတွင်လည်း စစ်ကောင်စီကို အခွန်ပေးဆောင် ပြုလုပ်နေသည့် သင်္ကြန်ပါတီပျော်ပွဲ၊ ရွှင်ပွဲများနှင့် စစ်ကောင်စီကိုယ်စားပြု မြို့နယ်ရေကစားမဏ္ဍပ် များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်သည်။ မိဘပြည်သူများ တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ပေးကြပါ။ စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲကို မပါဝင်ကြပါနဲ့။ ဆန့်ကျင်ပါရန် ကျွန်ုပ်တို့ Dark Shadow (YGN UG) မှ မေတ္တာရပ်ခံအပ်ပါသည် ” လို့ ရေးသားထုတ်ပြန်ထားတာပါ။

Dark Shadow အဖွဲ့သည် သင်္ကြန်ကာလတွင်ပြုလုပ်မည့် ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာဒီဂျေများပါဝင်ခြင်းမပြုရန်လည်း သတိပေးထုတ်ပြန်ထားပါသေးတယ်။

Dark Shadow (YGN UG) အဖွဲ့အနေဖြင့် စစ်ကောင်စီမှ ကျင်းပသော သင်္ကြန်ပွဲကို လက်မခံကြောင်းနှင့် စစ်ကောင်စီအားပေးထောက်ခံသော သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 94 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 74 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 63 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 59 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို