နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အင်ဒိုနီးရှားသမ္မတ ပြောကြား

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ အရေးတကြီးလိုအပ်နေ​တယ်လို့အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) က ပြောကြားလိုက်ပါတယ်။

မေ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ပြည်သူတွေဟာ ပဋ္ဋိပက္ခရဲ့ဓားစာခံဖြစ်လာတာကြောင့် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရမှာ ဖြစ်တယ်လို့ ဂျိုကိုဝီဒိုဒိုက ပြောတယ်လို့ Antara သတင်းက ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ပဋ္ဋိပက္ခဖြစ်ပွားတဲ့ နေရာတွေဆီကို လူသားချင်းစာနာမှု အကူအညီပေးဖို့ အခက်အခဲရှိတာကို ဝမ်းနည်းကြောင်းလည်း အလေးအနက်ထား ပြောကြားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ မေ ၇ ရက် မနက်ပိုင်းက အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေးယာဉ်တန်း ပစ်ခတ်ခံရမှုကိုလည်း အင်ဒိုနီးရှား သမ္မတက ပြစ်တင်ရှုတ်ချပါတယ်။

ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘယ်သူရှိမှန်း ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားကြောင်း ရိုက်တာသတင်းက မေ ၉ ရက်မှာ ဖော်ပြထားပါတယ်။

Era’sEyes/အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတက်ရောက်လာသော အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတူပီလမ်းပိုင်းတွေကို အကန့်အသတ်မရှိပိတ်ထားတယ်လို့ CDF-မတူပီ ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 2 Views
ဇွန်လ (၂၀)ရက်။ မတူပီလမ်းပိုင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ CDF-မတူပီရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတူပီမြို့မှာ စစ်ကောင်စီစခန်းတွေကို သိမ်းယူနိုင်ဖို့
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်အသုံးစရိတ်ဆိုပြီး စစ်ကောင်စီက အရပ်သားအိမ်တွေကို ဆက်ကြေးကောက်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 2 Views
ဇွန်လ (၂၀)ရက်။ ဆီဆိုင်မြို့မှာ စစ်အသုံးစရိတ်ဆိုပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အရပ်သားအိမ်တွေကို ဆက်ကြေးကောက်ခဲ့တယ်လို့ PNLA ရဲ့
မြန်မာသတင်း

NUG ကိုယ်စားလှယ်ရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦး အလုပ်ထုတ်ခံရ

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 4 Views
ဇွန်လ (၂၀)ရက်။ NUG ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေကြောင့် တိုင်ကြားခဲ့တဲ့ ဝန်ထမ်းအမျိုးသမီး ရာထူးက ရပ်ဆိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးဟာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးရဲ့ အတွင်းရေးမှူးအနေနဲ့
မြန်မာသတင်း

ပဲခူးမြို့က ဝင်းနိမ္မိတာရုံဆရာတော်ကို PDF တွေ ပစ်ခတ်တာဆိုပြီး စစ်ကောင်စီဗြောင်လိမ်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 5 Views
ဇွန်လ (၂၀)ရက်။ ပဲခူးမြိုက ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘန္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါလာတဲ့ကားကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့သာသနာရေးဘက်က သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဇွန်လ (၁၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကန်သုံးဆင့်ဆရာတော်နဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်တို့ဟာ ရန်ကုန်ကနေ လေယာဉ်နဲ့ မန္တလေး တံတားဦးလေဆိပ်ကို
မြန်မာသတင်း

ဆောထိမြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား(၂)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 19 ရက်
  • 48 Views
ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၄)ရက်နေ့က ဆောထိမြို့ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ၁၂၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညောင်လေးပင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၂၀)က နံနက်(၄)နာရီခွဲအချိန်မှာ ၁၂၀မမ
မြန်မာသတင်း

မန္တလေးမြို့မှာ ပန်းပန်ထားတဲ့ အရပ်သားအမျိုးသမီးတွေကို စစ်ကောင်စီ ဖမ်းဆီး

  • 2024 ခုနှစ်၊ ဇွန်လ 19 ရက်
  • 45 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ ဇွန်လ (၁၉)ရက် နံနက်ပိုင်းက မန္တလေးမြို့မှာ ပန်းပန်ထားတဲ့ အမျိုးသမီးအချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ ပန်းပန်ထားတဲ့ အရပ်သားအမျိုးသမီးတွေကို ဒူးထောက် ဖမ်းဆီးထားတဲ့ပုံတွေနဲ့အတူ စစ်လော်ဘီတွေက သူတို့ရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ
မြန်မာသတင်း

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ စုကလိစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 19 ရက်
  • 10 Views
ဇွန်လ (၁၉)ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ စုကလိစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ Special Operation Group-SOG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်အား(၅၀)ဝန်းကျင်ရှိတဲ့ စစ်ကောင်စီရဲ့ စုကလိခြေကုတ်စခန်းကို KNLA ဦးဆောင်တဲ့
မြန်မာသတင်း

တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်မှာတွေ့ဆုံ

  • 2024 ခုနှစ်၊ ဇွန်လ 19 ရက်
  • 4 Views
ဇွန်လ (၁၉)ရက်။ မနေ့က တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံချိန်မှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာဖို့အပါအဝင် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး