နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

အလုံ ဓာတ်အားခွဲရုံ မီးလောင်ကျွမ်းမှု ရန်ကုန်မြို့နေလူထု စိုးရိမ်မှုမြင့်တက်နေ

လျှပ်စစ်မီးပုံမှန် မဟုတ်သဖြင့် ရန်ကုန်မြို့တွင် မီးလာသည့်အချိန်နောက်လိုက်ကာ လုပ်ငန်းဆောင်တာများလုပ်ဆောင်နေရသဖြင့် လုပ်ငန်းခွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ််လျက်ရှိနေ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းက အလုံဓာတ်အားခွဲရုံမှာ ဧပြီလ (၈) ရက်နေ့ ညနေ (၆) နာရီ၊ ၃၅ မိနစ် အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ည (၇) နာရီ (၁၈) မိနစ် အချိန်မှာ မီးငြိမ်းသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီဓာတ်အားခွဲရုံ မီးလောင်မှုကြောင့် လျှပ်စစ်မီး ပိုပြတ်တောက် လာနိုင်မှာကို ရန်ကုန်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လျှပ်စစ်မီးပုံမှန် မဟုတ်သဖြင့် ရန်ကုန်မြို့တွင် မီးလာသည့်အချိန်နောက်လိုက်ကာ လုပ်ငန်းဆောင်တာများလုပ်ဆောင်နေရသဖြင့် လုပ်ငန်းခွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ််လျက်ရှိနေ တာပဲ ဖြစ်ပါတယ်။

အဲဒီ အလုံဓာတ်အားခွဲရုံ မီးလောင်ခဲ့တာကြောင့် တမြန်မနေ့က ရန်ကုန်မှာ လျှပ်စစ်မီး ပုံမှန် မဟုတ်တော့ပဲ(ပုံမှန်မဟုတ်ဆိုသည်မှာ မီးပျက်သည့်အချိန် ပုံမှန်မဟုတ် ဟုဆိုလိုခြင်းဖြစ်ပါသည်။) မီးလာရမည့်အချိန်တွင်မလာတော့ဘဲ အချိန်တိုးကာ လျှပ်စစ်မီး ပြတ်တောက်မှုများ ရန်ကုန်မြို့နယ် နေရာ ‌အတော်များများမှာ ရုတ်ချည်း ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

” မီးကတော်တော်များတယ်။ မီးတွေလည်း ပြတ်နေတယ်။ မီးပြတ်တာ အ‌ခြေအနေပိုးဆိုးမယ်ထင်တယ်” ဟု မီးလောင်မှုဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သည့် ရန်ကုန်မြို့ခံတဦး‌ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက် ည ၉နာရီ ၂၁ မိနစ်အချိန်က ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သာယာကုန်း ပင်မဓာတ်အားခွဲရုံကို ဒရုန်း ဖြင့် ဗုံး (၁၀)လုံး ပစ်ချဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်််ာမှ ဓာတ်အားခွဲရုံအတွင်းရှိ ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးခဲ့ပြီး ဓာတ်အားစနစ် တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်ခဲ့ရတယ်လို့ မြန်မာနိုင်ငံလျှပ်စစ်ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။

တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းအချိန်တွေကတည်းက နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် လို့ ခေါ် ရတဲ့ ရန်ကုန်မြို့ကြီးမှာ အလှည့်ကျ မီးပေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေး အသုံးစရိတ်ကို တိုးမြှင့်ထားပြီး ဒေသအလိုက် အသေးစား ရေအားလျှပ်စစ်စီမံကိန်း တွေ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး လုပ်ငန်းနဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်ရေးတွေလည်း ဆောင်ရွက်မယ်လို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက် နေပြည်တော် အစည်းအဝေးမှာ ထည့်သွင်းပြောဆိုထားပါတယ်။

ရန်ကုန်မှာ ဆိုးဆိုးဝါးဝါး လျှပ်စစ် မီးပြတ်တောက်မှုတွေလည်း ဖြစ်နေလို့ ရန်ကုန်နေ ပြည်သူများ နေရေးထိုင်ရေး အဆင်မပြေဘဲ ဒုက္ခရောက်နေကြကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 97 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို