နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

Swallow PDF မကွေး စခန်းတာဝန်ခံ ဗိုလ်ပျံလွှား ခေါ် ဗိုလ်ရဲနိုင်ကို မင်းတုန်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒု-ခေါင်းဆောင်က သေနတ်နှင့်ပစ်သတ်

၂ဝ၂၃ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ငကုန်းကျေးရွာမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (၄) ဦးက Swallow PDF မကွေး စခန်းတာဝန်ခံ ဗိုလ်ပျံလွှားကို အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားသည့်အတွက် မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့၊ ငကုန်းကျေးရွာအတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ အစည်းအဝေး တက်ရောက်ရန် မနက် (၈) နာရီခန့်တွင် ဗိုလ်ရဲနိုင်နှင့်အဖွဲ့က ဆိုင်ကယ်များဖြင့် သွားရောက်ခဲ့သည်။

အစည်းဝေး ကျင်းပမည့်ကျောင်းသို့ ဆိုက်ရောက်ရာတွင် ကလေး၊ အမျိုးသမီး အပါအဝင် ရပ်ရွာမှ ပြည်သူများလည်း ရောက်ရှိနေကြောင်း သိရှိရပါသည်။


အစည်းအဝေးမစတင်မီ မင်းတုန်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒု-ခေါင်းဆောင် ကိုဒေါင်းသည် M-4 သေနတ်ဖြင့် စာသင်ကျောင်းတံခါးပေါက်မှ ဝင်ရောက်လာပြီး ဗိုလ်ရဲနိုင်၏ ဘယ်ဘက်ရင်အုံကို သေနတ် (၁) ချက် ပစ်ခတ်ခဲ့ရာ ဗိုလ်ရဲနိုင်သည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းပေးသူထံမှ သိရှိရသည်။

ယင်းဖြစ်စဉ်သည် ကလေး၊ အမျိုးသမီး အပါအဝင် ရပ်ရွာပြည်သူများနှင့် Swallow PDF အဖွဲ့ဝင်များ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့ ပစ်ခတ်ရာတွင် (ပကဖ) ဒု-ခေါင်းဆောင် ကိုဒေါင်းက NUG ၏ အထက်အမိန့်အရဟု ပြောကြားခဲ့ကြောင်း မျက်မြင်သက်သေများထံမှ သိရှိရပါသည်။


ဗိုလ်ရဲနိုင် ကျဆုံးအပြီး မတ်လ (၂၈) ရက်နေ့ နေ့လည် (၂) နာရီကျော်တွင် Swallow PDF ရဲဘော်များအား ကျန်ရှိနေသည့် လက်နက်များ အပ်နှံရန် တောင်းဆိုပြီး မပေးလျှင် တိုက်ပြီး ယူမည်ဟု ချိန်းခြောက်ခံရကြောင်း သိရှိရပါသည်။


မတ်လ (၂၈) ရက်နေ့ ညဘက်တွင် မင်းတုန်းပြည်သူ့ကာကွယ်ရေးတပ် ဆလိုင်းအာကာနှင့်အဖွဲ့က စစ်ဘေးရှောင်မိသားစုများကို ဖမ်းဆီးခဲ့ပြီး လက်နက်နှင့် လဲလှယ်ရန် ခြိမ်းခြောက်ခံရကြောင်း သိရှိရပါသည်။ အကြိမ်ကြိမ် ခြိမ်းခြောက်လာသဖြင့် နောက်ဆုံးတွင် M 16, AK47 နှင့် စစ်ဘေးရှောင်မိသားစုများနှင့် လဲလှယ်ခဲ့ရကြောင်း သိရှိရပါသည်။


ဗိုလ်ရဲနိုင်မှာ ၂၁၂၁ ဇွန်လတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ တာဝန်ရှိသူများ၏ အကူညီတောင်းခံမှုကြောင့် စေလွှတ်တာဝန်ပေးခဲ့သည့် ကရင်ပြည်နယ်အခြေစိုက် ABSDF – UNRA မှ တပ်မှူးတစ်ဦး ဖြစ်ကြောင်း သိရှိရပြီး ဗိုလ်ရဲနိုင် အသတ်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူပေးရန် ABSDF – UNRA မှ NUG သို့ တောင်းဆိုထားကြောင်း သိရှိရပါသည်။


ခေတ်မျက်လုံးသတင်းဌာနအနေနှင့် မြေပြင်တွင် ဆက်လက်စုံစမ်းနေပြီး အသေးစိတ် သိရှိရပါက နောက်ဆက်တွဲ အခြေအနေများကို တင်ပြပေးသွားပါမည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို