နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

Swallow PDF မကွေး စခန်းတာဝန်ခံ ဗိုလ်ပျံလွှား ခေါ် ဗိုလ်ရဲနိုင်ကို မင်းတုန်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒု-ခေါင်းဆောင်က သေနတ်နှင့်ပစ်သတ်

၂ဝ၂၃ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ငကုန်းကျေးရွာမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (၄) ဦးက Swallow PDF မကွေး စခန်းတာဝန်ခံ ဗိုလ်ပျံလွှားကို အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားသည့်အတွက် မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့၊ ငကုန်းကျေးရွာအတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ အစည်းအဝေး တက်ရောက်ရန် မနက် (၈) နာရီခန့်တွင် ဗိုလ်ရဲနိုင်နှင့်အဖွဲ့က ဆိုင်ကယ်များဖြင့် သွားရောက်ခဲ့သည်။

အစည်းဝေး ကျင်းပမည့်ကျောင်းသို့ ဆိုက်ရောက်ရာတွင် ကလေး၊ အမျိုးသမီး အပါအဝင် ရပ်ရွာမှ ပြည်သူများလည်း ရောက်ရှိနေကြောင်း သိရှိရပါသည်။


အစည်းအဝေးမစတင်မီ မင်းတုန်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒု-ခေါင်းဆောင် ကိုဒေါင်းသည် M-4 သေနတ်ဖြင့် စာသင်ကျောင်းတံခါးပေါက်မှ ဝင်ရောက်လာပြီး ဗိုလ်ရဲနိုင်၏ ဘယ်ဘက်ရင်အုံကို သေနတ် (၁) ချက် ပစ်ခတ်ခဲ့ရာ ဗိုလ်ရဲနိုင်သည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းပေးသူထံမှ သိရှိရသည်။

ယင်းဖြစ်စဉ်သည် ကလေး၊ အမျိုးသမီး အပါအဝင် ရပ်ရွာပြည်သူများနှင့် Swallow PDF အဖွဲ့ဝင်များ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့ ပစ်ခတ်ရာတွင် (ပကဖ) ဒု-ခေါင်းဆောင် ကိုဒေါင်းက NUG ၏ အထက်အမိန့်အရဟု ပြောကြားခဲ့ကြောင်း မျက်မြင်သက်သေများထံမှ သိရှိရပါသည်။


ဗိုလ်ရဲနိုင် ကျဆုံးအပြီး မတ်လ (၂၈) ရက်နေ့ နေ့လည် (၂) နာရီကျော်တွင် Swallow PDF ရဲဘော်များအား ကျန်ရှိနေသည့် လက်နက်များ အပ်နှံရန် တောင်းဆိုပြီး မပေးလျှင် တိုက်ပြီး ယူမည်ဟု ချိန်းခြောက်ခံရကြောင်း သိရှိရပါသည်။


မတ်လ (၂၈) ရက်နေ့ ညဘက်တွင် မင်းတုန်းပြည်သူ့ကာကွယ်ရေးတပ် ဆလိုင်းအာကာနှင့်အဖွဲ့က စစ်ဘေးရှောင်မိသားစုများကို ဖမ်းဆီးခဲ့ပြီး လက်နက်နှင့် လဲလှယ်ရန် ခြိမ်းခြောက်ခံရကြောင်း သိရှိရပါသည်။ အကြိမ်ကြိမ် ခြိမ်းခြောက်လာသဖြင့် နောက်ဆုံးတွင် M 16, AK47 နှင့် စစ်ဘေးရှောင်မိသားစုများနှင့် လဲလှယ်ခဲ့ရကြောင်း သိရှိရပါသည်။


ဗိုလ်ရဲနိုင်မှာ ၂၁၂၁ ဇွန်လတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ တာဝန်ရှိသူများ၏ အကူညီတောင်းခံမှုကြောင့် စေလွှတ်တာဝန်ပေးခဲ့သည့် ကရင်ပြည်နယ်အခြေစိုက် ABSDF – UNRA မှ တပ်မှူးတစ်ဦး ဖြစ်ကြောင်း သိရှိရပြီး ဗိုလ်ရဲနိုင် အသတ်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူပေးရန် ABSDF – UNRA မှ NUG သို့ တောင်းဆိုထားကြောင်း သိရှိရပါသည်။


ခေတ်မျက်လုံးသတင်းဌာနအနေနှင့် မြေပြင်တွင် ဆက်လက်စုံစမ်းနေပြီး အသေးစိတ် သိရှိရပါက နောက်ဆက်တွဲ အခြေအနေများကို တင်ပြပေးသွားပါမည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ ကမ္ဘာမကြေဘူး” သီချင်းရေးစပ်ခဲ့တဲ့ တေးရေး နိုင်မြန်မာ ကွယ်လွန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် သန်လျင်မြို့်ရှိ နေအိမ်မှာ တေးရေး နိုင်မြန်မာ ကွယ်လွန်သွားခဲ့တယ်လို့
မြန်မာသတင်း

ရွှေကုက္ကိုလ်နယ်မြေထဲ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်းပေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇)ရက်။ မြဝတီ-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲက လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီက ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက်မပြည့်သူတွေ မပါဝင်စေဖို့ စစ်ကောင်စီပြောဆိုချက် လက်တွေ့နဲ့ကွဲလွဲနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၇)ရက်။ ပြည်သူ့စစ်မှုထမ်းတွေ ဆင့်ခေါ်ရာမှာ အသက်(၁၈)နှစ် မပြည့်သေးသူတွေ မပါဝင်အောင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး မောင်မောင်အေးက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကာ တစ်နှစ်နီးပါးအကြာမှာတော့
မြန်မာသတင်း

လက်နက်ကိုင်အဖွဲ့တွေ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၇)ရက်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ နယ်မြေဒေသတွေက ဒေသခံပြည်သူတွေဟာ နိုင်ငံနဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ တိုက်ခိုက်တာတွေကို စိတ်ကုန်မုန်းတီးနေကြပြီလို့
မြန်မာသတင်း

နောင်ချို သပြေတောင်ဘုရားကုန်း ဗုံးကြဲခံရပြီး ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီ (၂၀)မိနစ်အချိန်က နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချို သပြေတောင်ဘုရားကုန်းပေါ်ကို စကစက လေကြောင်းကနေ
မြန်မာသတင်း

ပဲခူးရိုးမတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး (၁၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၉)နာရီခန့်က အုတ်ဖိုမြို့အပိုင် ပဲခူးရိုးမထဲမှာ အင်အား (၃၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုတ်ဖိုအပိုင် ပဲခူးရိုးမထဲက
မြန်မာသတင်း

တော်လှန်ရေးတပ်အချို့ CoC အောက်က နုတ်ထွက်တာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှုမရှိလို့ဟုဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၆) ရက်။ တော်လှန်ရေးတပ်အချို့ CoC အောက်ကနေ နုတ်ထွက်တာဟာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့်လို့ Generation Z-Loikaw ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ ရှမ်းတောင်က တပ်ရင်း(၂)ခုအပါအဝင်
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က လယ်ဒိုမြို့နယ်ရှိ အလှိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မီးလောင်ဗုံးတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလှိုင်ရွာထဲကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)က ၁၂၀မမ