နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်း ပြည်နယ်ထဲကို စစ်တပ်ဗုံးကြဲမှုမှာ အရပ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ CNF ပြော

ချင်းပြည်နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ကောင်စီတပ်က ပြုလုပ်တဲ့ဗုံးကြဲတိုက်ခိုက်မှုတွေမှာ အရပ်သား ၂၄ ဦးသေဆုံးပြီး နောက်ထပ် ၃၃ ဦးဒဏ်ရာရခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးဌာနချုပ်က မေ (၉)ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကလည်း ဗားရ်စခန်းက စစ်ကောင်စီစခန်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်ဖို့လာတဲ့စစ်ကောင်စီတိုက်လေယာဥ်ဟာ အပြန်ခရီးမှာ ဝေဘူလမြို့ပေါ်ကို ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် အရပ်သား သေဆုံးသူ ၉ ဦးထက်မနည်းရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်လအတွင်း တီးတိန်၊ ထန်တလန်၊ မင်းတပ်၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်တွေမှာ ဗုံးအလုံးရေ ၁၂၀ ကျော်ကို လေယာဥ်နဲ့ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးဟားခါး၊ ဖလမ်းနဲ့ ထန်တလန်မြို့နယ်တွေမှာ အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ တပ်ရဲ့ ဗုံးကြဲခံရလို့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၄ ဆောင်အပါအဝင် လူနေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲ အခုနှစ်အစောပိုင်းကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Era’sEyes /photo-CNF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 9 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil
မြန်မာသတင်း

ရေးမြို့ရှိ စကခ(၁၉)အနီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 8 Views
(၃)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ဦးခန့် သေဆုံးခဲ့ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၉)ရက်နေ့ကစပြီး (၁၁)ရက်နေ့အထိ ရေးမြို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီး (၄)မိုင်အကွာမှာ
မြန်မာသတင်း

မန္တလေးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်ရာက သေ‌ဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၅)နာရီခွဲအချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ‌မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ဖြစ်တာက ပြည်ကြီးတံခွန် (၁၂၅)လမ်း၊ (၅၉)နဲ့
မြန်မာသတင်း

ရန်ကုန်မှာ အငှားယာဉ်မောင်းတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ည (၉)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ အငှားယာဉ်မောင်း အမျိုးသားတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒေါပုံ ဇေယျာသီရိ(၆)လမ်းထိပ် ပေ(၈၀)လမ်းပေါ်မှာ တက္ကစီကားပေါ်
မြန်မာသတင်း

ဖားကန့်မှာ ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုရှိ စပေါ့ကျေးရွာအနီး ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့တယ်လို့ မြေပြင်ကူညီပေးနေတဲ့ လူမှုကုညီရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စပေါ့ရွာမှာ ရွှံ့နွံကန်ပြိုကျတာမှာ (၃)ရက်ထဲ ရှာဖွေခဲ့တာ ရွံတွေအောက်ကနေ သေဆုံးအလောင်းတွေ
မြန်မာသတင်း

ကော့ကရိတ်မြို့မှာ စစ်ကောင်စီဒရုန်းကြောင့် အရပ်သားတစ်ဦး သေ‌ဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကမိုင်ကုန်းကျေးရွာကို ဒရုန်းဗူံတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောင်းမရွာအုပ်စု ကမိုင်ကုန်းရွာကို စကစက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

ပုံနှိပ်ထုတ်ဝေသူတွေ ဥပဒေဖောက်ဖျက်ရင် တရားစွဲမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ဥပဒေစည်းကမ်းချက်တွေ ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ တရားစွဲမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုံနှိပ်တာနဲ့ ထုတ်ဝေတဲ့လုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ထုတ်ဝေစာတွေကို ဖတ်ရှုလေ့လာစိစစ်ပြီး ကြပ်မတ်စိစစ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။
မြန်မာသတင်း

မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦး ပွဲချင်းပြီးသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည(၉)နာရီခွဲကျော်အချိန်က မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ နမခတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာအခြေစိုက်